ဈေးကွက်ခိုင်မာမှုရှိစေရန် သီးနှံတစ်ခုချင်းစီအလိုက် အထူးပြုပညာရှင်များ လိုအပ်နေ
ပြည်တွင်း၌ စိုက်ပျိုးနေသော သီးနှံများ ဈေးကွက်ကောင်းမွန်ခိုင်မာမှုရှိစေရန် သီးနှံတစ်ခုချင်းစီအလိုက် အထူးပြုပညာရှင်များ လိုအပ်နေကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။
သီးနှံတစ်ခုချင်းစီမှာ အထူးပြုတဲ့ပညာရှင် မရှိဘူးဖြစ်နေတယ်။ တောင်သူတွေ ဈေးကောင်းရဖို့ဆိုရင် ကြက်သွန်ဆိုလည်း ကြက်သွန်နဲ့ပတ်သက်တဲ့ အထူးပြုပညာရှင်ရှိဖို့ လိုအပ်နေတယ်။ တချို့သီးနှံတွေ ဈေးမကောင်းဘူးဆိုတာ ဘယ်နေရာကြောင့် ဈေးမကောင်းတာလဲဆိုတဲ့အဖြေကို ဘယ်သူကမှ ပြဿနာဖြေရှင်းဖို့ လုပ်တာမတွေ့ရဘူး။ တောင်သူတွေကို မျိုးရောင်းဖို့တစ်ခုတည်း မပြောသင့်ဘူး။ မျိုးရောင်းပြီးရင် ထွက်လာတဲ့သီးနှံကိုလည်း ဝယ်ပေးတာမျိုး လုပ်ဆောင်သင့်ပါတယ်။
ဟု ကော်ဖီစိုက်ပျိုးရေးအထူးပြု ပညာရှင် ဦးစောရန်နိုင်စိုးက ပြောသည်။
သီးနှံတစ်ခုချင်းစီအလိုက် အထူးပြုပညာရှင်များ ပေါ်ထွန်းလာပါက သက်ဆိုင်ရာသီးနှံအတွက် သင့်လျော်သော စိုက်ပျိုးချိန်၊ ဈေးကွက်လိုအပ်ချက်အလိုက် စိုက်ပျိုးထုတ်လုပ်သင့်သည့် ပမာဏ၊ လိုအပ်သောအရည်အသွေး ထိန်းချုပ်စိုက်ပျိုးခြင်းများကို အဆင့်ဆင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။
ဥပမာ - ကော်ဖီဈေးကွက် မကောင်းတဲ့အချိန်မျိုး ကျွန်တော်တို့တွေ ကြုံခဲ့ဖူးတယ်။ ဝယ်မယ့်သူမရှိတာတို့၊ အပင်တွေခုတ်ပစ်တာမျိုး အချိန်တွေလည်း ကြုံခဲ့ဖူးတယ်။ အဲ့ဒီအခါ ဘာကြောင့်ဖြစ်တာလဲဆိုတာကို ကျွန်တော်တို့ ၂၀၀၃ - ၂၀၀၄ ခုနှစ် လောက်ကစပြီး ပရောဂျက်တွေ တွဲလုပ်ပြီး သုတေသနပြုခဲ့တဲ့အတွက် ၂၀၀၇ - ၂၀၀၈ ခုနှစ်လောက်ကစပြီး ကော်ဖီဈေးက တောက်လျှောက် အတက်ဘက်ချည်းပဲ။ ပြောချင်တာက ကျွန်တော်တို့ ကော်ဖီသီးနှံတင်မဟုတ်ဘဲ တခြားသီးနှံတွေမှာလည်း ဒီလိုမျိုး သုတေသနပြု အဖြေရှာစေချင်ပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်ပြီး ၇၀ ရာခိုင်နှုန်းဝန်းကျင် ပြည်သူများသည် စိုက်ပျိုးရေးနှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသော်လည်း ယခုဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအပြောင်းအလဲများနှင့် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားသည့် အခြေအနေအရပ်ရပ်တို့ကြောင့် စိုက်ပျိုးသီးနှံအများစု ဈေးကွက်ပျက်ယွင်းခြင်းကို ကြုံတွေ့ခံစားနေကြရသည်။
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022