အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တရုတ်ကြီးကို ပြန်ဆော်မယ်.....

တရုတ်ကြီးကို ပြန်ဆော်မယ်.....

Green Way
Green Way • Greenovator • 28/05/2018

မြန်မာနိုင်ငံက ဆန်ကို တရုတ်ကြီးက ၂၀၁၆/၁၇ နှစ်က သူတို့တောင်သူ အကျိုးစီးပွားကာကွယ်ဖို့ ကျနော်တို့နိုင်ငံက ဆန်အဝင်ကို သွင်းကုန်တန်ဖိုးရဲ့ ၈၀% အခွန်ကောက်ခဲ့လို့ (ကျနော်တို့တောင်သူတွေ စပါးဈေးတွေကျ ဒုက္ခရောက်ခဲ့ကြတာ မှတ်မိကြသေးရဲ့လားမသိဘူး)။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများဆုံးမို့ အိမ်တိုင်းလိုလို ဘုရားစင်မှာ ဘုရားပန်းကပ်လှု ပူဇော်နေကြတာကြောင့် အခြားပွဲလမ်းတွေမှာ သုံးတာရောပေါင်းလိုက်တော့ မြန်မာ့ပန်းဈေးကွက်က ဘယ်လောက်ကြီးတယ်ဆိုတာ မှန်းဆကြည့်ကြပါ။ နံနက်ပိုင်းအစောဆို တစ်ခါတစ်ခါ ရန်ကုန် သီရိမင်္ဂလာဈေးကြီးမှာဆို တရုတ်လီလီပန်းကားတွေက ဆယ်ဘီးကား အစီး၂၀ အထက်ရှိပါတယ် ပန်းတန်ဖိုးက မြန်မာငွေနဲ့တွက်ရင် ဘီလျံချီနေတာပါ။ ပြည်တွင်းတောင်သူတွေမှာတော့ အဲ့ပန်းတွေ ဝင်ချင်တိုင်းဝင်နေတာ အခွန် ၅% သာကောက်ခံနေတာကြောင့် ပြည်တွင်းပန်းဈေးကွက်ပျက်ပြီး စီးပွားရေးတွက်ချေမကိုက်လို့ ပန်းအဝယ်ဒိုင်တွေတောင် ရပ်ထားရတာ၂နှစ် ကျော် ၃နှစ် လောက်ရှိနေပါပြီ။

အခုကျနော်တို့ ပန်းစိုက်/ရောင်း အစုဖွဲ့ + ဌာန ကြောင့် တရုတ်ပြည်က အဝင်ပန်းကို သွင်းကုန်တန်ဖိုးရဲ့ ၅၀% ခန့် အခွန်ကောက်နေလို့ တရုတ်ပန်းတွေ အဝင်ကြဲလာပီး မြန်မာ့ပန်းဈေးကွက် ဦးပြန်မော့လာပါပြီ။ ပြည်တွင်းပန်းဈေးကွက် ပြန်ကောင်းလာလို့ ပန်းစိုက်တောင်သူတွေ စီးပွားရေးတွက်ခြေကိုက်လာတာသိရလို့ တောင်သူတွေကိုယ်စား အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ပန်းစိုက်တောင်သူ အစုအဖွဲ့နဲ့ စိုက်ထုတ်ရောင်းအဖွဲ့ ၂ဖွဲ့ ကျနော်တို့ ဌာန နဲ့ပေါင်းပီး အရွေ့တစ်ခုတွန်းနိုင်ခဲ့ပါပြီ။ အခြားသီးနှံတွေလည်း ကျန်နေပါသေးတယ် ဆက်လက်ကြိုးစားဆောင်ရွက်သွားအုံးမှာပါ။နိုင်ငံခြား အခွန်ငွေလည်းပိုကိုက်  ပြည်တွင်းပန်းစိုက် တာင်သူတွေလည်း စီးပွားရေးတွက်ခြေကိုက် 

မကောင်းဘူးလားဗျာ?

Thi Gyar Minn ၏ facebook စာမျက်နှာမှပြန်လည်ကူးယူဖော်ပြပါသည်။  

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။