အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးစရိတ်ချေးငွေများအပေါ် အတိုးနှုန်းများ လျော့ချပြင်ဆင်ကောက်ခံသွားမည်

စိုက်ပျိုးစရိတ်ချေးငွေများအပေါ် အတိုးနှုန်းများ လျော့ချပြင်ဆင်ကောက်ခံသွားမည်

Green Way
Green Way • Greenovator • 07/04/2020

    မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူလယ်သမားများအတွက်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးချေး ငွေများထုတ်ချေးခဲ့ရာ ၂၀၂၀ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစတင်ပြီး စိုက်ပျိုးစရိတ်ချေးငွေများအပေါ် ကောက်ခံတဲ့အတိုးနှုန်းများ လျော့ချပြင်ဆင်ကောက်ခံသွားမှာဖြစ်ကြောင်း စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

    စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သူ တောင်သူဦးကြီးများအနေနဲ့ စိုက်ပျိုးရေးဆိုင်ရာချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ရရှိနိုင်ရေးအတွက် လက်ရှိထုတ်ချေးပေးလျက်ရှိသော စိုက်ပျိုးစရိတ် ချေးငွေနဲ့ JICA, Tow Step Loan ချေးငွေ ၊ MEB ၊ Two Step Loan ချေးငွေများအပေါ် ကောက်ခံတဲ့အတိုးနှုန်းများကို လျော့ချပြင်ဆင်ကောက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။

    စိုက်ပျိုးစရိတ်ချေးငွေအမျိုးအစားကို တစ်နှစ်လျှင် ယခင်အတိုးနှုန်း ၈ ရာခိုင်နှုန်းအစား အခုလက်ရှိအတိုးနှုန်း ၇ ရာခိုင်နှုန်း ၊ JICA, Tow Step Loan ချေးငွေအမျိုးအစားကို တစ်နှစ်လျှင် ယခင်အတိုးနှုန်း ၈ ရာခိုင်နှုန်းအစား အခုလက်ရှိအတိုးနှုန်း ၆.၅ ရာခိုင်နှုန်းနဲ့ MEB ၊ Two Step Loan ချေးငွေအမျိုးအစာကို တစ်နှစ်လျှင် ယခင်အတိုးနှုန်း ၉ ရာခိုင်နှုန်းအစား အခုလက်ရှိအတိုးနှုန်း ၈ ရာခိုင်နှုန်း ကို လျှော့ချပြင်ဆင်ကောက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။

    တောင်သူများရဲ့ စုဆောင်းအပ်နှံငွေအပေါ်  ပေးမယ့်အတိုးနှုန်းကိုလည်း ထုတ်ချေးငွေအပေါ်အတိုးနှုန်းနဲ့ လိုက်လျောညီထွေဖြစ်စေရန် တစ်နှစ်လျှင် ယခင်အတိုးနှုန်း ၈ ရာခိုင်နှုန်းမှ အခုလက်ရှိအတိုးနှုန်း ၆.၅ ရာခိုင်နှုန်း ပြင်ဆင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

    တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်အရင်းအနှီးများအတွက် နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေနဲ့  စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ၂ ဆင့်ချေးငွေ (JICA, Two Step Loan) ချေးငွေတို့ကို မြန်မာ့စီးပွားရေးဘဏ်မှ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။