အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲခူးတိုင်းရှိ ဒေသတချို့တွင် ရှမ်းပြောင်းစိုက်ပျိုးထုတ်လုပ်မှု တွင်ကျယ်နေ

ပဲခူးတိုင်းရှိ ဒေသတချို့တွင် ရှမ်းပြောင်းစိုက်ပျိုးထုတ်လုပ်မှု တွင်ကျယ်နေ

    ပဲခူးတိုင်းရှိ ဒေသတချို့တွင် ရှမ်းပြောင်းစိုက်ပျိုးထုတ်လုပ်မှု တွင်ကျယ်နေကြောင်း ဒေသခံများက ပြောသည်။

    ပြည်၊ ပေါင်းတည်၊ ပုတီးကုန်း၊ ရွှေတောင်ဒေသတစ်ဝိုက်၌ ရှမ်းပြောင်းကို တစ်နှစ်ပတ်လည်လုံး သီးလှည့်စိုက်ပျိုးထုတ်လုပ်နေကြခြင်းဖြစ်သည်။

ကျွန်တော်ကတော့ ကိုယ်တိုင်စိုက်တယ်။ ကိုယ်တိုင်ဈေးကွက်ပို့ပါတယ်။ တခြားသူတွေ အတွက်လည်း ဈေးကွက်ချိတ်ပေးပါတယ်။ ရှမ်းပြောင်းကို တစ်နှစ်ပတ်လည်လုံး စိုက်ပျိုးပါတယ်။ စိုက်ပျိုးလိုက်၊ ထွက်လာတဲ့အခါ ရောင်းလိုက်နဲ့ တောက်လျှောက်စိုက်နေတာပါ။ ကျွန်တော်တို့ဒေသအနေနဲ့ကျတော့ ဈေးကွက်ရှာစရာ သိပ်မလိုပါဘူး။ တခြားဒေသတွေတော့ မသိဘူးပေါ့နော်။

ဟု ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှုတ်ရှည်ကျေးရွာအုပ်စု၊ တာပါတ်ကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးမြင့်လွင် က ပြောသည်။

    ရှမ်းပြောင်း တစ်ဖူးလျှင် လက်ကားဈေး ပျမ်းမျှ (၁၀၀) ကျပ်၊ လက်လီဈေး (၁၃၀) ကျပ်တို့ဖြင့် ရောင်းချနေကြပြီး၊ တောင်သူများမှ ကုန်သည်ပွဲစားများထံသို့ အခင်းပြတ် ရောင်းချကြကြောင်း သိရသည်။

ကုန်သည်ပွဲစားတွေအနေနဲ့ကလည်း လိုအပ်ရင် လိုအပ်သလို စိုက်ပျိုးတဲ့ခြံအရောက် ကိုယ်တိုင် လိုက်သယ်ယူပေးကြတယ်။ CP ပြောင်းနဲ့က ဈေးကွက်က တအားကြီးတော့မကွာပါဘူး။ နင်လား ငါလားတော့ ဈေးကွက်မကွာလှပါဘူး။ ကွာလည်း တစ်ဆယ်၊ ငါးကျပ်လောက်ပါပဲ။ ကျွန်တော်တို့က မစိုက်ခင်ကတည်းက ဒီအခင်းကို ဝယ်မယ် ရောင်းမယ် ကြိုတင်ချိတ်ဆက်ထားပြီး အရောင်းအဝယ်လုပ်တာမျိုးမို့ ဈေးကွက်ခိုင်မာမှု ရနေတာပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ရှမ်းပြောင်း စိုက်ပျိုးပါက စုစုပေါင်းစိုက်စရိတ် ပျမ်းမျှ တစ်ဧကလျှင် ကျပ် (၃၀၀,၀၀၀) သိန်းဝန်းကျင် ကုန်ကျကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
တင်အောင်မိုး

တင်အောင်မိုး

လွန်ခဲ့သော ၅ နှစ် က

ပဲခူးတိုင်းမှာဖော်ကျူနာမှိုသက်ဆေးရလားခင်ဗျာ

U SawHtun

U SawHtun

လွန်ခဲ့သော ၅ နှစ် က

အစေ့ထုတ်ပြောင်း ယနေ့ဈေးနုံး နဲ့ ရှေ့အလားအလာ ဈေးနုံးအခြေအနေတွေသိချင်ပါတယ် ဖော်ပြပေးပါရန်

Ba Kyaw Ba Kyaw

Ba Kyaw Ba Kyaw

လွန်ခဲ့သော ၅ နှစ် က

ကောင်းဗျာ ဈေးကွက်လည်းကောင်းသဗျို့။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။