အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပထမဆုံးအကြိမ် မြန်မာ့ဖရဲသီးများ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ဒူဘိုင်း-UAE) သို့ တင်ပို့ရောင်းချမည့်ရက် ရွေ့ဆိုင်း

ပထမဆုံးအကြိမ် မြန်မာ့ဖရဲသီးများ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ဒူဘိုင်း-UAE) သို့ တင်ပို့ရောင်းချမည့်ရက် ရွေ့ဆိုင်း

    မြန်မာနိုင်ငံမှစိုက်ပျိုးထွက်ရှိသည့် ဖရဲသီးများကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ဒူဘိုင်း-UAE) သို့ ပထမဆုံးအကြိမ်တင်ပို့မည်ဟု သတ်မှတ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် (၁၃) ရက်နေ့သို့ ရွေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

အခုလာမယ့် ဒီဇင်ဘာ ၁၃ ရက်ကစပြီး မြန်မာ့ဖရဲသီးတွေကို ဒူဘိုင်းကို တင်ပို့တော့မှာ ဖြစ်ပါတယ်။ အစကတော့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ တင်ပို့ဖို့ စီစဉ်ထားခဲ့ကြတာပါ။ သင်္ဘောရက်ရွေ့သွားတဲ့အတွက် ၁၃ ရက်နေ့ကို နေ့ပြောင်းလိုက်ရတာပါ။ မြန်မာ့ဖရဲသီး တင်ပို့ရောင်းချမှုအနေနဲ့ အရှေ့အလယ်ပိုင်းဈေးကွက်ကို ဒါ ပထမဦးဆုံးအကြိမ် တင်ပို့တာပါ။ တရုတ်ဈေးကွက်တစ်ခုတည်းကို အားကိုးနေမယ့်အစား ဈေးကွက်သစ်တွေ ဖော်ဆောင်ဖို့ အများကြီးမျှော်လင့်ထားခဲ့ပါတယ်။ မိတ်ဆွေတွေရဲ့ဝိုင်းဝန်းကူညီမှုနဲ့ အသင်းရဲ့ကြိုးပမ်းမှုတွေကြောင့် အခုတော့ ဈေးကွက်သစ် ရရှိခဲ့ပါပြီ။

ဟု မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။

    မြန်မာ့ဖရဲသီးများ ပြည်ပသို့တင်ပို့ရောင်းချရာတွင် မူဆယ် (၁၀၅) မိုင်မှတဆင့် တရုတ်နိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ အဓိကထား အမှီပြုရောင်းချနေရသည့်အတွက် ယခုတင်ပို့မှုသည် မြန်မာ့ပထမဆုံး ဖရဲ၊ သခွားမွှေး Export ဈေးကွက်သစ် ဖော်ဆောင်နိုင်မှုလည်း ဖြစ်သည်။

မြန်မာနိုင်ငံကနေ ဖရဲသီးတွေတင်ပို့တဲ့အခါ တစ်ပါတည်း သခွားမွှေးသီးတွေကိုလည်း အမြည်းအနေနဲ့ ထည့်ပို့ပေးလိုက်ဖို့ စီစဉ်ထားပါတယ်။ ဒီတစ်ကြိမ်မှာ ဒူဘိုင်းကိုတင်ပို့တာ အဆင်ပြေသွားတာနဲ့ ကာတာနိုင်ငံ၊ စင်ကာပူနိုင်ငံတွေကိုပါ ဆက်လက်တင်ပို့သွားဖို့ စီစဉ်သွားကြမှာပါ။

ဟု ဦးနိုင်ဝင်းက ဆက်လက်ပြောသည်။

    ကနဦးတင်ပို့မှုအနေဖြင့် အစေ့မဲ့ဖရဲအမျိုးအစား ဖရဲသီး (၂၅) တန်ကို အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ဒူဘိုင်း-UAE) သို့ တင်ပို့မည်ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
ဦးတင်ထွန်း

ဦးတင်ထွန်း

လွန်ခဲ့သော ၅ နှစ် က

855 စိုက်ထားပါတယ် အလုံးကြီးမျိုးကောမဝယ်ဘူးလားခင်ဗျား

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ဘယ်မျိုးကဈေးကွက်ရှိလဲဖရဲက

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။