အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝါးမီးသွေးကို ပြည်ပနိုင်ငံများကို တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်

ဝါးမီးသွေးကို ပြည်ပနိုင်ငံများကို တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်

Green Way
Green Way • Greenovator • 29/10/2019

   ဝါးမီးသွေးကို ပြည်ပနိုင်ငံစျေးကွက်များကို တင်ပို့နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။ 

   ဝါးမီးသွေးကို သင်တန်းများပေးပြီး တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူများအပါအဝင် စုပေါင်းကာ နိုင်ငံတကာစျေးကွက်ကို တင်ပို့နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ ဥက္ကဌ ဦးဝင်းကျော်ဦးကပြောပါတယ်။

   “အခုက ဝါးမီးသွေးကိုလည်းသင်တန်းတွေပေးနေပါတယ်။ ဝါးကို တစ်ပိုင်တစ်နိုင်လုပ်နေတဲ့သူတွေအတွက်လည်း တန်ချိန်တွေစုပေါင်းပြီးတော့ နိုင်ငံတကာစျေးကွက်တွေကို တင်ပို့ဖို့ကိုလည်း ဆောင်ရွက်သွားမှာပါ”

   မြန်မာ့ဝါးမှာ ပြည်ပကပေးတဲ့စျေးနှုန်းများထက် ပြည်တွင်းစျေးနှုန်းမှာ ပိုမိုရရှိနေတာဖြစ်တဲ့အတွက် ပြည်ပနိုင်ငံများကို တင်ပို့မှုမရှိသေးတာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။

   အခုလအတွင်း မြန်မာ့ဝါးကို ဝယ်ယူနိုင်ဖို့အတွက် ပြည်ပနိုင်ငံများမှာ လာရောက်ကမ်းလှမ်းမှုများရှိနေပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။