မင်းတပ်ကို စားနပ်ရိက္ခာထောက်ပံ့ရန် WFP ပြင်ဆင်နေ
မင်းတပ်မြို့ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများထောက်ပံ့နိုင်ရန် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အနေဖြင့် နည်းလမ်းများရှာဖွေလျှက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Marcus Prior က Green Way ကိုပြောသည်။
WFP ဟာမင်းတပ်မြို့ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ စားနပ်ရိက္ခာအထောက်အပံ့လိုအပ်ချက် ဖြစ်ပေါ်လာတဲ့အခြေအနေ၊ ဒေသအတွင်း မိတ် ဖက်အဖွဲ့အစည်းတွေကနေတစ်ဆင့်ပဲဖြစ်ဖြစ် WFP အနေနဲ့ ထိခိုက်နစ်နာရတဲ့ မိသားစု လူမှုအသိုင်းအဝိုင်းတွေထံကို အထောက်အပံ့တွေပေးပို့နိုင်မယ့် အခြေအနေတွေပေါ်မူ တည်ပြီး အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးနိုင်ဖို့ နည်းလမ်းတွေ ကိုရှာဖွေနေပါတယ်
ဟုပြောသည်။
ချင်းပြည်နယ်တွင်း စိုက်ပျိုးနိုင်သော မြေယာ ၂၃ သိန်းကျော်ရှိသော်လည်း အသားတင် စိုက်ပျိုးမြေမှာ ၂ သိန်းသာရှိသည်။ အသားတင်စိုက်ပျိုးမြေထဲတွင် လယ်စပါးစိုက်ဧက ၂၅၅၈၉ ဧက၊ တောင်ယာစပါးစိုက်ဧက ၅၃၂၆၂ ဧကရှိပြီး တစ်ပြည်လုံး၏ ပျှမ်းမျှ စပါး အထွက်နှုန်းမှာ တင်း ၄၀ ကျော်သာရှိသည်။ ယင်းပမာဏသည် တစ်ပြည်လုံးစပါးအထွက်နှုန်းနှင့်နှိုင်းယှဉ်ပါက တင်း ၂၀ ခန့် လျော့နည်းနေခြင်းဖြစ်သည်။ ချင်းပြည် နယ်၏ စိုက်ပျိုးရေးလုပ်ငန်းမှာ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်မှု၊ စိုက်ပျိုးရေးနည်းပညာများ အသုံးပြုနိုင်ရန် အကူအညီများ လိုအပ်နေသည့်အတွက် မိရိုးဖလာစိုက်ပျိုး နည်းစနစ်များနှင့် ဗီဇယုတ်လျော့လာသဖြင့် သွေးသစ်လောင်းပေးရန်လိုအပ်နေသော ဒေသမျိုးများကိုသာ အဓိကထား စိုက်ပျိုးထုတ်လုပ်နေရသည်။ ထို့ကြောင့် ချင်းတောင်သူများ စစ်ဘေးရှောင်နေရသည့်အတွက် ယခုလိုမိုးရာသီစိုက်ပျိုးချိန်တွင် သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိပါက လာမည့်နှစ်များအတွက် စိုက်ပျိုးထုတ်လုပ်နိုင်ရန် မျိုးစေ့လိုအပ်ချက်များရှိလာမည်ဖြစ်ပြီး စားနပ်ရိက္ခာအခက်အခဲမှာ ပို၍ကြီးမာလာ ဖွယ်ရှိကြောင်း မင်းတပ်ဒေသခံ ကော်ဖီစိုက်ပျိုူးထုတ်လုပ်တင်ပို့ရောင်းချသူ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
အခုက ဒီလိုဖြစ်ပြီးမှတော့ တောင်ယာတွေ ဘယ်သူမှ မလုပ်နိုင်တော့ဘူးလေ။ မလုပ်နိုင်တော့ဘူးဆိုတော့ ကျွန်တော်တို့ အပြင်ထွက်ဖို့အရေးကိုတောင်မှ တော်တော်လေးကို အခြေအနေအရ ဘယ်သူမှမထွက်ရဲတဲ့အနေထားမှာဆိုတော့ တောင်ယာလုပ်လို့မရတော့ဘူးပေါ့နော်။ ဆိုတော့ အဲ့လိုဟာမျိုးအနေထားနဲ့ဆိုရင် တော်တော်လေးကို အခက်အခဲဖြစ်လိမ့်မယ်။ အဲ့ဒါက ဒီတစ်နှစ်ထဲအတွက်မဟုတ်တော့ဘူး။ နောက်နှစ်၊ နောက်နှစ်တွေပါ ထိခိုက်မှုရှိမယ်။ မျိုးတွေက ဒီနှစ်ကရတဲ့ဟာတွေလည်း နောက်နှစ်ပြန်သုံးရတာ။ ဒီနှစ်မလုပ်ဘူးဆိုရင် ဘယ်ကမျိုး ပြန်သုံးမလဲ။ ဒါကအရေးကြီးလာပြီ။ ဒီနှစ်မှာ ခက်ခဲမှုထက် နောက်နှစ်ရဲ့ အခက်အခဲက ပိုပြီးတော့မှ များလာလိမ့်မယ်
ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုအခါတွင် ဆက်သွယ်စုံစမ်းမှုများအရ မင်းတပ်တွင် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ရှစ်ထောင်ကျော်ရှိလာပြီဖြစ်သည််။
မိမိဇော်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026