ဧရာဝတီမြစ်ရေတက်ခြင်းကြောင့် စိုက်ခြံများရေနစ်မြှုပ်ခဲ့သဖြင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်နေ
ဧရာဝတီမြစ်ရေတက်ခြင်းကြောင့် စိုက်ခြံများ ရေနစ်မြှုပ်ခဲ့သဖြင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်နေကြောင်း မန္တလေးတိုင်းရှိ ဒေသခံများထံမှသိရသည်။
ဧရာဝတီမြစ်ရေတက်ပြီး တာပေါင်ကျိုးသွားတော့ ဒီနားတဝိုက်ကစိုက်ခင်းတွေ အကုန်မြှုပ်သွားတာလေ။ မနည်းဘူး ဆုံးရှုံးကုန်တာ။ ကုန်စိမ်း (ဟင်းသီးဟင်းရွက်)တွေ အားလုံး ဈေးကွက်တွေ တအားမှောက်ကုန်တယ်။ ပုံမှန်ဆို ဆလပ်က တစ်စီး ၅၀၊ ၈၀၊ ၁၀၀ ကျပ်နဲ့ ရောင်းတာ။ အခုကျ တစ်စည်း နှစ်ရာ့ငါးဆယ်၊ သုံးရာကျပ်လောက် ဖြစ်ကုန်တယ်။ တရုတ်နံနံ၊ ပင်စိမ်း၊ ကန်စွန်း၊ တာချီတိုင်အရွက်တွေ အကုန်ဈေးတက်တယ်။ ဒါတောင် ကျွန်တော်တို့က လက်ကားဖောက်သည်ဈေးနော်။ လက်လီဈေးဆို ဘယ်လိုနေမလဲ မပြောတတ်ဘူး။
ဟု မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်း စံပြကျေးရွာ၊ ကွင်းအမှတ် (၆၀၄) မှ ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူ ကိုမြင့်သန်းနိုင်က ပြောသည်။
ဇူလိုင်လ ၁၉ ရက်က ဧရာဝတီမြစ်ရေမြင့်တက်ကာ စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်း တာရိုးကျိုးပေါက်ခဲ့ပြီး ဇူလိုင် ၂၃ ရက်ဝန်းကျင်၌ တာရိုးကို ပြုပြင်နိုင်ခဲ့သော်လည်း ဆက်စပ်ကျေးရွာများရှိ စိုက်ခြံများမှာမူ မြစ်ရေနစ်မြှုပ်ခြင်းကြောင့် ထိခိုက်မှုများပြားခဲ့သည်။
ဒီတာပေါင်ကို အမှီပြုနေတဲ့ ရှမ်းကလေးကျွန်း၊ မှန်တန်း၊ ယာဥ်တော် စတဲ့ ရွာ (၃) ရွာက မန္တလေးမြို့ရဲ့ ကုန်စိမ်းဈေးကွက်ကို ထိန်းထားတာ။ အခုလိုရေမြှုပ်တော့ ဒီရွာတွေကို ထိခိုက်မှုရှိတယ်။ ခြံတွေကတော့ ရေတွေမြှုပ်ကုန်တော့ တောင်သူတွေက ချက်ချင်းတော့ နလံမထူနိုင်ဘူးလေ။ ဒါ့ကြောင့် ဈေးတွေတက်ကုန်တာ။
ဟု မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူး ဦးရဲနိုင်ဝင်းက ပြောသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022