ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးကွက်က အရောင်းအဝယ်အေးဈေးအေးအနေအထားမှာရှိနေပါတယ်။ မိုးတွင်းရောက်တော့မှာဖြစ်တဲ့အတွက် ဆန်တွေကလည်း ဆက်တိုက်အဝင်ရှိနေပြီး ဈေးက ငြိမ်နေတာလည်းဖြစ်ပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ဆန်ချော၊ စပါးဈေးက ငြိမ်နေခဲ့ပေမယ့် ဆန်ကြမ်းဈေးတွေကတော့ အပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ ပုသိမ်ဈေးကွက်မှာ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၂၃၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်း ၁၀၀၀ ကျပ်ဈးတက်လာပါတယ်။
ဒေးဒရဲဈေးကွက်မှာတော့ ဧည့်မထ(စပါး)က တင်း ၁၀၀ ကို ၅၃၃၀၀၀ ကျပ်နဲ့ ၁၈၀၀၀ ကျပ်လောက် ဈေးတက်လာခဲ့ပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂၀၀၀ ကျပ် နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ဖျာပုံဧည့်မထစပါးကလည်း တင်း ၁၀၀ ကို ၅၃၃၀၀၀ ကျပ်နဲ့ ၁၈၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကလည်းတစ်အိတ်ကို ၂၂၀၀၀ ကျပ် ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ လက်ရှိမှာတော့ စပါးဈေးကျဆင်းမှုကြောင့် တောင်သူအချို့ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါသည်။
မတ်ပဲ (FAQ/RC)
ပြီးခဲ့တဲ့ အပတ်ကထိ ဈေးတက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ အနည်းငယ်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အတက်ဈေးကို အမှီရောင်းချနေတဲ့အတွက် ဈေးက ပြန်လည်ကျဆင်းသွားတာဖြစ်ပါတယ်။ ထို့ပြင်ဈေးတက်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် တောင်သူတွေကဈေးကို စောင့်နေကြတဲ့အတွက် အိန္ဒိယကုန်သည်တွေကလည်း ပဲတွေကို ထိန်းပြီး ဝယ်ယူနေတဲ့အနေအထားဖြစ်နေပါတယ်။ ဒီတစ်ပတ်မှာတော့ မတ်ပဲက ၈၅၀၀၀၀ အထိ ပေါက်ဈေးရှိနေပြီးတစ်ပတ်အတွင်းငွေကျပ် ၃သောင်းကျော် ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ မုံရွာမှာတော့ မတ်ပဲက တစ်တင်းကို ၂၄၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ နေပြည်တော်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ လက်ရှိအချိန် ပြည်ပတင်ပို့မှုက ပဲအဟောင်းကိုသာ တင်ပို့နေခဲ့ပြီး ရန်ကုန်ဈေးကွက်မှာလည်း ရက်ခြားသာ အရောင်းအဝယ်ရှိနေခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဈေးက အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံနီကတော့ အခြားနိုင်ငံတွေလည်း အဝယ်ရှိနေတဲ့အတွက် ဈေးကတော့ အနည်းငယ်အပြောင်းအလဲသာရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ငွေကျပ် ၉၆၀၀၀၀ နဲ့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၁၀၀၀၀ ကျော်သာ ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၅၀၀ နဲ့ ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ် ။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၂ ၀၀ ကျပ် ရှိပြီး တစ်တင်းကို ၁၇၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာလည်းတစ်တင်းကို ၃၂၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲလွန်းပြာ
ပဲလွန်းပြာကလည်းဒီတစ်ပတ်မှာ ဈေးကကျဆင်းသွားခဲ့ပါတယ်။ အဝင်များတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းပြာက တစ်အိတ်ကို ၅၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၈၀၀၀ ကျပ် နဲ့တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲပုတ်
ပဲပုတ်ကတော့ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မိုးကာလရောက်တော့မှာဖြစ်တဲ့အတွက် ရောင်းချမှုတွေ များနေခဲ့ပြီး အဝယ်ကတော့ ပုံမှန်အတိုင်းသာရှိနေတဲ့အတွက် ဈေးက ကျဆင်းနေခဲ့တာလည်းဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ ပဲပုတ်(ရှမ်း)က တစ်အိတ်ကို ၅၀၀၀၀ ကျပ်နဲ့ ၁၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပေမယ့် ပဲပုတ်(ဗမာ)ကတော့ တစ်အိတ်ကို ၅၇၀၀၀ ကနေ ၆၀၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲပုတ်က တစ်တင်းကို ၁၉၅၀၀ နဲ့ တစ်တင်းကို ၁၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၄၀၀ ကျပ်ရှိပြီး ၆၀၀ ကျပ်၊အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
မဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026