အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပျစ်ပင်ကို အတန်းလိုက်စိုက်နည်းစနစ်(ကြိုးတန်းစနစ်)ဖြင့် စိုက်ပျိုးသူများပြားလာ

စပျစ်ပင်ကို အတန်းလိုက်စိုက်နည်းစနစ်(ကြိုးတန်းစနစ်)ဖြင့် စိုက်ပျိုးသူများပြားလာ

    စပျစ်စိုက်ပျိုးရာမှာ အများစုက (မိရိုးဖလာ) စင်တင်စိုက်နည်းဖြင့်သာ စိုက်ပျိုးခဲ့ကြပြီး ယခုနောက်ပိုင်းကာလများတွင် အတန်းလိုက်စိုက်ပျိုးနည်းဖြင့် စမ်းသပ်စိုက်ပျိုးသူ များပြားလာကြောင်း သိရသည်။

    အတန်းလိုက် ကြိုးတန်းစနစ်ကို “ဝိုင်”ထုတ်လုပ်သည့် စပျစ်မျိုးများတွင်သာ စိုက်ပျိုးလို့ရပြီး၊ ကျန်စပျစ်မျိုးများကို အတန်းလိုက်စနစ်ဖြင့်စိုက်ပါက အထွက်နှုန်းနည်းနိုင်သည်ဟူသည့် အယူအဆများအား ထိုးဖောက်၍ အတန်းလိုက်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးလာကြခြင်းဖြစ်သည်။

အတန်းလိုက်စနစ်ကို ၂၀၀၄ ခုနှစ်မှာ စတင်လေ့လာပြီး ၂၀၀၆ ခုနှစ်မှာ စတင်စမ်းသပ် စိုက်ပျိုးခဲ့တယ်။ (၅)နှစ်လောက် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး အလွဲပေါင်းများစွာ အတွေ့အကြုံများစွာ ရခဲ့တယ်။ နောက်ဆုံးမှာ စင်တင်စနစ်နှင့် အတန်းစနစ်ကြားက ကွာဟမှု၊ နည်းစနစ် ရောထွေးနေမှုတွေကို သိလာတယ်။ အခုဆို ဒေသတော်တော်များများက စပျစ်ဝါသနာရှင်တွေနဲ့ စပျစ်စိုက်သူတွေလည်း ကျွန်တော်တို့နဲ့ လက်တွဲပြီး အတန်းလိုက်စနစ်နဲ့ စမ်းသပ်စိုက်ပျိုးနေပါပြီ။

ဟု မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ဆေးပုလဲကုန်းရွာရှိ “ပုလဲ”စပျစ်စိုက်ပျိုးရေးမှ ကိုလှိုင်ထွန်းက ပြောသည်။

    အတန်းလိုက်စနစ်သည် စင်တင်စနစ်ထက် လုပ်သားအင်အားသက်သာခြင်း၊ အပင်ထွက်နှုန်း နည်းသော်လည်း တစ်ဧကထွက်နှုန်းမှာ စင်တင်စနစ်နှင့် တန်းတူထွက်ရှိနိုင်ခြင်း၊ စပျစ်အရည်အသွေး ပိုမိုကောင်းမွန်ခြင်း၊ သွင်းအားစုစရိတ် ၃၀ ရာခိုင်နှုန်းကျော်ခန့် သက်သာခြင်း စသည့်အားသာချက်များရှိကြောင်း သိရသည်။

စင်တင်စနစ်နှင့်အတွေ့အကြုံရှိသူ အများစုအနေနဲ့ အတန်းလိုက်စနစ်နဲ့ စပျစ်စိုက်ပျိုးတဲ့ချိန်မှာ စပျစ်ပင် မိန်းကိုင်းယူခြင်း၊ သီးကိုင်းဖြတ်ခြင်းတွေကို စနစ်(၂)ခု ရောထွေး အသုံးချမိတတ်တာကိုတော့ သတိပြုဖို့ လိုအပ်ပါတယ်။

ဟု ကိုလှိုင်ထွန်း က ဆက်လက်ပြောသည်။

    စပျစ်ပင် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးခြင်းကို မုံရွာ၊ ပခုက္ကူ၊ မြင်းမူ၊ မြစ်ကြီးနား၊ နောင်ချို၊ ဆိပ်ဖြူ၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကောင်း၊ မကွေး၊ မင်းဘူး၊ မန္တလေး၊ ရမည်းသင်း၊ ပုသိမ်ကြီး၊ တမူး စသည့်ဒေသများတွင် စမ်းသပ်စိုက်ပျိုးနေသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

1
myo lay

myo lay

လွန်ခဲ့သော ၂ နှစ် က

စပျစ်စိုက်ပျိုးနည်းအသေးစိတ်သိချင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။