ဖီးကြမ်းငှက်ပျောဝယ်လိုအားကောင်းမွန်နေသော်လည်း ခြံရှင်တချို့အကြောက်လွန်ကာ ဈေးချရောင်းခြင်းများရှိနေ
ဖီးကြမ်းငှက်ပျော ဝယ်လိုအားကောင်းမွန်နေသော်လည်း ခြံရှင်တချို့ အကြောက်လွန်ကာ ဈေးချရောင်းခြင်းများရှိနေကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။
COVID-19 ကြောင့် ဈေးကွက်ထိခိုက်တော့မလို ယူဆခဲ့ကြပေမယ့်လည်း အခုလပိုင်းမှာ ဝယ်လိုအားတွေက မြင့်တက်နေပါတယ်။ သို့သော် COVID-19 ပြင်းထန်လာပြီး ဈေးကွက်ပျက်သွားမှာကို စိုးရိမ်နေကြတာကြောင့် ပွဲစားက ဈေးမချယူပါပဲနဲ့ တောင်သူတွေ၊ ငှက်ပျောခြံရှင်တွေကိုက အကြောက်လွန်ပြီး ဈေးတွေချရောင်းကြလို့ ပွဲစားတွေကတော့ အကြိုက်တွေ့နေကြပါတယ်။
ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်ဇလဲကျေးရွာမှ ဖီးကြမ်းငှက်ပျော စီးပွားဖြစ်စိုက်ပျိုးသူ ကိုမောင်နိုင်က ပြောသည်။
မင်းဘူး_ပဒန်_အမ်း လမ်း ပိတ်ထားသဖြင့် ရခိုင်ပြည်နယ်ဘက်သို့ ငှက်ပျောတင်ပို့မှု ရပ်စဲခြင်းကြောင့် အရောင်းအဝယ်ထိခိုက်မှု အနည်းငယ်ကြုံရသော်လည်း လာမည့် (၂) လတာအတွင်း COVID-19 ကူးစက်မှု ငြိမ်သက်မည်ဆိုပါက တစ်နှစ်တာစိုက်ပျိုးစရိတ်များ ပြန်လည်မြတ်စွန်းလာမည်ဟု တောင်သူများက မျှော်လင့်နေကြသည်။
အခုချိန်ထိတော့ ရောဂါကျရောက်မှု နည်းပါးနေတာလေးကိုက ကျွန်တော်တို့အတွက်က ကံကောင်းခြင်းတစ်ပါးပါပဲ။ လက်ရှိဈေးနှုန်းအရ တစ်ဧကကို သိန်းငါးဆယ်ဝင်ငွေရရှိဖို့ကတော့ အသေအချာပါပဲ။ ဒါက ဈေးချရောင်းတဲ့ တောင်သူတွေရဲ့ဝင်ငွေကို တွက်ပြတာပါနော်။ ဈေးချမပေးပဲ တင်းမာနေတဲ့တောင်သူတွေကတော့ အောက်တိုဘာလအလယ် ရောက်မှသာ အကျိုးအမြတ်အတိအကျက အဖြေပေါ်လာပါမယ်။ ဒါတွေကလည်း အစိုးရအပေါ်မူတည်နေပါသေးတယ်။ အစိုးရကသာ နောက်နှစ်လအတွင်း COVID-19 ကို ထိန်းချုပ်နိုင်ရင် ဈေးချမရောင်းဘဲ တင်းခံထားတဲ့တောင်သူတွေက တစ်ဧကကို သိန်းခုနှစ်ဆယ်ကျော် ဝင်ငွေရရှိနိုင်ဖို့ အလားအလာကောင်းတွေရှိနေတဲ့ သဘောပါ။ ဒီလိုပဲ စွန့်စားကြရတာပေါ့ခင်ဗျာ။
ဟု ကိုမောင်နိုင်က ဆက်လက်ပြောသည်။
၂၀၁၉ ခုနှစ် ဖီးကြမ်းငှက်ပျော စတင်စိုက်ပျိုးခဲ့စဉ်က တစ်ဖီးလျှင် ၇၀၀ ကျပ် ဈေးနှုန်းရရှိမည်ဟု ခန့်မှန်းစိုက်ပျိုးခဲ့ကြပြီး၊ COVID-19 ကာလဖြစ်သော်လည်း လက်ရှိဖီးကြမ်းငှက်ပျောပေါက်ဈေးမှာ ထင်ထားသည်ထက် ဈေးပိုမိုရရှိကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko yin mg
လွန်ခဲ့သော ၆ နှစ် ကတစ်ဖီးဘယ်လောက်လဲး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022