အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုစေသော အိုမီဂါ 3,6 ပါဝင်သည့် နဂါးမောက်သီးပင်ကို ရွေးချယ်စိုက်ပျိုးသင့်

လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုစေသော အိုမီဂါ 3,6 ပါဝင်သည့် နဂါးမောက်သီးပင်ကို ရွေးချယ်စိုက်ပျိုးသင့်

    စိုက်ပျိုးပြီးတစ်နှစ်အတွင်း အသီးထွက်ရှိနိုင်သည့်အပြင် လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုစေသော အိုမီဂါ 3,6 ဓာတ်များ ကြွယ်ဝစွာပါဝင်သည့်  နဂါးမောက်သီးပင်ကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း စီးပွားဖြစ်ထုတ်လုပ်နေသူများက ဆိုသည်။

နဂါးမောက်သီးပင်က ရာသီဥတုဒဏ်၊ အကြမ်းဒဏ်ခံနိုင်တယ်။ နောက်ပြီးတော့ နှစ်ရှည်ပင်အမျိုးအစားဖြစ်တယ်။ နှစ်ရှည်ပင်ဖြစ်ပေမယ့်လည်း စိုက်ပျိုးပြီး တစ်နှစ်လောက်အတွင်းမှာပဲ အသီးသီးတဲ့အပြင်၊ နဂါးမောက်သီးမှာက လူရဲ့ခန္ဓာကိုယ်အတွက် အကျိုးပြုစေတဲ့ အိုမီဂါ 3,6 တွေပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်။ ကုန်ချောထုတ်မယ်ဆိုရင်လည်း ထုတ်လို့ရတဲ့ သီးနှံဖြစ်တဲ့အတွက် ဦးစားပေးရွေးချယ် စိုက်ပျိုးခဲ့ပါတယ်။ နဂါးမောက်သီးအပြင် နဂါးမောက်သီးဝိုင် အဖြစ်လည်း ထုတ်လုပ်ရောင်းချနေတဲ့အတွက် ဈေးကွက်ကတော့ မပူပင်ရပါဘူး။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဆပ်သေကျေးရွာမှ နဂါမောက်သီးပင် စိုက်ပျိုးရေးနှင့် နဂါးမောက်သီးဝိုင်လုပ်ငန်း လုပ်ကိုင်နေသူ ဦးအောင်မိုးလှိုင်က ပြောသည်။

    အပင်ပိုင်း ပြုစုစောင့်ရှောက်မှုကို အပြည့်အဝပေးနိုင်ပြီး၊ အချိန်အခါအလိုက် ရေပေးဝေနိုင်ပါက နဂါးမောက်သီးပင်ကို တစ်နှစ်ပတ်လုံး နှစ်သက်ရာအချိန်တွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။  

တကယ်တမ်းစိုက်မယ်ဆိုရင် မိုးကုန်သွားတဲ့ အောက်တိုဘာလလောက်မှာ စစိုက်သင့်ပါတယ်။ ဘာလို့ဆို အောက်တိုဘာလမှာ စစိုက်တယ်ဆိုရင် နဂါးမောက်သီးပင်ရဲ့ အမြစ်က နိုဝင်ဘာလ၊ ဒီဇင်ဘာလလောက်ဆို အမြစ်ထွက်တယ်။ သဘာဝအဖူးတွေ စထွက်တာက မေလဆန်းလောက်ဆို စထွက်လိမ့်မယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ အအေးဓာတ်ဝင်တဲ့အချိန်မှာ အတက်က တအားထွက်လာလိမ့်မယ်။ ဒါ့ကြောင့် အောက်တိုဘာလမှာ စတင်စိုက်ပျိုးသင့်တာပါ။ ဒါပေမဲ့လည်း အခုကတော့ အပင်ပြုစုနိုင်ပြီး၊ ရေပေးနိုင်တယ်ဆိုရင် တစ်နှစ်ပတ်လုံး နှစ်သက်ရာအချိန်မှာ စိုက်လို့ရနေပါပြီ။ စိုက်ပျိုးတဲ့အခါမှာ မျိုးကိုင်းရွေးချယ်တာမှန်မယ် စိုက်ပျိုးတဲ့အချိန်မှန်မယ် ရာသီဥတုမှန်မယ် အပင်ပြုစုနည်းစနစ်မှန်မယ်ဆိုရင် စိုက်ပျိုးပြီး (၇)လ၊ (၈)လလောက်ဆိုရင် အသီးစထွက်ပါပြီ။ စိုက်ပျိုးစရိတ်ကတော့ ဒေသတစ်ခုနဲ့တစ်ခု မတူညီပါဘူး။

ဟု ၎င်းက ဆက်လက်ပြောသည်။

    နဂါးမောက်သီးပင် စိုက်ပျိုးမည်ဆိုပါက တစ်ဧကစိုက်ပျိုးစရိတ်အနေဖြင့် ကွန်ကရစ်တိုင်ဖိုး၊ မျိုးဖိုး၊ စိုက်ကျင်းဖောက်သည့် လုပ်သားခ၊ နွားချေးဆွေး ဖွဲပြာနှင့် မြေဩဇာထည့်သွင်းစရိတ်၊ စိုက်ပျိုးပြီးနောက် တာယာဂွေတင်ခြင်းများ အပါအဝင် ကနဦးစိုက်ပျိုးကုန်ကျစရိတ် သိန်း(၆၀)ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

1
လရိပ်ချို

လရိပ်ချို

လွန်ခဲ့သော ၅ နှစ် က

2နှစ်ရှိပါပြီအသီးသိပ်မထွက်ပါဘာလုပ်ရမလဲရှင့်

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။