မူဆယ် (၁၀၅) မိုင်ရှိ သီးနှံအချို့ဈေးတက်
မြန်မာကျပ် ၂၀၀၀၀ တန် ငွေစက္ကူထွက်မယ်ဆိုတဲ့အကြောင်းကို ၂၃.၇.၂၀၂၃ (တနင်္ဂနွေနေ့) မှာ ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ထိုထုတ်ပြန်ချက်အပြီး ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာ ဆန်အမျိုးအစားအားလုံးနီးပါး ဈေးတွေတက်လာခဲ့ပေမဲ့ မူဆယ် (၁၀၅ မိုင်) နယ်စပ်ဈေးကွက်မှာ ၂၅.၇.၂၀၂၃ ထိ ဈေးအပြောင်းအလဲမရှိခဲ့ရာကနေ ယနေ့ ၂၆ ရက်မှာတော့ ဈေးတွေ တက်လာခဲ့ပါတယ်။
ဇယားကွက်ဟာဆိုရင် ဇူလိုင် ၂၅ ရက် (အင်္ဂါနေ့)နဲ့ နှိုင်းယှဉ်ထားတဲ့ဈေးနှုန်းတွေဖြစ်ပြီး ပြောင်းဖူးစေ့နဲ့ နှမ်းစားပြောင်းကလွဲလို့ ကျန်တဲ့သီးနှံအားလုံး ဈေးတက်သွားတာပါ။ ဒီအထဲကမှ ထူးထူးခြားခြား ပဲကြီးကတော့ ၂ ဒေါ်လာဈေးကျသွားခဲ့တာကိုလည်း တွေ့နိုင်ပါတယ်။
ဘယ်သီးနှံတွေ ဘယ်လောက်ဈေးအပြောင်းအလဲဖြစ်သွားလဲဆိုတာကိုတော့ အောက်ပါ ဇယားကွက်မှာ ကြည့်နိုင်ပါတယ်။ (အပြောင်းအလဲဖြစ်သွားတဲ့အမျိုးအစားတွေကို အရောင်များနဲ့ ဖော်ပြပေးထားပါတယ်)

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအထိမ်းအမှတ်နဲ့ ဆင်ဖြူတော်ရတနာ ‘ရဋ္ဌနန္ဒက’ ၏ တစ်နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေဖြင့် ဇူလိုင် ၃၁ ရက်မှာ ‘နှစ်သောင်းကျပ်တန်’ ငွေစက္ကူအမျိုးအစားသစ်ကို ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင် ၂၃ ရက် က ထုတ်ပြန်ခဲ့ပါတယ်။
‘ယင်းငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေသောငွေစက္ကူများအနက် ဟောင်းနွမ်းပြီး လှည့်လည်သုံးစွဲရန်မသင့်သော ငွေ စက္ကူအမျိုးအစားအသီးသီးတို့နှင့် ‘တန်ဖိုးတူ’ လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည် ဖြစ်ပါ သည်’ လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီထုတ်ပြန်ချက်ကြောင့် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတွေတက်လာမှာကို ပြည်သူတွေက စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဗဟိုဘဏ်ဘက်ကတော့ အခုလို ‘ နှစ်သောင်းကျပ်တန်ငွေစက္ကူထုတ်ဝေခြင်းဟာ အမှတ်တရ အနေဖြင့် လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ် ပေးခြင်းဖြစ်၍ လည်းကောင်း ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း ဖော်ပြအပ်ပါသည်’ လို့ သတင်းထုတ်ပြန်ထားပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Aung
လွန်ခဲ့သော ၂ နှစ် ကကြောင်မှန်းဈေးကွက်
Aung
လွန်ခဲ့သော ၂ နှစ် ကကြောင်မှန်း
U Han Htun
လွန်ခဲ့သော ၃ နှစ် ကစိုက်ပျိုးေးလုပ်ငန်းအဆင်မပြေလို့ဖြစ်မယ်ဈေးကောင်းရကြပါစေဦးကြီးတို့ရေ
Win Tint
လွန်ခဲ့သော ၃ နှစ် ကး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026