အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာနိုင်ငံ၏ ထိန်းသိမ်းသင့်သော စိုက်ပျိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီး

မြန်မာနိုင်ငံ၏ ထိန်းသိမ်းသင့်သော စိုက်ပျိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီး

Green Way
Green Way • Greenovator • 22/07/2014

Green Lotus, Hamsahub နှင့် Green Way (အစိမ်းရောင်လမ်း) တို့ စီစဉ်ကျင်းပသော မြန်မာနိုင်ငံ၏ ထိန်းသိမ်းသင့်သော စိုက်ပျိုးရေးတွင် ရင်းနှံမြုပ်နှံမှု အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ပန်ဒါ ဟိုတယ်တွင် ဇူလိုင်လ (၂၀) ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ပါသည်။ အလုပ်ရုံပွဲတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နယ်ပယ်အသီးသီးမှ တာဝန်ထမ်းဆောင်နေကြသော ပညာရှင်များမှ ဟောပြောဆွေးနွေးခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် တွေ့ ကြုံနေရသော အခက်အခဲများ၊ အတားအဆီးများနှင့် တိုးတက်မှုကို အထောက်အကူပြုနိုင်မည့် နည်းလမ်းများကို ပူးပေါင်းဆွေးနွေးအဖြေရှာခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို နံနက် ၉ နာရီမှ စတင်ခဲ့၍ ညနေ ၅နာရီ တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။