အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကုန်သည်ပွဲစားများ ကွင်းဆင်းဝယ်ယူသည်အထိ စပျစ်သီးအမှည့်ဈေးကွက် အထူးကောင်းမွန်နေ

ကုန်သည်ပွဲစားများ ကွင်းဆင်းဝယ်ယူသည်အထိ စပျစ်သီးအမှည့်ဈေးကွက် အထူးကောင်းမွန်နေ

    ကုန်သည်ပွဲစားများမှ စပျစ်ခြံများအရောက် ကွင်းဆင်းဝယ်ယူရသည်အထိ စပျစ်သီးအမှည့်ဈေးကွက် အထူးကောင်းမွန်နေကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသမှ စပျစ်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

စပျစ်သီးအမှည့်ဈေးကွက်က ဒီအချိန်ကတော့ တော်တော်ကောင်းနေတယ်။ အောက်ဆုံးသီး Italy No-3 မျိုးတောင် တော်တော်လေး ဈေးကောင်းရနေတယ်။ အခုအချိန်မှာ သီးနှံဈေးကွက်တွေ ဘယ်လိုဖြစ်ဖြစ်၊ စပျစ်ဈေးကွက်ကတော့ ပျက်တယ်ရယ်လို့ကိုမရှိဘူး။ မရောင်းရတာကို မရှိဘူး။ ဒိုင်(ဝယ်လက်)လည်း များနေတယ်။ ဒိုင်က များနေတော့ အမြဲလည်ပတ်နေတာပဲ။ ရှိသမျှစပျစ်သီး နေ့စဉ် အကုန်ရောင်းထွက်နေတာပဲ။ စပျစ်သီးတွေကို ကျွန်တော်တို့က တင်ပို့စရာကို မလိုဘူး။ ကျွန်တော်တို့ဒေသတွင်း အနီးတဝိုက်မှာ ပွဲစားတွေကကို ခြံအရောက်လာပြီး လုဝယ်ကုန်ကြတာ။

ဟု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသရှိ လပြည့်ဝန်းစပျစ်စိုက်ပျိုးရေးခြံမှ စီမံအုပ်ချုပ်သူ ကိုမင်းဆက်ပိုင်က ပြောသည်။

    လက်ရှိဈေးကွက်တွင် စပျစ်သီးအမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် အနိမ့်ဆုံးဈေး (၁၅၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၅၀၀၀)ကျပ်အတွင်း ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။

အခုက အွန်လိုင်းခေတ်ဆိုတော့ အွန်လိုင်းကနေလည်း ကျွန်တော်တို့ဆီက စပျစ်သီးလှမ်းမှာ ဝယ်ကြတာမျိုးတွေလည်းရှိတယ်။ ဒီအချိန်က စပျစ်သီးရဲ့အထွက်နှုန်း တအားကြီးလည်း မထွက်တာကြောင့်လည်း ဈေးကောင်းရရှိတာပါပါတယ်။ ကျွန်တော်တို့ဘက်က စပျစ်သီးမျိုးတွေက အရည်အသွေးကောင်းမွန်တာကြောင့် ဘယ်မျိုး စပျစ်သီးပဲဖြစ်ဖြစ် အသီးမရောင်းရဘူးဆိုတာကို မရှိဘူး။ အခုချိန်ကတော့ အနိမ့်ဆုံးသီးတွေတောင် ထူးထူးခြားခြား ဈေးကောင်းရနေတဲ့အချိန်ကာလပေါ့။

ဟု ကိုမင်းဆက်ပိုင်က ဆက်လက်ပြောသည်။

    ရမည်းသင်း၊ ရွာတန်းဒေသမှထွက်ရှိသည့် စပျစ်သီးများကို ကုန်သည်ပွဲစားများမှ လာရောက်ဝယ်ယူကြပြီး၊ ယင်း ကုန်သည်ပွဲစားများမှတဆင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ၊ မကွေး စသည့်မြို့ကြီးများသို့ ဆက်လက်ဖြန့်ချိရောင်းချကြခြင်း ဖြစ်သည်။

3
ဦးလှဌေး

ဦးလှဌေး

လွန်ခဲ့သော ၅ နှစ် က

v

Naay Zer

Naay Zer

လွန်ခဲ့သော ၅ နှစ် က

ပျိုးပင်တပင်ရဲ့ဈေးလေးသိချင်ပါတယ်

Naay Zer

Naay Zer

လွန်ခဲ့သော ၅ နှစ် က

ပျိုးပင်များရောင်းလား

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။