အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစေ့ထုတ်ပြောင်းစျေးနှုန်း တည်ငြိမ်နေ

အစေ့ထုတ်ပြောင်းစျေးနှုန်း တည်ငြိမ်နေ

Green Way
Green Way • Greenovator • 20/11/2019

ယခုလအတွင်း အစေ့ထုတ်ပြောင်းစျေးနှုန်းမှာ တည်ငြိမ်နေကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ပြည်ပနိုင်ငံကို အစေ့ထုတ်ပြောင်းတင်ပို့မှု ရပ်တန့်နေတဲ့အတွက် ပြည်တွင်းပြောင်းစျေးနှုန်းမှာ တည်ငြိမ်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးမင်းခိုင်က ပြောပါ တယ်။

အစေ့ထုတ်ပြောင်းက ပြည်တွင်းပဲရောင်းအားရှိတယ်။ ပြည်ပဝယ်လိုအား မရှိသေးဘူး။တရုတ်ကိုလည်း မတင်ပို့နိုင်သေးဘူး။ ထိုင်းကိုလည်း မတင်ပို့နိုင်သေးဘူး။ အဲဒီအတွက် ပြည်တွင်း အစေ့ထုတ်ပြောင်းစျေးနှုန်းက အေးနေတယ်

အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့သော်လည်း တင်ပို့မှုမှာ အခုလက်ရှိအချိန်ထိ ရပ်တန့်နေပြီး ထိုင်းနိုင်ငံကို တင်ပို့မှုမှာလည်း အခုလအတွင်း ရပ်ဆိုင်းထားတာဖြစ်တယ်လို့ အဆိုပါအသင်းမှ သိရပါတယ်။

ပြည်တွင်းအစေ့ထုတ်ပြောင်းစျေးနှုန်းမှာ အခုလအတွင်း အစေ့ထုတ်ပြောင်းတစ်ပိဿာကို ကျပ် ၅၀၀ ဝန်းကျင်နဲ့ စျေးနှုန်းတည်ငြိမ်နေကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။