မြေယာအသုံးချခွင့် ကိစ္စရပ်များကို One-stop service အဖြစ် ပြောင်းလဲကျင့်သုံးရန် တင်ပြမည်
မွေးမြူရေးခြံများကို စနစ်ကျ တည်ထောင်လုပ်ကိုင်နိုင်ရန်အတွက် တရားဝင် မြေယာအသုံးချခွင့် လွယ်ကူစွာရရှိရန် လိုအပ်ခြင်းကြောင့် ယင်းကိစ္စရပ်များကို One-stop Service အဖြစ် ပြောင်းလဲကျင့်သုံးရန် တင်ပြသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
လယ်ယာမြေကို အခြားနည်း အသုံးချခွင့် လျှောက်ထားသည့် လုပ်ငန်းစဉ်များ၌ လက်ရှိတွင် မလိုအပ်ဘဲ ကြန့်ကြလာမှုများရှိနေပြီး သာမန် အသေးစားမွေးမြူရေးသမားများအတွက် အခက်အခဲများစွာ ရှိနေသည့်အတွက် ယင်းအခက်အခဲများအား ဖြေရှင်းရန် မြေအသုံးချခွင့် လျှောက်ထားခြင်း၊ လယ်ယာမြေ အခြားနည်းအသုံးချခွင့် လျှောက်ထားခြင်း ကိစ္စရပ်များကို One-stop service အဖြစ် ပြောင်း လဲကျင့်သုံးနိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
"မွေးမြူရေးလုပ်ငန်းတွေကို စနစ်တကျ လုပ်ကိုင်နိုင်ဖို့အတွက် မြေယာအသုံးချခွင့် ပြဿနာက ကြီးကြီးမားမားဖြေရှင်းရမယ့် ပြဿနာအဖြစ် ရှိနေပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။" ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။
မွေးမြူရေးကဏ္ဍသည် စီးပွားရေးကဏ္ဍတစ်ရပ် သာမကပဲ ပြည်သူလူထု၏ စားနပ်ရိက္ခာဖူလုံမှုကို တာဝန်ယူထားသည့် ကဏ္ဍတစ်ခုဖြစ်သောကြောင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခြင်းနှင့်အတူ ကြုံတွေ့ရနိုင်သည့် မြေယာအသုံးချခွင့်ရရှိရေးကို ဥပဒေစည်းမျဉ်းစည်း ကမ်းများနှင့်အညီ ဆောင် ရွက်မှသာ မလိုလားအပ်သော ဖြေရှင်းဆောင်ရွက်ရမှုများမှ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း သိရသည် ။
လယ်ယာမြေနှင့် အခြားနည်း အသုံးချခွင့် လန (၃၉) ကို တစ်ပိုင်တစ်နိုင် လုပ်ဆောင်နေသည့် ငါးမွေးမြူရေးလုပ်ကိုင်နေသူများထံ ဦးစားပေး ချထားပေးသင့်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
"ဘေးပတ်ဝန်းကျင်ကလည်း ကျွန်တော်တို့က တရားမဝင် ရထားတာမဟုတ်တဲ့အတွက် တိုင်တောမှုတွေရှိမယ်။ တကယ်နံလို့ တိုင်တာလည်း ရှိရင်ရှိမယ်။ တချို့ကလည်း လူနေအိမ်တွေ တိုးချဲ့ဆောက်ချင်လို့ တိုင်တာလည်းရှိတဲ့အတွက် ကျွန်တော်တို့ မွေးမြူရေးသမားအများစုက တော်တော်လေးကို ကြပ်တည်းတဲ့အခြေအနေ ဖြစ်ပါတယ်။ လက်ရှိခြံတွေကလည်း ဆက်ပြီး တိုးချဲ့ဖို့အတွက်နဲ့ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ ခြံစနစ်တွေ ပြောင်းဖို့အတွက် ဒီလို မွေးမြူရေးနဲ့ အခြားနည်းလမ်းမကျရင် လုပ်လို့မရဘူးဆိုတဲ့ အခြေအနေရှိပါတယ်။ ကျွန်တော်တို့ ဒီပြဿနာ ရှင်းကိုရှင်းမှရမှာပါ။" ဟု မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။
ယခု မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူအများစုမှာ မြေယာအသုံးချခွင့်မရရှိဘဲ လုပ်ငန်းလုပ်ကိုင်နေကြခြင်းကြောင့် ယင်းအချက်သည် တရားမဝင် မွေးမြူရေးပုံစံဖြစ်နေသဖြင့် မြေယာအသုံးချခွင့် လုပ်ငန်းစဉ်ကို ယခုထက် ပိုမိုလွယ်ကူအောင် မွေးမြူသူကိုယ်တိုင် လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဖြေလျှော့ပေးရန် လိုအပ်ကြောင်း သိရသည်။
ဘိုးဘွားပိုင်မြေများ၌ တစ်ပိုင်တစ်နိုင် ငါးမွေးကန်များ လုပ်ကိုင်နေပြီး လန (၃၉) လျှောက်ထားသော်လည်း လက်ရှိအချိန်အထိ မရရှိသေးသူ များစွာရှိနေသောကြောင့် တရားဝင် မဟုတ်သဖြင့် ချေးငွေမရရှိဘဲ ငါးမွေးမြူရေးကို စနစ်တကျ တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ငါးမွေးကန် ဧကပေါင်း ၅ သိန်းနီးပါးရှိရာ လန (၃၉) မရရှိသည့် တရားမဝင် ငါးမွေးကန် ဧက ၃ သိန်းကျော်တွင် တစ်ပိုင်တစ်နိုင်နှင့် အလယ် အလတ် ငါးမွေးကန်များ ပါဝင်နေပြီး လန (၃၉) လျှောက် ထားရာတွင် ကြန့်ကြာနေသည့်အတွက် အမြန်ဆုံး စိစစ်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026