ထားဝယ်ဒေသမှ လယ်သိမ်းဆည်းခံတောင်သူများ အာဏာပိုင်နှင့် ကုမ္ပဏီများကို ကျိန်စာတိုက်
ထားဝယ်- ထားဝယ်မြို့မှ လယ်သိမ်းဆည်းခံ တောင်သူလယ်သမားငါးဆယ်ခန့်က ၎င်းတို့ လယ်ယာမြေများအပေါ်တွင် လာရောက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အာဏာပိုင်များကို ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျိန်စာတိုက်ပွဲကို ဖေဖော်ဝါရီ ၈ ရက်က ဆောက်လုပ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေသော လယ်သမား ဦးကြူလွင်၏ လယ်ကွင်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သိမ်းဆည်းခံ လယ်ယာမြေများအတွက် နစ်နာကြေးများနှင့် စီမံကိန်းဆောင်ရွက်ခြင်းမရှိသေးသော လယ်ယာများကို လယ်ယာမြေလုပ်ကိုင်ခွင့် ပြန်လည်ပေးအပ်ရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုခြင်း၊ ဆန္ဒ ထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက တုံ့ပြန်မှုတစ်စုံတစ်ရာ မပြုသည့်အပြင် ကန်ထရိုက်ကုမ္ပဏီများက ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အရှိန်ဟုန်မြှင့်ဆောင်ရွက်နေသောကြောင့် ထိုသို့ပြုလုပ်ရခြင်းဖြစ်ကြောင်း လယ်သမားများက ပြောကြားသည်။
အဆိုပါ လယ်မြေများကို ထားဝယ်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အတွက် ၁၉၉၀ပြည့်နှစ်တွင် သိမ်းဆည်းသည်ဟု သိရပြီး သိမ်းဆည်းခံတောင်သူများအား လယ်သုံးဧကတွင် ပေ ၆၀x ၄၀ မြေကွက်တစ်ကွက်သာ ပြန်လည်ပေးအပ်သဖြင့် မကျေနပ်ကြကြောင်း လယ်သမားများပြောသည်။
အဆိုပါ ပြန်လည်နေရာချထားမည့် နေရာသည် ချောင်ကျခြင်း၊ ရေဝပ်နေရာဖြစ်ခြင်း၊ လယ်တစ်ဧကတွင် အဆိုပါမြေကွက် ရှစ်ကွက် ရနိုင်ခြင်းတို့ကြောင့် လယ်သမားများက ပိုမိုအဆင်ပြေသောနေရာတွင် ပေ ၆၀ x ၈၀ မြေကွက်များ ပြန်လည်ပေးအပ်ရန် တောင်းဆိုထားကြောင်း သတင်းရရှိသည်။
လယ်သမား ၆၀ ကျော်နှင့် တာဝန်ရှိသူတို့ မြို့တော်ခန်းမ၌ တွေ့ဆုံဆွေးနွေးစဉ် ပြန်လည်ပေးအပ်မည့် မြေကွက်များကို လက်ခံသူ ခြောက်ဦးရှိခဲ့ပြီး လက်မခံသူများကို တရားရုံးတွင် တွေ့ဆုံမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးတင်သိန်းက ပြောကြားကြောင်း သတင်းရရှိသည်။
“အဓိကကတော့ သိမ်းဆည်းခံလယ်သမားတွေကို ကူညီမယ့်သူမရှိတော့ဘူး။ ဒါကြောင့် နေမင်းနဲ့ လမင်းကို အကူအညီတောင်းခံရတဲ့သဘောပေါ့။ ကျွန်မတို့ကို အပြင်မှာ ဖိနှိပ်လို့ရပေမယ့် ကျွန်မတို့ လယ်သမားတွေရဲ့ စိတ်ခံစားမှုကို ဘယ်သူကမှ ထိန်းချုပ်လို့မရဘူး။ ဒါကြောင့် ခံစားချက်တွေကို ဖွင့်ချတာပေါ့။ တကယ်လည်း ခံစားရလို့ပါ” ဟု လယ်မြေများ သိမ်းဆည်းခံထားရသော ဒေါ်ရွှေစင်ယုက ပြောကြားသည်။
အဆိုပါလယ်သမားများက သိမ်းဆည်းခံလယ်မြေများအတွက် ဖျက်ဆီးသော အာဏာပိုင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများသည် သံသရာအဆက်ဆက်၊ ဆွေမျိုးခုနစ်ဆက်တိုင်အောင် ဘေးဒုက္ခအမျိုးမျိုး၊ စိတ်သောကအမျိုးမျိုးရပါစေဟု ကျိန်စာတိုက်ပြီး သေရာမပါသော မြေများ သိမ်းယူခြင်းကြောင့် တမလွန်ဘဝတွင် မြေစောင့်သရဲများ ဖြစ်ပါစေဟု ဆုတောင်းခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဘဝအဆက်တိုင်း ခရိုနီ၊ အာဏာပိုင်များ နိုင်ထက်ပြုခြင်းမှ ကင်းဝေးပါစေကြောင်း ဆုတောင်းခဲ့သည်။
လက်ရှိတွင် ဆန္ဒပြကန့်ကွက်နေသော လယ်မြေများ၌ ပြည့်စုံမင်းဟိန်း၊ တင်အောင်၊ Super Local ကုမ္ပဏီများ အပါအဝင် ဆောက်လုပ်ရေးကုမ္ပဏီ ခြောက်ခုက မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအဖြစ် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းနှင့် ပေ ၆၀၊ ပေ ၄၀ လမ်းများ ဖောက်လုပ်နေသည်။
သိမ်းဆည်းခံ တောင်သူလယ်သမား ၁၀၀ စီ ပါဝင်သော ဆန္ဒပြမှုများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီ အတွင်း ပြုလုပ်ခဲ့သည်။ ယင်းကျိန်စာတိုက်ပွဲသည် ထားဝယ်ဒေသရှိ သိမ်းဆည်းခံတောင်သူလယ်သမားများအနေဖြင့် ပထမဆုံး ပြုလုပ်ခြင်းဖြစ်သည်။
ဓာတ်ပုံ - စိုးမိုးအောင်
REF: 7Day News Journal
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026