ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ
မတ်ပဲ (FAQ/RC)
ပဲတင်ပို့မှုနဲ့ပတ်သတ်ပြီး လက်ရှိအချိန်ထိ အိန္ဒိယအစိုးရက တိကျတဲ့အခြေအနေနဲ့အချိန်ကို ထုတ်ပြန်ပေးမှု မရှိသေးပါဘူး။ ဒါပေမယ့် အိန္ဒိယက အဆိုပါအခြေအနေနဲ့ပတ်သတ်ပြီး မကြာခင် ထုတ်ပြန်ကြေညာပေးသွားမယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပါတယ်။ ထိုသို့တိကျတဲ့ အခြေအနေမရှိသေးတဲ့အတွက်ကြောင့် ဈေးကွက်အတွင်းမှာလည်း စောင့်ကြည့်နေရတဲ့အခြေအနေတွေဖြစ်နေပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကတော့ ဝယ်ယူဖို့ သဘောတူညီချက်ထုတ်ပြန်ပြီး မကြာခင်မှာ အမှန်တကယ် ဝယ်ယူမယ့်တန်ချိန်ကို မေလမှာ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။ ကုန်သည်တွေကလည်း ဒီလမှာထုတ်ပြန်နိုင် ခြေရှိတယ်ဆိုတဲ့အချက်တွေကြောင့် မတ်ပဲကလည်း ဈေးကလည်း နှစ်ပတ်ဆက်တိုက်တက်နေခဲ့ပါတယ်။
ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ငွေကျပ် ၈ သိန်း ၅ သောင်းအထိ ဈေးက မြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်း တစ်တန်ကို ၃ သောင်းလောက်တက်လာခဲ့ပါတယ်။
မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၅၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပေမယ့် နေပြည် တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၂ ၀၀ ကျပ်ရှိပြီး ၁၂ ၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာ တော့ တစ်တင်းကို ၂၇၃၀၀ ကျပ် ရှိပြီး ၁၃၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။တစ်ပတ်အတွင်းမှာ ဈေးအတက်အကျလည်း များနေခဲ့ပါတယ်။ လက်ရှိအချိန်အထိကို ပဲစင်းငုံနီ RC ၂၀၁၇ ကိုသာ တင်ပို့နေတာ ဖြစ်တဲ့အတွက်ကြောင့် တင်ပို့မှုနည်းရင် ဈေးက မြင့်တဲ့အနေအထားဖြစ်ပါတယ်။
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ဈေးအတော်မြင့်တက်နေတဲ့အခြေအနေလည်းဖြစ်ပါတယ်။ အခြား ပြည်ပနိုင်ငံတွေကလည်း ဝယ်ယူနေတဲ့အတွက် ဈေးကတော့ ဆက်ပြီး ကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်အများစုက သုံးသပ်ထားပါတယ်။
အိန္ဒိယကလည်း တန်ချိန် ၂ သိန်းဝယ်ယူမယ်ဆိုတဲ့အတွက်ကြောင့် အမှန်တကယ်ဝယ်ယူမယ့် တန်ချိန်အရေအတွက်သာ မကြာခင် ထွက်ရှိလာပါက ထပ်ပြီး ဈေးတက်နိုင်ခြေရှိတယ်လို့လည်း သုံးသပ်ထားကြပါတယ်။
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တန်ကို ၉၇၀၀၀၀ ကျော်ရှိပြီး ထောင် ဂဏန်းလောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၀၀၀ နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၃၀၀ ကျပ်ရှိပြီး ၁၇၀၀ ကျပ် ဈေးတက်လာပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၉၀၀ ကျပ် ရှိပြီး တစ်တင်းကို ၁၄၀၀ ကျပ် ဈေးတက်လာပါတယ်။
ပြည်ကုန်စည်ဒိုင်မှတော့ တစ်တင်းကို ၂၉၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ သင်္ကြန်ကာလပြီးကတည်းက ဈေးကွက်ထဲကို ပဲအသစ်တွေ ဆက်တိုက်ကို ဝင်ရောက်နေပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်နေတဲ့အတွက်ဈေးကတက်နေခဲ့တာလည်းဖြစ်ပါတယ်။
ဈေးကွက်ထဲကို အသစ်တွေ ဝင်ရောက်နေပေမယ့် နယ်စုံဝင်ရောက်နေတာ မဟုတ်သေးတဲ့အတွက် ဈေးကတက်နေပေမယ့် လာမယ့် လအတွင်း နယ်စုံမှဝင်ရောက်လာပါက ဈေးက ကျဆင်းနိုင်တယ်လို့ကုန်သည်တွေက ဆိုပါတယ်။ လက်ရှိမှာတော့ ဝင်သလောက် အရောင်းအဝယ်ဖြစ်နေတဲ့အခြေအနေ လည်းဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၂၉၀၀၀ ကနေ ၄၄၄၀၀ အထိ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ အထိ ဈေးတက်လာခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၀၀၀ ကနေ ၄၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
အချို့နယ်ကုန်စည်ဒိုင်တွေမှာတော့ ပဲတီစိမ်းကအဟောင်းတွေက ဈေးကွက်ထဲမှာ မရှိသ လောက်ဖြစ်နေပါတယ်။
ကုလားပဲ
ကုလားပဲကတော့ အချို့ဒေသတွေမှာ အတက်ဈေးနဲ့ ရှိနေပြီး အချို့ဒေသတွေမှာတော့ ဈေးငြိမ်နေပါတယ်။ ပြည်တွင်း ပဲခွဲစက်တွေကတော့ ပုံမှန်အဝယ်ရှိနေခဲ့တဲ့အတွက်ဈေးကတော့ အကျဈေးမရှိတာကိုတွေ့ ရပါတယ်။
မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၅၀၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေး ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၆၇၀၀ ကနေ ၂၇၇၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၈၀၀၀ ကျော်ရှိပြီး တစ်တင်းကို ၄၇၅ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၈၅၀၀ ကျပ်ရှိပြီး ၂၃၇၅ ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၃၀၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီးတော့ တစ်တင်းကို ၂၈၀၀၀ ကျပ်ရှိပြီး ၁၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
မဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....