ဈေးကွက်မပြတ်ကောင်းမွန်နေသည့်အတွက် ပိန်းဥပင်ကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သင့်
ပိန်းဥဈေးကွက် နှစ်စဉ်ကောင်းမွန်နေသည့်အတွက် ပိန်းဥပင်သည် တောင်သူများအတွက် ရွေးချယ်စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။
ဒီပိန်းဥပင်မျိုးက ဗမာမျိုးပါ။ ဥကို ပြုတ်စား ချက်စားကြတာ။ ကျွန်တော်တို့ငယ်ငယ်ကတည်းက စိုက်တာ။ အခုထိ ဈေးကွက်မပြတ်ရှိနေတယ်။ ဘယ်ဒေသမှာ စိုက်စိုက်၊ အဓိကတော့ ရေရှိရင် စိုက်ပျိုးလို့ရမှာပါ။ ရေလိုတယ်။ မြေကြီးအစိုဓာတ် အပြည့်အဝရအောင် ရေပေးနိုင်ရမယ်။ ရေရယ် အစာရယ် ပေါင်းမြက်ရယ်နိုင်ရင် စိုက်ပျိုးလို့ ဖြစ်ထွန်းပါတယ်။ အစာ(မြေဩဇာ)က တစ်လတစ်ကြိမ် ကျွေးပေးမယ်ဆိုရင် ရပြီ။ တောင်သူတွေ စိုက်ပျိုးသင့်တဲ့သီးနှံထဲမှာ ပိန်းပင်လည်းပါတယ်။ ကျန်တဲ့သီးနှံတွေက ဈေးကွက်တွေပျက်ပေမယ့် ကျွန်တော်ဆို မနှစ်က ပိန်းဥဖော်ရောင်းတာ တစ်ပိဿာကို ငွေထောင့်ငါးရာအထိ ရခဲ့တယ်။
ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဒေးဒရဲကျေးရွာမှ သီးနှံစုံစိုက်ပျိုးထုတ်လုပ်နေသူ ကိုဟန်ဇော်သက်က ပြောသည်။
ပိန်းဥပင်ကို ဇွန်လအစောပိုင်းတွင် စတင်စိုက်ပျိုးကြပြီး၊ နိုဝင်ဘာလတွင် ပိန်းဥများ တူးဖော် ရောင်းချကြသည်။ စတင်စိုက်ပျိုးစဉ်မှ ပိန်းဥ,ဥပြီး ရောင်းချချိန်အထိ အပင်သက်တမ်း (၅)လခွဲမှ (၆)လအတွင်း အချိန်ကြာမြင့်ကြောင်း သိရသည်။
တစ်ဧကဆို တကယ်ထွက်ရင် အချိန် ၅၀၀၀ ဝန်းကျင်တော့ ထွက်တာပေါ့။ အပင်က ကျန်းမာပြီး အထွက်နှုန်းကောင်းရင်ပေါ့နော်။ စိုက်ပျိုးဖို့ မျိုးတက်ကတော့ တစ်ဧကစိုက်မယ်ဆိုရင် မျိုးတက် ၂၀၀ အထက်မှာ ကုန်ပါတယ်။ စိုက်စနစ်အပေါ်တော့ မူတည်ပြီး မျိုးတက်လိုအပ်ချက်တော့ ကွာသွားပါတယ်။ ၂ တန်းစိုက်စနစ်နဲ့ စိုက်မယ်ဆိုရင် မျိုးတက် ၂၀၀ ကျော် ကုန်တယ်။ အချို့တောင်သူတွေကတော့ ၁ တန်းစိုက်စနစ်နဲ့ပဲ စိုက်ကြတာလည်း ရှိပါတယ်။ တစ်နှစ်စိုက်ပြီးတာနဲ့ မျိုးပြန်ချန်ထားပြီး နောက်နှစ်မှာ အဲ့ဒီမျိုးနဲ့ ပြန်စိုက်ကြတာပါ။ နည်းစနစ်က လွယ်ကူတာမို့ လူတိုင်းလည်း စိုက်နိုင်တဲ့သီးနှံပါ။
ဟု ကိုဟန်ဇော်သက်က ပြောသည်။
မြန်မာနိုင်ငံတွင် ပိန်းဥအမျိုးအစားများစွာရှိပြီး၊ မကွေးတိုင်းဒေသကြီးဘက်တွင် စိုက်ပျိုးသည့် ပိန်းဥမျိုးများမှာ တစ်ဥလျှင် (၅၀)ကျပ်သား၊ (၁) ပိဿာ စသဖြင့် အလေးချိန်စီးကြပြီး၊ ရှမ်းပြည်နယ်ဘက်တွင် စိုက်ပျိုးထုတ်လုပ်သည့် ပိန်းဥမျိုးများမှာ အလုံးအရွယ်အစား သေးငယ်ကြောင်း သိရသည်။
U Mg Mg Tin
လွန်ခဲ့သော ၁ နှစ် ကပျိုးပင်ကိုဥကနေပွားယူရင်ရပါသလား
ကိုဇေယျလင်း
လွန်ခဲ့သော ၄ နှစ် ကပိန်းမှာပြပိုးကြနေလိုပါ
U Naing Linn Htun
လွန်ခဲ့သော ၄ နှစ် ကမျိုးတက် ၂၀၀ ဆိုတာ ပိသာကိုပြောတာလား စိုက်စနစ်က တစ်ပင်တန်းရော ၂ ပင်တန်းရော ပင်ကြားတန်းကြား ဘယ်လောက်ထားရပါလဲ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022