ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ဆန်ချောဈေးတွေတက်လာခဲ့ပြီး ဆန်ကြမ်းဈေးတွေကတော့ ကျဆင်းသွားခဲ့ပါတယ်။ အတက်အကျတွေရှိနေပမယ့် ဆန်ကတော့ အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်ကလည်း အေးနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပေါ်ဆန်းဆန်က တစ်အိတ်ကို တစ်ပတ်အတွင်း ၁၅၀၀ ကျပ် ဈေးတက်လာခဲ့ပြီး တစ်အိတ်ကို ၃၇၀၀၀ ကနေ ၄၀၀၀၀ ကျပ်ရှိပါတယ်။
ကြားပျံကတော့ တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ဧည့်မထ ၂၅ မှတ်တန် ဆန်ကတော့ တစ်အိတ်ကို ၁၇၀၀၀ ကနေ ၁၇၃၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ် လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်မှာလည်း ဆန်ချောဈေးတွေက တက်နေသလို ပုသိမ်ဆန်စပါးဈေးကွက်မှာလည် ဈေးတက်နေပါတယ်။ ဒေးဒရဲပေါ်ဆန်းစပါးက တင်းက ၁၀၀ ကို ၈၇၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းမွှေးကတော့ တင်း ၁၀၀ ကို ၈၈၄၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယဝယ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်ရှိအချိန်ထိ တိကျမှုမရှိတဲ့အတွက် ဈေးက အနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ ရွေးကောင်းပွဲအခြေအနေတွေကြောင့် မတ်ပဲ ဝယ်ယူမှုကို ရပ်ထားတယ်ဆိုတဲ့သတင်းတွေကြောင့် မတ်ပဲလတ်တလော အနည်းငယ်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ကုန်သည်တွေကတော့ လက်ရှိဈေးကျချိန်မှာ ဝယ်ယူထားဖို့ တိုက်တွန်းထားတာကိုလည်းတွေ့ရပါတယ်။ မတ်ပဲက ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၂၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၂ သောင်းကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၅၂၅၀ ကျပ်ရှိပြီး ၂၅၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြိး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ်နဲ့ ၃၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၈၀၀ ကျပ်ရှိပြီး ၆၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အဟောင်းတွေက အဝင်နည်းလာတဲ့အတွက်ကြောင့် ရက်ခြားသာအရောင်းအဝယ်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ပဲစင်းငုံနီကလည်း လက်ရှိမှာ အိန္ဒိယဝယ်ယူမှုကို စောင့်ဆိုင်းနေတဲ့ အခြေအနေဖြစ်ပါတယ်။
အခြားနိုင်ငံတွေကို ရောင်းချနေတဲ့အတွက် ဈေးကတော့မြင့်နေပြီး အိန္ဒိယသာဝယ်ယူမှု ပြန်ရှိလာပါက ၁၀ သိန်းကျော်အထိ မြင့်တက်နိုင်တယ်လို့ ကုန်သည်တွေကလည်း သုံးသပ်ထားပါတယ်။ ပြည်ပတင်ပို့မှုက ဈေးကျဆင်းနေပယ့် ပြည်တွင်း ဝယ်လက်မှာတော့ အရောင်းအဝယ်ဖြစ်နေတဲ့ အတွက်ဈေးကတော့ တက်နေတာတွေ့ရပါတယ်။
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တန်ကို ၉၆၂၀၀၀ ကျော်ရှိပြီး ထောင်ဂဏန်းလောက် ဈေးကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၀၀၀ ကျပ်ရှိပြီး ၁၃၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၈၀၀ နဲ့ ၈၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၂၀၀ ကျပ် ရှိပြီး တစ်တင်းကို ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှတော့ တစ်တင်းကို ၃၁၅၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
ပဲတီစိမ်း
သင်္ကြန်ကာလကတည်းက ဈေးဆက်တိုက်တက်နေခဲ့တဲ့ ပဲတီစိမ်းက ဒီတစ်ပတ်မှာတော့ ဈေးငြိမ်သွားပြီး နယ်အချို့မှာတော့ ဈေးကကျဆင်းသွားခဲ့ပါတယ်။ နယ်ပေါင်းစုံကနေ အသစ်တွေ ဆက်တိုက်ဝင်ရောက်နေတာဖြစ်တဲ့အတွက် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ပေမယ့် ဈေးကတော့ ငြိမ်နေခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၂၉၀၀၀ ကနေ ၄၂၅၀၀ အထိ ပေါက်ဈေးရှိပြီး ၁၆၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၅၀၀၀ ကနေ ၄၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆင်ဖြူကျွန်းမှာလည်း တစ်တင်းကို ၄၁၀၀၀ ရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ ဒီတစ်ပတ်မှ စပြီး ၃၇၃၀၀ နဲ့ ဈေးစဖွင့်ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၈၉၅၀ နဲ့ ဈေးပြန်ဖွင့်ထားပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားပြီး အချို့နယ်တွေမှာတော့ ဈေးက ငြိမ်နေခဲ့ပါတယ်။ အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်အေးနေတဲ့အတွက်ဈေးက ငြိမ်ပြီးကျဆင်းတာဖြစ်တယ်လို့ နယ်ကုန်စည်ဒိုင်တွေကနေတဆင့် သိရပါတယ်။
မုံရွာဈေးကွက်မှာတော့ ထောပတ်ပဲက တစ်တင်းကို ၃၄၀၀၀ နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၁၇၀၀ ရှိပြီး ၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၆၀၀ ကျပ်ရှိပြီး ၅၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မြေပဲဆန်(လုံးဆံ၊ဆီဆံ)
ဒီတစ်ပတ်မှာတော့ မြေပဲဆန်(လုံးဆံ)က ဈေးအတက်အကျမတည်ငြိမ်ပေမယ့် (ဆီဆံ)ကတော့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ အဝင်များလာတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဈေးကျဆင်းနေပေမယ့် အချို့ဒေသတွေမှာတော့ ဝယ်လိုအားပေါ်မူတည်ပြီး ဈေးက အတက်အကျအပြောင်းအလဲကတော့ ရှိနေခဲ့ပါတယ်။
မုံရွာဈေးကွက်မှာ မြေပဲဆန်(လုံးဆံ)ကတော့ တစ်ပိဿာကို ၂၉၂၅ ကျပ်ရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းပေမယ့် ဆီဆံကတော့ ၂၈၀၀ ကျပ်နဲ့ဈေးငြိမ်ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း မြေပဲဆန်(လုံးဆံ)က တစ်ပိဿာကို ၃၀၆၇ ကျပ်ရှိပြီး ၈၃ ကျပ် ဈေးကျဆင်းကာ ဆီဆံ ကတော့ တစ်ပိဿာကို ၂၈၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
နေပြည်တော်ကုန်စည်ဒိုင်မှာတော့ မြေပဲဆန်(လုံးဆံ)က တစ်ပိဿာကို ၃၅၀၀ နဲ့ ၃၀၀ ကျပ်ဈေးတက်လာခဲ့ပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀၀၀ ကျပ် နဲ့ ၅၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ဆီဆံတို့ကတော့ တစ်ပိဿာကို ၂၆၀၀ ကနေ ၂၉၀၀ နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။
ဝတ်ရည်မွန်(AMIA)

နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....