အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တရုတ်ဈေးကွက်ပို့သည့် ဖရဲသီးဈေး သုံးဆကျော်မြင့်တက်

တရုတ်ဈေးကွက်ပို့သည့် ဖရဲသီးဈေး သုံးဆကျော်မြင့်တက်

Green Way
Green Way • 19/10/2020

    ယခုနှစ်တွင် ပြည်တွင်း၌ ဖရဲစိုက်ပျိုးမှုနည်းခြင်းကြောင့် တရုတ်သို့တင်ပို့သည့် ဖရဲသီးဈေး သုံးဆခန့် မြင့်တက်လျှက်ရှိကြောင်း ဖရဲတင်ပို့ရောင်းချသူများက ပြောသည်။

တရုတ်ကတော့ ဝယ်လိုအားကောင်းတယ်။ အဓိကကတော့ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ့

ဟု မြန်မာနိုင်ငံ ဖရဲသခွားမွေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။

    COVID-19 ကို စိုးရိမ်သဖြင့် တောင်သူများ ဖရဲအစိုက်နည်းခဲ့ပြီး အထွက်နှုန်းနည်းပါးလျှက်ရှိကာ လက်ရှိကာလတွင် တရုတ်သို့ နေ့စဉ် ဖရဲကားစီးရေ ၁၅ စီး ဝန်းကျင်သာ သွားလျက်ရှိသည်။ ယမန်နှစ်က နေ့စဉ် စီးရေ ၃ဝဝ ကျော် သွားရောက်ခဲ့သည့်နှင့် နှိုင်းယဉ်လျှင် များစွာ လျော့ကျသွားသည်။

    ဈေးနှုန်းသည်လည်း မနှစ်က ဖရဲတစ်တန်လျှင် တရုတ်ယွမ် ၁ဝ,ဝဝ၁,၂ဝဝ ခန့်သာ ရရှိနေသော်လည်း ယခုကာလတွင် တစ်တန်လျှင် ယွမ် ၃၇,ဝဝ၄,ဝဝဝ ဝန်းကျင် ရရှိနေကြောင်း ဖရဲလုပ်ငန်းရှင်တို့က ဆိုသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
ကိုပြည်

ကိုပြည်

လွန်ခဲ့သော ၅ နှစ် က

ဧရာဝတီတိုင်း ကပိုများပါတယ် ဒါပေမယ့် ပြီး ခဲ့တဲ့ နှစ်ကဖရဲစိုက်သမားများသည် ဖရဲကားတင်ရာမှာ ကားခတောင် မရကြသဖြင့် စိုက်ရှုံများဖြစ်ခဲ့ကြရသည်။ ပုံ/ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကျောင်းကုန်းမြို့

U Yan Naing Tun

U Yan Naing Tun

လွန်ခဲ့သော ၅ နှစ် က

Thanks

ဦးစောမင်းအောင်

ဦးစောမင်းအောင်

လွန်ခဲ့သော ၅ နှစ် က

ဈေးနှုန်းအတိအကျနဲ့တကွ ဖတ်ရလို့ ကျေးဇူးပါ။ ဒီဖရဲသီးတွေကို ဘယ်ဒေသတွေမှာ အများဆုံးစိုက်ကြလဲ ခင်ဗျ။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။