အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သရက်ပန်းပွင့်ချိန်မတိုင်မီ သရက်ခြံပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်မှသာ အရည်အသွေးကောင်း သရက်သီးများထွက်ရှိနိုင်မည်

သရက်ပန်းပွင့်ချိန်မတိုင်မီ သရက်ခြံပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်မှသာ အရည်အသွေးကောင်း သရက်သီးများထွက်ရှိနိုင်မည်

    သရက်ပန်းပွင့်ချိန်မတိုင်မီ သရက်ခြံပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်မှသာ အရည်အသွေးကောင်းသရက်သီးများ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သရက်ခြံလုပ်ငန်း စီးပွားဖြစ်လုပ်ကိုင်နေသူများထံမှ သိရသည်။

၂၀၂၀ သရက်ရာသီပြီးဆုံးချိန်က စတင်ပြီး မြန်မာ့ GAP စနစ် စံချိန်စံညွှန်းတွေနဲ့အညီ သရက်ပင်ရဲ့ ကုန်ဆုံးသွားတဲ့အင်အားတွေကို ပြန်လည်ဖြည့်တင်းပေးခဲ့ပါတယ်။ ရောဂါပိုးမွှားတွေ ကာကွယ်နှိမ်နင်းတာအပြင်၊ ပန်းဖူးပန်းပွင့်စေဖို့ လှုံ့ဆော်ပေးတာ စတဲ့ လုပ်ငန်းဆောင်တာတွေကို စဉ်ဆက်မပြတ် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုရဲ့ ရလဒ်အနေနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သရက်ပန်းဖူးလေးတွေကို စတင်မြင်တွေ့လာရပါပြီ။ ပန်းဖူးကနေ ပန်းပွင့်၊ ပန်းပွင့်ကနေ အသီးရရှိစေဖို့ ဆက်လက်ကြိုးစားလုပ်‌ဆောင်ရပါဦးမယ်။ 

ဟု မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာရှိ Royal Orchard Mango Farm မှ စီမံအုပ်ချုပ်သူ ဦးမြင့်မော်က ပြောသည်။ 

    အရည်အသွေးကောင်းသရက်သီးများ ရရှိစေရန် ၂၀၂၀ ခုနှစ် သရက်ရာသီ အသီးခူးပြီးချိန်မှ စတင်ပြီး ကိုင်းပြင်ခြင်း၊ ကိုင်းရှင်းခြင်း၊ မြေဆီဩဇာကျွေးခြင်း အစရှိသည်တို့အပြင် အပင်အခြေအနေအပေါ်မူတည်၍ ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖျန်းပေးခြင်းများအား အချိန်နှင့်တစ်ပြေးညီလုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

ကျွန်တော်တို့ခြံတည်ရှိရာဒေသရဲ့သရက်ပန်းဖူးပွင့်ချိန်က ဇန်နဝါရီလဆန်းပိုင်း ဖြစ်ပါတယ်။ ကိုယ့်ဒေသပန်းပွင့်ချိန်ကို မှတ်ထားပြီး ပန်းမပွင့်ခင်နှစ်လအလို နိုဝင်ဘာလဆန်းကတည်းက ရေဖြတ်ထားရပါတယ်။ ပန်းပွင့်ချိန် တစ်လအလို ဒီဇင်ဘာလဆန်းမှာတော့ ရေပေး၊ မြေဩဇာကျွေးပေးပါတယ်။ 0:52:34 ရွက်ဖျန်းအားဆေးကိုလည်း ဆယ်ရက်ကို တစ်ကြိမ်နှုန်းနဲ့ ခြောက်ကြိမ်ဖျန်းပေးခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင် ပန်းဖူးပွင့်ချိန် နီးကပ်လာတာကြောင့် အပင်နှိုးပေးတာ၊ အဖူးထုတ်တာ စတဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရပါတယ်။ အခု ဒီဇင်ဘာလထဲမှာ သိုင်အိုယူရီးယား 0.5% (သို့မဟုတ်) KNO3 2% ဖျန်းပြီး အဖူးထုတ်နေပါပြီ။ ဒီလိုဖျန်းပေးမယ်ဆိုရင် အဖူးထွက်ညီညာပြီး အိတ်စွပ်ချိန်နဲ့အသီးခူးဆွတ်ချိန်မှာ ညီညာစွာ ခူးဆွတ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဟု ဦးမြင့်မော်က ဆက်လက်ပြောသည်။

    လာနီညာရာသီဥတုဖြစ်ပေါ်လာပါက အေးပြီးစိုစွတ်ခြင်း၊ ဆောင်းရာသီအတွင်း အအေးဓာတ် ပိုမိုလွန်ကဲတတ်ခြင်းများ  ပေါ်ပေါက်လေ့ရှိပြီး အအေးဓာတ်ပိုမိုလာပါက အပူပိုင်းဒေသရှိ သရက်ခြံများ သရက်ဖူး၊ သရက်ပန်းပွင့်ခြင်းများ အောင်မြင်နိုင်ပြီး၊ အအေးပိုင်းဒေသရှိသရက်ခြံများအနေဖြင့် ပန်းပွင့်ချိန်နှင့် ရာသီဥတုအအေးပိုချိန် ကြုံကြိုက်နိုင်သဖြင့် ထွက်နှုန်းမထိခိုက်စေရန် ကြိုတင်ပြင်ဆင်သင့်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
အောင်

အောင်

လွန်ခဲ့သော ၃ နှစ် က

အေးစို

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ဘယ်လိုလုပ်ဆောင်ရမလဲ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။