အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ထောပတ်ပင်စိုက်ပျိုးသူများ Export လမ်းများပြန်လည်ပွင့်လန်းလာရန် မျှော်လင့်နေ

ထောပတ်ပင်စိုက်ပျိုးသူများ Export လမ်းများပြန်လည်ပွင့်လန်းလာရန် မျှော်လင့်နေ

    ထောပတ်ပင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူများအနေဖြင့် Export လမ်းကြောင်းများ ပြန်လည်ပွင့်လန်းလာရန် မျှော်လင့်စောင့်ဆိုင်းနေကြောင်း ထောပတ်သီးဈေးကွက်တွင်းမှ သိရသည်။

Hass မျိုးဆိုရင် နဂိုကတည်းက Export ဈေးကွက်ရှိပြီးသား ထောပတ်မျိုးပါ။ ပြည်ပတင်ပို့တဲ့အခါ သူ့ပေါက်ဈေးနဲ့သူ ရရှိနိုင်ပါတယ်။ အခုကာလအတွင်းဆိုတော့ ဘဏ်စနစ်တွေကအစ အားနည်းနေတာကြောင့် တင်ပို့မှုရပ်ထားရတာမျိုးတွေ ရှိတာပါ။ ရေရှည်မှာဆိုရင်တော့ ပြည်တွင်းဈေးကွက်တစ်ခုတည်းနဲ့ဆို အဆင်မပြေတာမို့ ပြည်ပတင်ပို့မှုတွေ မဖြစ်မနေ ပြန်လည်ပတ်လာဖို့က လိုအပ်ပါတယ်။

ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ထောပတ်ပင် စီးပွားဖြစ်စိုက်ပျိုးသူ ဒေါ်နန်းခမ်းရီက ပြောသည်။

    ထောပတ်သီး Export တင်ပို့မှုအားနည်းပါက စိုက်ပျိုးစရိတ်နှင့် အပင်ပြုစုထိန်းသိမ်းစရိတ်များ မကာမိခြင်း၊ ပြည်တွင်း ဒေသအသီးသီးမှထွက်ရှိလာမည့် အသီးအားလုံးအတွက် ဖြုန်းအားမလုံလောက်ခြင်း၊ အရည်အသွေးကောင်း/မျိုးကောင်း အသီးများအတွက် တိကျခိုင်မာသော ဈေးနှုန်းများ မရရှိနိုင်ခြင်း စသည့် အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ရနိုင်ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

အရင်ကဆိုရင် မြန်မာပြည်တွင်းမှာ ထောပတ်သီးကို အသီးဖျော်ရည်အဖြစ်ပဲ စားသုံးမှုများခဲ့တယ်။ နောက်ပိုင်းမှာဆိုရင် အသင်းအဖွဲ့တွေရဲ့ကြိုးပမ်းမှုကြောင့် ထောပတ်သီးကို တခြားစားသုံးမှုပုံစံအမျိုးမျိုး စီမံစားသုံးလို့ရတယ်ဆိုတာကို တော်တော်လေးသိလာကြပါတယ်။ ထောပတ်စိုက်ပျိုးသူတွေအနေနဲ့က တစ်နှစ်တလေ Export အားနည်းတာကိုတော့ တောင့်ခံထားနိုင်ရင်တောင်၊ အသီးအထွက်နှုန်းရှိလာသမျှကို ရောင်းကုန်ဖို့ဆိုရင်တော့ နောက်နှစ်နောက်နှစ်တွေမှာ Export တင်ပို့မှုတွေ အခုထက် အားကောင်းလာမှကိုဖြစ်မှာပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။

    လက်ရှိတွင် အရည်အသွေးကောင်း ထောပတ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်ဒေသ အနီးတစ်ဝိုက်)တို့တွင် အဓိက စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေကြပြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးထုတ်လုပ်မှုရှိကြောင်း သိရှိရသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။