မုန်တိုင်းမိုးကြောင့် ရေစကြိုပြောင်းစိုက်တောင်သူများ အခက်အခဲတွေ့
ဘင်္ဂလားပင်လယ်အော်တွင် မေလ ၃ဝ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်း၏ အရှိန်ကြောင့် မိုးရွာသွန်းမှု များခဲ့သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ပြောင်းစိုက်တောင်သူများ အခက်အခဲ ကြုံတွေ့ခဲ့ရသည်။
ဇွန်လပထမပတ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စိုက်ပျိုးထားသည့် ပြောင်းခင်းဧကများစွာ ရေနစ်မြုပ်ခဲ့ပြီး အခြောက်ခံထားသည့် ပြောင်းဖူးများလည်း ရေစိုပျက်စီးခဲ့ရသည်ဟု ရေစကြိုမြို့နယ် ပေါက္ကူကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးအေးကိုက ပြောသည်။
“ဒီနှစ်မှာပဲ မိုးသည်းတာ နှစ်ကြိမ်ရှိသွားပြီ။ ချိုးရမယ့်ပြောင်းခင်းတွေ၊ အစေ့ လှန်းရမယ့်ဟာတွေကို ထိခိုက်ကုန်တာပေါ့။ ချိုးရမယ့်ပြောင်းခင်းတွေကို အချိန်တွေရက်တွေ လွန်ကုန်ပါတယ်” ဟု ၎င်းက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်း၍ နေလှန်းထားသောပြောင်းဖူးများကို အထုတ်အသွင်းလုပ်ရသည့် အလုပ်သမား စရိတ်များ၊ ပြောင်းဖူးများ အညှောင့်ထွက်မည် စိုးရိမ်သောကြောင့် ဝါးကပ်များ ဝယ်ယူရသည့် စရိတ်များ မလိုအပ်ဘဲ ကုန်ကျနေသည်ဟု ၎င်းကပြောသည်။
၎င်းက ပြောင်း ၁၀ ဧက စိုက်ပျိုးပြီး တချို့တစ်ဝက်ကို စတင်ရိတ်သိမ်းနေပြီဟု ပြောသည်။
တစ်ဧက အထွက်နှုန်းတင်း ၈၀ နှင့် ၁၀၀ ကြားထွက်ရှိပြီး တစ်တင်းလျှင် ကျပ် ၁၀,၈၀ဝ ပေါက်ဈေးရှိသည့် ပြောင်းဈေးကွက်မှာ မိုးရေထိခြင်းကြောင့် အရည် အသွေး လျော့နည်းသွားနိုင်ပြီး ဈေးကျသွားနိုင်သည်ဟု တောင်သူတို့က သုံးသပ်နေကြသည်။
လတ်တလော ပြောင်းဈေးကွက် ပြောင်းလဲမှု မရှိသေးသော်လည်း ရေထိထားသောပြောင်းစေ့များမှာ ကျပ် ၄၀ဝ မှ ၅၀ဝ အတွင်း ဈေးနှုန်းအတက်အကျရှိနိုင်သည်ဟု ပေါက္ကူရွာနေ ပြောင်းတောင်သူ ဦးမျိုးမြင့်က ခန့်မှန်းသည်။
“ခုလောလောဆယ်တော့ ဈေးအတက်အကျ မရှိသေးဘူး။ ပြောင်းဖူးတွေလည်း ရေထဲမျောတာမျိုးပေါ့။ ပြောင်းဖူးက မိုးများတော့ အညှောင့်ထွက် မိုကပ်တာပေါ့။ ဈေးကွက်မှာ ဈေးလျှော့ခံရနိုင်တာပေါ့”ဟု ၎င်းကပြောသည်။
တောင်သူများအနေဖြင့် ရေလိုအပ်သည့်အချိန်တွင်ရေသွင်းရန် သွယ်တန်းထားသည့် ရေသွင်းမြောင်းများ၊ ရေမလိုအပ်သည့်အခါ လျှော့ချနိုင်မည့် ရေနုတ်မြောင်းများ စနစ်တကျထားရှိရန်လိုအပ်သည်ဟု စိုက်ပျိုးရေး ဦးစီးဌာန ရေစကြိုမြို့နယ် စိုက်ပျိုးရေးမန်နေဂျာဦးလှဌေးက ဆိုသည်။
၎င်းက သမားရိုးကျ နည်းစနစ်များကို ရှောင်ဖယ်ပြီး မူမမှန်သည့် ရာသီဥတုကို ရင်ဆိုင်သွားရန်နှင့် ခေတ်မီ စက်ကိရိယာတစ်ခုဖြစ်သည့် အခြောက်ခံစက်များကို အရစ်ကျ စနစ်ဖြင့် ဝယ်ယူကြရန် တောင်သူများကို တိုက်တွန်းသည်။
“ပုံမှန်ရာသီဥတုမျိုးမှာတောင်မှ အခြောက်ခံစက်ရှိခဲ့ရင် နေပူကို စောင့်နေစရာမလိုတော့ဘူးပေါ့။ ချက်ချင်း အရည်အသွေး မကျအောင် အခြောက်ခံစက်ထဲထည့်ပြီးရင် သိမ်းလိုက်လို့ရတာပဲ” ဟု ၎င်းက ဆိုသည်။
တောင်သူများအတွက် စက်ပစ္စည်းများကို လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်သမအသင်းစုတို့ထံတွင် တောင်သူအစုအဖွဲ့များကဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်သည်ဟု ၎င်းက ဆိုသည်။
ရေစကြိုမြို့နယ်တွင် စိုက်ပျိုးမြေ ၁၂၃,၀၆၁ ဧကရှိပြီး စပါး၊ ပဲနှင့်ပြောင်းတို့ကို အများဆုံး စိုက်ပျိုးကြသည်ဟု ၎င်းကပြောသည်။
ပေါက္ကူရွာမှ ပြောင်းစိုက်တောင်သူ ဦးအောင်ကိုကမူ အစိုးရက စိုက်ပျိုးစရိတ်ချေးငွေများ ရရှိနေသော်လည်း စက်ယန္တရားနှင့်သက်ဆိုင်သည့် ချေးငွေများကို မရရှိခဲ့ဖူးကြောင်း ပြောသည်။
Source - ဖြိုးသီဟချို (Myanmar Now)
မောင်ဇော်ဦး
လွန်ခဲ့သော ၂ နှစ် ကဈေးကွက်သိချင်လို့ပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 0 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Myanmar Now
အားလုံး
"များများလည်း ထွက်ရမယ် ဈေးနှုန်းလည်း ချိုသာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်"
28/06/2018
လက်ဖက်ခြောက် ပိုကောင်းရန် နည်းလမ်းဟောင်းကို ပြုပြင်ရမည်
26/06/2018
ထန်းပင် ရာထောင်ချီဝယ်ယူသူနှင့် တွေ့ဆုံခြင်း (အင်တာဗျူး)
14/06/2018
အညာဒေသ ထန်းပင်အိုတို့၏ လားရာ
13/06/2018
အရှိန်ရလာသည့် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှု
07/06/2018