အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR) ကျင်းပမည်

မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR) ကျင်းပမည်

Green Way
Green Way • Greenovator • 27/01/2020

စီးပွားရေး တွက်ချေကိုက်ပြီး အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များအား တောင်သူလယ်သမားများ အချိန်မရွေး သုံးစွဲစိုက်ပျိုးနိုင်ရေး အတွက် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်နေသူများ၊ တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ချိတ်ဆက်ပေးနိုင်ရန် မျိုးစေ့အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ အပါအဝင် နည်းပညာများဖြန့်ဝေပေးနိုင်ရန် မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR) ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေပြည်တော် ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်း စိုက်ကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ 

လက်ရှိတွင် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိက ပြခန်းများ၊ အရောင်းဆိုင်ခန်းများ ၅၀ခန့် စီစဉ်ဆောင်ရွက်ထားကြောင်း ၊ လယ်ယာသုံးစက်ကိရိယာကုမ္ပဏီ အရောင်းပြခန်းများလည်း ပါဝင်မှာဖြစ်ကြောင်း မျိုးစေ့ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းကြည် ကပြောသည်။ ပြပွဲသို့ မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ကြပြီး သိရှိလိုသည်များကို သက်ဆိုင်ရာပညာရှင်များက ဖြေကြားရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း၊ ဒါ့အပြင် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ဝေထားသည့် မိုဘိုင်းဆော့ဝဲများကို အခမဲ့ထည့်သွင်းပေးခြင်း၊ ဆော့ဝဲသုံးစွဲနည်း ပြသပေးခြင်းတို့ကိုလည်း ကျွမ်းကျင်သူများက ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

သီးနှံပင်များ၏ ကျန်းမာသန်စွမ်းမှု၊ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်မှု ၊ စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးကောင်းမွန်မှု တို့သည် အဆိုပါသီးနှံပင်ကို စတင်စိုက်ပျိုးလိုက်သည့် မျိုးစေ့၏ အရည်အသွေးအပေါ်တွင် အဓိကတည်မီလျက်ရှိရာ  စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ မျိုးကောင်း မျိုးသန့် မျိုးစေ့များကို လက်လှမ်းတမီ လွယ်ကူစွာ သုံးစွဲနိုင်ကြစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် မျိုးစေ့ကဏ္ဍတွင် ပါဝင်ပတ်သက်သူများ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရန် ယခုပြပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မျိုးစေ့ဌာနခွဲက သတင်းရရှိသည်။

Source- စိုက်ပျိုးရေး_ပြန်ကြားရေးဌာနစိတ်

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။