အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နာနတ်သီးကို ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP)လက်မှတ်ရရှိရန်ဆောင်ရွက်နေ

နာနတ်သီးကို ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP)လက်မှတ်ရရှိရန်ဆောင်ရွက်နေ

Green Way
Green Way • Greenovator • 23/08/2019

နာနတ်သီးကို ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP)လက်မှတ်ရရှိရန်ဆောင်ရွက်နေ

မြန်မာ့နာနတ်သီးကို ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်(GAP)လက်မှတ်ရရှိရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ နာနတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ပြည်ပစျေးကွက်ထိုးဖောက်နိုင်ရန်အတွက် ဒေသရှိတောင်သူများကို ကောင်းမွန်သောစိုက်ပျိုးရေး အလေ့အကျင့်(GAP) လက်မှတ်ရရှိရန်အတွက် စီစဉ်ဆောင်ရွက်နေတာဖြစ်ကြောင်း မြန်မာနိုင်ငံ နာနတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ အတွင်းရေးမှူးဦးစိုင်းကျော်ညွှန့်ကပြော ပါတယ်။

“ နာနတ်သီးကို ပြည်ပစျေးကွက်ထိုးဖောက်နိုင်ဖို့အတွက် စီစဉ်လုပ်ဆောင်နေပါတယ်။ အရင်တစ်ပတ်က တောင်သူတွေကို ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP)အမြင်ဖွင့်သင်တန်း ဖွင့်ပေးနေပါတယ်” မြန်မာ့နာနတ်သီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး နာနတ်စိုက်ဧကပေါင်း (၃၀၀၀၀)ခန့် စိုက်ပျိုးထားတာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့နာနတ်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ကာတင်ပို့နိုင်ရန်အတွက် ထိုင်းနိုင်ငံနဲ့ဆက်လက်ဆွေးနွေး လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းမှသိရပါတယ်။

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။