စျေးကွက်သတင်းအချက်အလက်စနစ် သင်တန်းဖွင့်
စျေးကွက်သတင်းအချက်အလက်စနစ် Market Information System (MIS) သင်တန်းဖွင့်ပွဲကို မေ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရုံး အမှတ် (၄၃) အစည်အဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
လျင်မြန်ထိရောက်သော စျေးကွက်သတင်းအချက်အလက် စနစ်တစ်ခုကို Pilot အဖြစ် စတင် ကျင်သုံးနိုင်ရေးအတွက် ဦးစာပေးသီးနှံ ဆန်စပါးနှင့်ပဲမျိုးစုံကို ရွေးချယ်၍ Primary data ကို Questionnaires များနှင့်တကွ စနစ်တကျ ကောက်ယူသည်မှစ၍ စနစ်တကျကောက်ယူသည်မှစ၍ စနစ်တကျ စာရင်းသွင်းခြင်းစသည့် သင်ခန်းစာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွားပညာဌာန၊ ပါမောက္ခ ဒေါက်တာသိင်္ဂီမြင့်က ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင်တိုင်းဒေသကြီး၊ ပြည်နယ်ခွဲ (ရှမ်းမြောက်၊ ရှမ်းအရှေ့နှင့် ပဲခူးအနောက်) သုံးခုမှ တစ်ဦး၊ စီမံကိန်းရေဆွဲစိစစ်သုံသပ်ရေးဌာနခွဲ (ရုံးချုပ်) သင်တန်းသား နည်းပြအကူခုနှစ်ဦး စုစုပေါင်း ၄၀ တို့ တက်ရောက် လေ့လာလျက်ရှိသည်။
စျေးကွက် သတင်းအချက်အလက်စနစ် ToT သင်တန်းဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချနိုင်ပြီး သင်တန်းတက််ရောက်ပြီးသော MIS Working group member များသည် ရှေးပြေးအဖြစ် စိုက်ပျိုးရေးဦးစီးဌာန၏ စျေးကွက်သတင်း၊ အချက်အလက်စနစ်ကို စတင်ကျင့်သုံးပြီး နိုင်ငံတစ်ဝန်း ဆောင်ရွက်သွားခြင်းဖြ်င့ စနစ်ကျ၍ ထိရောက်အကျိုးရှိသော စျေးကွက် သတင်းအချက်အလက်စနစ်ကို ရေရှည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးထွန်းဝင်က ပြောကြားသည်။
တိုင်းဒေသကြီး ပြည်နယ်များ၏ စျေးကွက်သတင်းအချက်အလက်စနစ်ကို ဦးဆောင်ဆောင်ရွက်နိုင်ပြီး ခရိုင် MIS Working Group member များအား ဆင့်ပွားသင်တန်းပြန်လည်ပို့ချနိုင်သူများ၊ Agricultural Economics အခြေခံရှိပြီး Microsoft Excel ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ၊ Internet အသုံးပြု၍ ရုံးချုပ်သို့ Data Sharing လုပ်ပေးနိုင်သူများကို သင်တန်းသားအဖြစ် စိစစ်ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မိုး (စိုက်ပျိုးရေး)
မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026