တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်းအပြောင်းအလဲများ
၃.၇.၂၀၂၃ မှ ၃.၈.၂၀၂၃ အတွင်းဈေးနှုန်းကွာခြားချက်
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကနေ ယခု ဩဂုတ် ၃ ရက်နေ့အထိ တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန်ဈေးနှုန်းတွေ ဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
- ဒီတစ်လအတွင်းမှာ ဆန်ဈေးနှုန်းတွေကတော့ အနိမ့်ဆုံး ၁၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၀,၀၀၀ ကျပ်အထိ တက်သွားခဲ့ပါတယ်။ ဈေးကျသွားတာမျိုး ငြိမ်နေတာမျိုးမရှိဘဲ အကုန်လုံးတက်လာခဲ့တာပဲ ဖြစ်ပါတယ်။
- ကြက်သွန်နီကတော့ ၅၀ - ၁၀၀ ကျပ် ကွာဟချက်နဲ့အတူ ဈေးတက်လာခဲ့တာဖြစ်ပြီး ကြက်သွန်နီ (ဆိတ်ဖြူလတ်ချော) (ပင်လေး) ကတော့ ကျပ် ၅၀ ဈေးကျသွားခဲ့တာကိုလည်း တွေ့နိုင်ပါတယ်။
- ကြက်သွန်ဖြူကတော့ သိသိသာသာဈေးတက်လာခဲ့ခြင်းမရှိဘဲ ငြိမ်နေဆဲပဲ ဖြစ်ပါတယ်။
- ပဲဆီ/နှမ်းဆီ ဈေးနှုန်းတွေလည်း ကျပ် ၅၀၀ ဝန်းကျင်မြင့်တက်သွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဘယ်အမျိုးအစားတွေ ဘယ်လောက်ဈေးအပြောင်းအလဲဖြစ်သွားလဲဆိုတာကိုတော့ အောက်ပါ ဇယားကွက်မှာ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။

အခုလိုမျိုး ဆန်ဈေးနှုန်းတွေ တက်နေတာနဲ့ ပတ်သက်ပြီး တည်ငြိမ်စေဖို့အတွက် ဆန်အရန်အိတ် ၅၀,၀၀၀ ကို ထုတ်ရောင်းပေးသွားပါမယ်။ ဒါ့ကြောင့် စားသုံးသူများအနေနဲ့ ဆန်များကို စိုးရိမ်စိတ်ဖြင့် ဝယ်ယူစုဆောင်းခြင်းမပြုလုပ်ကြဖို့နဲ့ လိုအပ်မှသာ ဝယ်ယူကြစေလိုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင်လ ၂၈ ရက်နေ့မှာ မေတ္တာရပ်ခံခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့မှာ အကောင်အထည်ဖော်ဖို့အစည်းအဝေးကျင်းပခဲ့ပါတယ်။
အစည်းအဝေးပွဲမှာတော့ "၂၅%အဆင့် (Well Milled, Polished & Sortexed) ဧည့်မထဆန်များကို တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ဆန်အိတ်ရေ ၅၀,၀၀၀ အိတ် ကနဦး စတင်ရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်း" ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးကွက်ဈေးနှုန်းများကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် ကသတင်းဈေးကွက်ဌာနAMIA ကပေးပို့လာတဲ့ အချက်အလက်တွေအပေါ်ကြည့်ပြီး သုံးသပ်ထားတာပဲဖြစ်ပါတယ်ရှင့်
Ko Thunt
လွန်ခဲ့သော ၃ နှစ် ကဆန်စျေးက၁လအတွင်း၁သောင်းအများဆုံးမဟုတ်ပါဘူး၂သောင်းကျော်သွားတာပါဗျာ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....