ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ဧရာဝတီတိုင်းဈေးကွက်မှာ ဆန်နဲ့စပါးဈေးနှုန်းတွေက ငြိမ်နေပါတယ်။ ပုသိမ်ပေါ်ဆန်းစပါးကတင်း၁၀၀ကို ၉၆၇၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း၁၀၀ကို ၈၉၃၀၀၀ကျပ်၊ ဒေးဒရဲပေါ်ဆန်းဆန်က တစ်အိတ်ကို ၄၁၀၀၀ ကျပ်၊ ပုသိမ်ဧည့်မထ (စပါး)က တင်း၁၀၀ကို ၅၉၈၀၀၀၊ ပုသိမ် ဧည့်မထဆန်က တစ်အိတ်ကို ၂၄၅၀၀ကျပ်၊ မြောင်းမြပေါ်ဆန်းဆန်က တစ်အိတ်ကို ၄၄၀၀၀ ကျပ် ၊ မြောင်းမြဧည့်မထဆန်ကတစ်အိတ် ကို ၂၄၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း၁၀၀ကို ၉၇၄၀၀၀ ကျပ်နဲ့ ၂၁၀၀၀ ကျပ်ဈေးကျဆင်းခဲ့ပြီး၊ မြောင်းမြဧည့်မထ စပါးက တင်း၁၀၀ကို ၆၂၅၀၀၀ ကျပ်နဲ့ ၉၀၀ကျပ် ဈေးတက်လာပါတယ်။
ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ပေါ်ဆန်းဈေးနှုန်းတွေက အနည်းငယ် မြင့်တက်နေပါတယ်။ ပေါ်ဆန်းရှယ်က တစ်အိတ် ကို ၃၈၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး၊ ဒီတစ်ပတ်မှာ ၂၀၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။ ရက်၉၀ဆန်ကတော့ တစ်အိတ်ကို ၂၀၅၀၀ကနေ ၂၁၅၀၀ ကျပ် နဲ့ဒီတစ်ပတ်မှာ ဈေးငြိမ်နေပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ကတော့ ၂၀၀၀၀နေ ၂၀၃၀၀ ပေါက်ဈေးရှိပြီ ၁၇၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။
မတ်ပဲ (FAQ/RC)
ရန်ကုန်ဈေးကွက်မှာ မတ်ပဲဈေးနှုန်းက ထပ်မံကျဆင်းခဲ့ပါတယ်။ မတ်ပဲ (FAQ/ RC)က တစ်တန်ကို လက်ရှိ ၇၅၂၀၀၀ ဈေးရှိပြီး၊ တစ်ပတ်အတွင်း တစ်တန်ကို ၁၀၀၀၀ ကျော် ထပ်မံကျဆင်းခဲ့တာပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မတ်ပဲဈေးအနည်းငယ်ကျဆင်းခဲ့လို့ အိန္ဒိယပဲကုန်သည်တွေက ထိန်းဝယ်ယူနေတာကြောင့် ဈေးပြန်ကျဆင်းခဲ့တာဖြစ်တယ်လို့ ကုန်သည်အချို့ကပြောဆိုထားသည်။ ဒါ့အပြင် မကြာမီလပိုင်းအတွင်းမှာလဲ အိန္ဒိယနိုင်ငံမှာ ပဲအသစ်ပေါ်လာတော့မှာဖြစ်လို့ အိန္ဒိယပဲကုန်သည်တွေက ဝယ်ယူမှုအနည်းငယ် ပြန်အေးသွားတယ်လို့ သိရပါတယ်။ သြဂုတ်လမှာ အိန္ဒိယကိုတင်သွင်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းတောင်သူတွေအနေနဲ့ကလဲ ဈေးစောင့်ပြီး အရောင်းအဝယ်လုပ်မှု နည်းနေတယ် တယ်လို့သိရပါတယ်။ မုံရွာဈေးကွက်မှာလည်း မတ်ပဲက ၂၀ပိသာတစ်တင်းဈေးနှုန်းကို ၂၄၀၀၀ ကျပ်ပေါက်ဈေးရှိပြီး၊ ၂၅၀ကျပ်ဈေး ကျဆင်းခဲ့ပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးထပ်မံကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၉၀၂၀၀၀ ဈေးရှိခဲ့ပြီး၊၈၀၀၀ ကျပ်ဝန်းကျင် ဈေးထပ်မံကျဆင်းခဲ့ပါတယ်။ တောင်သူတွေက ဈေးအတက်ကိုစောင့်ပြီး၊ အရောင်းအဝယ်မလုပ်တဲ့အတွက် ဈေးကွက်မှာ ပဲစင်းငုံအရောင်းမရှိဘဲ ဈေးကျဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယက ပဲစင်းငုံတန်ချိန် လေးသိန်းထိ ပြည်ပကနေဝယ်ယူတင်သွင်းမှာ ဖြစ်ပြီး၊ ပြည်တွင်းမှာ လက်ကျန်က နည်းနေတာကြောင့် ဈေးက ယခုထက်ထပ်မံကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက ခန့်မှန်းထားကြပါ တယ်။
မုံရွာ ဈေးကွက်မှာလည်း ၂၀ပိသာ တစ်တင်းကို ၃၁၀၀၀ ကျပ်ဈေးရှိပြီး၊ ၈၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ ပခုက္ကူ ဈေးကွက်မှာတော့ ပဲစဉ်းငုံ( အနီ)ကတစ်ပိသာကို ၁၅၇၅ ကျပ်ဈေးရှိပြီး၊ ၆၀ကျပ်ဈေးကျဆင်းခဲ့ပါတယ်။
စားသုံးဆီ
ဒီတစ်ပတ်မှာ စားအုန်းဆီနဲ့ မြေပဲဆီက ဈေးတက်နေပြီး၊ နှမ်းဆီကတော့ ဈေးငြိမ်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း စားအုန်းဆီက တစ်ပိသာကို ၁၅၇၀ ဈေးပေါက်ပြီး ၂၀ကျပ် ၊မြေပဲဆီကတစ်ပိသာ ကို ၇၂၀၀ ကျပ်နဲ့ ၅၀၀ကျပ် အသီးသီးဈေးတက်လာပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ စားအုန်းဆီ (ရိုးရိုး) ကတစ်ပိသာကို ၁၅၂၀ ကျပ်ဈေးရှိပြီး၊ ၂၀ကျပ်၊ မြင်းခြံကုည်စည်ဒိုင်မှာ စားအုန်းဆီက တစ်ပိသာ ကို ၁၆၀၅ ကျပ်ဈေးရှိပြီး၊ ၈၀ကျပ်အသီးသီးဈေးတက်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာလည်း စားအုန်းဆီကမှုရင်း လက်ကားဈေး တစ်ပိသာကို ၁၄၈၀ ပေါက်ဈေးရှိပြီး တစ်ပိသာကို ၁၀ကျပ်ဈေးထပ် တက်လာခဲ့တာပါ။ မြေပဲဆီက တစ်ပိသာကို ကျပ် ၆၃၀၀၊ နှမ်းဆီက တစ်ပိသာကို ကျပ် ၇၅၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးထပ်မံကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ကုလားပဲက တရုတ်ကနေ တရားမဝင် တစ်ရက်ကို အစီး၅၀ ဝန်းကျင်ဝင်ရောက်မှုတွေ ရှိနေတာကြောင့် ဈေးကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါသေး က ၁၉ပိသာ တစ်တင်းကို ကျပ် ၂၆၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၂၀၀ကျပ်၊ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၆၆၀၀ ကျပ်ဈေးရှိပြီး၊ ၃၀၀ကျပ် ဈေးထပ်မံကျဆင်းခဲ့ပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲ (လုံးဝါကြီး) က တစ်ပိသာကို ၁၃၉၅ကျပ်ဈေးရှိပြီး ၃၁ကျပ်၊ ကုလားပဲ (လုံးဖြူကြီး)က တစ်ပိသာကို ကျပ် ၁၃၉၅ကျပ်ဈေးရှိပြီး၊ ၂၆ကျပ် ဈေးကျဆင်းနေပါတယ်။
မြင်းခြံကုည်စည်ဒိုင်မှာ ကုလားပဲလုံးဝါ (ကြီး)က တစ်ပိသာကို ကျပ် ၁၄၂၅ ကျပ်ဈေးပေါက်ပြီး၊ ၁၅ကျပ်၊ ကုလားပဲလုံးဖြူ (ကြီး)က တစ်ပိသာကို ကျပ် ၁၃၇၅ ကျပ်ဈေးရှိပြီး၊ ၄၀ကျပ်ဈေးအသီးသီးကျဆင်းနေပါတယ်။
စိုးချစ်ချစ်ပိုင်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026