အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တောင်သူလက်ထဲ နှမ်းကုန်ချိန်ဖြစ်သဖြင့် နှမ်းဈေးအနည်းငယ်ပြန်တက်

တောင်သူလက်ထဲ နှမ်းကုန်ချိန်ဖြစ်သဖြင့် နှမ်းဈေးအနည်းငယ်ပြန်တက်

    တောင်သူများလက်ထဲ၌ နှမ်းကုန်သည့်အချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်း နှမ်းဈေးအနည်းငယ်ပြန်တက်လာကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။

ဈေးက နည်းနည်းချင်းပြန်တက်လာနေတယ်။ လုံးဝဈေးတက်တယ်လို့တော့ ပြောလို့မရသေးပါဘူး။ ဈေးတော့ အရမ်းကြီးမကောင်းသေးဘူးပေါ့။ နှမ်းရိတ်ခ၊ အလုပ်သမားခ၊ မြေဆီဖိုးတွေ ပေးချေရတာကြောင့် ပြီးခဲ့တဲ့လပိုင်းက ရတဲ့ဈေးတွေနဲ့ နှမ်းရောင်းခဲ့ရသူတွေ အတော်လေးများပါတယ်။ အခုကျတော့ တောင်သူလက်ထဲမှာ နှမ်းက သိပ်မရှိတော့ဘူး။ နှမ်းကုန်တဲ့အချိန်ကျတော့မှ နှမ်းဈေးက ပြန်တက်လာတယ်။

ဟု စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးလှဝင်းဆွေ က ပြောသည်။

    ရွှေဘိုခရိုင်၌ ဧပြီလ (၃၀) ရက်နှင့် မေလ (၂) ရက်တို့တွင် တစ်ကြိမ် မိုးကြီးရွာသွန်းခဲ့သဖြင့်၊ မိုးနှမ်းစိုက်ပျိုးသူများ နှမ်းခင်းများပျက် အရှုံးပေါ်ခဲ့ပြီး၊ နွေနှမ်းစိုက်ပျိုးသူများမှာ နှမ်းဈေးကောင်းရရန် မျှော်လင့်ထားခဲ့ကြသည်။

မတ်လအလယ်လောက်မှာ နှမ်းစကြဲတဲ့သူတွေကတော့၊ နှမ်းမရောင်းရသေးဘူးဆိုရင် အခုဈေးနဲ့ ရောင်းလို့ရမှာပေါ့။ ဧပြီလအလယ်လောက်မှာ မိုးနှမ်းကြဲတဲ့သူတွေကတော့ အခင်းတွေပျက်ကုန်ပြီး နှမ်းကို မရိတ်သိမ်းလိုက်ရပါဘူး။ တောင်သူတော်တော်များများ အထိနာကုန်ကြပါတယ်။ မိုးနှမ်းတွေကလည်း မရိတ်ရတော့ ကုမဏီချေးငွေဆပ်ဖို့အတွက် အပြင်ကနေ အတိုးနဲ့ ငွေချေးယူရသူတွေလည်း ရှိပါတယ်။

ဟု ဦးလှဝင်းဆွေ က ဆက်လက်ပြောသည်။

    ဇွန်လက နှမ်းဈေး တစ်ပိဿာလျှင် (၄၄၀၀၀) ဝန်းကျင် ဈေးနှုန်းရှိခဲ့ပြီး၊ လက်ရှိတွင် နှမ်းဈေး တစ်ပိဿာလျှင် (၅၅၀၀၀) ကျပ် ဝန်းကျင်ဖြင့် ရောင်းဝယ်နေကြောင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ နှမ်းဒိုင်များမှ သိရသည်။

    မြန်မာနိုင်ငံတွင် နှမ်းသီးနှံကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပြီး၊ နွေနှမ်းကို မတ်လတွင် စိုက်ပျိုး၍၊ မိုးနှမ်းကို မေလတွင် စိုက်ပျိုးကြသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။