အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်စစမြင့်တက်နေသော မြေဩဇာဈေးနှုန်းများနှင့် သွင်းအားစုကုန်ကြမ်းဈေးနှုန်းများ

တစ်စစမြင့်တက်နေသော မြေဩဇာဈေးနှုန်းများနှင့် သွင်းအားစုကုန်ကြမ်းဈေးနှုန်းများ

    မြေဩဇာဈေးနှုန်းများသာမက စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုကုန်ကြမ်းအမျိုးမျိုး၏ ဈေးနှုန်းများပါ တစ်စစမြင့်တက်နေကြောင်း မကွေးတိုင်းဒေသကြီးရှိ သီးနှံစိုက်ပျိုးသူများက ပြောသည်။

ရုံးပတီသီးပင် ဒဿမ ၅၀ စိုက်ပျိုးခဲ့တာဆိုရင် မြေပြင်တာက အစ၊ ပလတ်စတစ်အုပ်တာ အပါအဝင် စရိတ်အားလုံးပေါင်းဆို နှစ်သိန်းခွဲကျပ် ကုန်ကျခဲ့ပါတယ်။ အခုလက်ရှိ သွင်းအားစု ဈေးတွေတက်နေချိန်ရဲ့ ကုန်ကျစရိတ်အတိုင်း တွက်ကြည့်ရင်တော့ ဒီဈေးနှုန်းနဲ့ မရတော့ပါဘူး။ အခုက ၁၅ ပတ်လည်တစ်အိတ်တောင် ခုနှစ်သောင်းကျပ်လောက်ဖြစ်နေပြီလေ။ ပလတ်စတစ်အုပ်ဖုံးတဲ့ အိတ်လိတ်တစ်လိတ် ၇၃၀ မီတာ ပါတာကိုမှ အရင်က လေးသောင်းကျပ်ရှိတာ၊ အခုကျတော့ မီတာ ၅၀၀ ကျော်ပဲပါတာကိုတောင် လေးသောင်းကျပ်ဝန်းကျင် ဖြစ်လာတယ်။ အဲ့ဒီမှာတင် ကုန်ကျစရိတ်ကကွာခြားသွားပြီ။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လက်ခုပ်ကျေးရွာ မှ ရုံးပတီသီး/သခွားသီးပင်များ စီးပွားဖြစ်စိုက်ပျိုးသူ ကိုမိုးကိုဦး က ပြောသည်။

    ယခင်က ရုံးပတီသီးပင် ဧကတစ်ဝက်စာ (ဒဿမ ၅၀) စိုက်ပျိုးပါက စုစုပေါင်း စိုက်ပျိုးစရိတ် ကျပ် (၂၅၀,၀၀၀) ဝန်းကျင်ကုန်ကျခဲ့သော်လည်း ယခုကာလ ဈေးနှုန်းများဖြင့် တွက်ချက်ကြည့်ပါက ရုံးပတီသီးပင် ဒဿမ ၅၀ စိုက်ပျိုးမှုအတွက် ကုန်ကျစရိတ်မှာ ကျပ် (၃၅၀,၀၀၀) ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

စိုက်ပျိုးရေးသွင်းအားစုအနေနဲ့ ဘာတွေကုန်ကျသလဲဆိုရင် သြဂုတ်လမှာ စိုက်ပျိုးတာဆိုရင်တော့ မှိုဆေးသုံးရပါတယ်။ ဖေဖော်ဝါရီလမှာစိုက်ပျိုးရင်တော့ မသုံးရပါဘူး။ မိုးရာသီဆိုရင် မှိုရောဂါကျရောက်တတ်တာ သတိထားရတယ်။ နွေရာသီဆိုရင်တော့ ရာသီဥတုပူပြင်းတဲ့အခါ ယင်ဖြူနဲ့ ဖြုတ်စိမ်းကျရောက်တတ်တာကို သတိထားရပါတယ်။ စိုက်ပျိုးပြီး တစ်လလောက်ကြာတဲ့အခါ မြေဩဇာထပ်ကျွေးပေးပါတယ်။ အသီးအဖျားရောက်သွားပြီဆိုတော့ မြေဩဇာကျွေးတာရပ်တယ်။ မြေဩဇာကို အပင်အခြေအနေပေါ် မူတည်ပြီး ကျွေးပေးရတာပေါ့။

ဟု ၎င်းက ဆက်လက်ပြောသည်။ 

    မကွေးတိုင်းဒေသကြီးရှိ သီးနှံဈေးကွက် အခြေအနေအရ တခြားဒေသအသီးသီးမှ သီးနှံများ မင်းဘူး/မကွေး ဒေသတွင်းသို့ စုပြုံဝင်ရောက်လာသည့်အချိန်များ၌ ဒေသတွင်း သီးနှံဈေးနှုန်းများ ကျဆင်းတတ်ကြောင်း သိရသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။