အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မကွေးတိုင်း၌ ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှု တိုးချဲ့များပြားလာ

မကွေးတိုင်း၌ ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှု တိုးချဲ့များပြားလာ

    ၂၀၂၀ခုနှစ် စိုက်ပျိုးရာသီချိန်တွင် မကွေးတိုင်း၌ ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှု ပိုမိုတိုးချဲ့များပြားလာကြောင်း ဒေသခံများက ပြောသည်။

စိုက်ပျိုးချိန်က မေလကနေ အောက်တိုဘာလအတွင်းပါ။ ဒီနှစ်မှာတော့ ငှက်ပျော စိုက်ပျိုးမှု စံချိန်တင် မြင့်မားလာတယ်။ အထူးသဖြင့် ဖီးကြမ်းငှက်ပျောကို စိုက်ပျိုးလာကြတယ်။ မကွေးတိုင်းမှာ ငှက်ပျောစီးပွားဖြစ်စိုက်ပျိုးရေးအတွက် ခြံသစ်တည်ပြီး တိုးချဲ့စိုက်ပျိုးသူတွေ များလွန်းလာပါတယ်။

ဟု မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်ဇလဲကျေးရွာမှ ကိုမောင်နိုင်က ပြောသည်။

    မကွေးတိုင်းဒေသကြီး ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း အစရှိသည့် ဒေသများ၌ ငှက်ပျောမျိုးပင်ဝယ်ယူမှု များပြားနေသဖြင့် မျိုးပင်ဈေးများလည်း မြင့်တက်လာကြောင်း မျိုးရောင်းချသူများက ဆိုသည်။

လက်ရှိမှာ မျိုးပင်တစ်ပင်ကို သုံးရာကျပ်နဲ့ရောင်းချနေတာပါ။ စလင်း၊ ဆင်ဖြူကျွန်းတောင်သူတွေ ငှက်ပျောကိုစိုက်လာကြတယ်။ ပွင့်ဖြူဘက်ကတောင်သူတွေလည်း တိုးချဲ့စိုက်လာတော့ မျိုးက အမြင့်ဆုံးဈေးကို ရောက်နေတယ်။

ဟု မကွေးတိုင်းမှ ငှက်ပျောပင် မျိုးရောင်းချသူတစ်ဦးက ပြောသည်။

    ဖီးကြမ်းငှက်ပျောစိုက်ပျိုးပါက တစ်ဧကအတွက် စိုက်ပျိုးကုန်ကျစရိတ် (၆) သိန်းကျပ်မှ (၉) သိန်းကျပ်အတွင်း ကုန်ကျနိုင်ပြီး ယခုကဲ့သို့ စိုက်ဧကတိုးချဲ့များပြားခြင်းကြောင့် ငှက်ပျောပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမည့် အခြေအနေအတွက် စိုးရိမ်မှုများလည်း ရှိနေသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

You

ဆက်စပ်မေးခွန်းများ

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။