အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြီးမြန်သစ်မာ ပင်ကျပ်ဈေးကွက် ပထမဆုံးအကြိမ် ဖော်ဆောင်နိုင်စေရန် ကြိုးပမ်းနေ

ကြီးမြန်သစ်မာ ပင်ကျပ်ဈေးကွက် ပထမဆုံးအကြိမ် ဖော်ဆောင်နိုင်စေရန် ကြိုးပမ်းနေ

    ကြီးမြန်သစ်မာ ပင်ကျပ်ဈေးကွက် ပထမဆုံးအကြိမ် ဖော်ဆောင်နိုင်စေရန် ကြိုးပမ်းနေကြောင်း Fast-GRO မြန်မာ့ကြီးမြန်သစ်မာစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းချုပ်(ဗဟို)မှ သိရသည်။

ပင်ကျပ်က အပင်ရွက်အုပ်နှစ်ခုထိသွားတဲ့အရွယ်ဆို ခုတ်လို့ရပြီ။ စိုက်ပျိုးပြီး နှစ်မိုး၊ သုံးမိုးလောက် အနေအထားပေါ့။ အပင်ထွားတဲ့အပေါ်လည်း မူတည်တယ်။ ဈေးကွက်က ဘယ်ကရမလဲဆိုတာရယ်၊ ပြည်တွင်းအတွက်၊ ပြည်ပအတွက် ဘယ်ဟာလဲလို့တော့ အတိအကျပြောလို့မရသေးပေမယ့် ပထမဦးဆုံးအနေနဲ့ ပင်ကျပ်ဈေးကွက်ရရှိဖို့ကို အသင်းက ဦးဆောင်ပေးနေပါတယ်။ မဝေးတော့တဲ့ကာလမှာ ပင်ကျပ်တွေ စတင်ရောင်းချနိုင်တော့မှာပါ။

ဟု Fast-GRO မြန်မာ့ ကြီးမြန်သစ်မာ စိုက်ခင်းများဖွံ့ဖြိုးတိုးတက်ရေးအသင်းချုပ်(ဗဟို)၏ အတွင်းရေးမှုးချုပ် ဒေါ်မင်းမင်းအေး က ပြောသည်။

    ကြီးမြန်ပင်များ စိုက်ပျိုးရာတွင် နာမကျန်းပင်အားလုံးနှင့် အခြားချို့တဲ့သောအပင်များ ယှဉ်ပြိုင်၍ ပေါက်ရောက်နေရာတွင် ကြီးထွားမှုနှေးကွေးပြီး ညံ့သောအပင်များမှာ လောင်းနာပင်အဖြစ် ကျန်ခဲ့သည်။ ၎င်းအပင်များ၊ ခွအပင်များ၊ ပုံပန်းသဏ္ဌာန်မကောင်းသောအပင်များကို ရွေးချယ်၍ ပင်ကျပ်နှုတ်ပေးရခြင်းဖြစ်သည်။ ကျန်းမာသန်စွမ်းမှုရှိသည့် အုပ်မိုးပင်များနှင့် အုပ်မိုးပြိုင်ပင်များကိုမူ နှုတ်ရန်မလိုဘဲ အပင်သက်ပတ်ကုန်ဆုံးသည်အထိ ချန်ထားရမည် ဖြစ်သည်။

ဈေးကွက်ဖော်ဆောင်ဖို့ ကြိုးပမ်းနေရာမှာ အစစအရာရာ သတိထားလေ့လာတွက်ချက်၊ ဝယ်လက်ကိုလည်း အကဲခတ်ပြီး ပစ္စည်းပေးနိုင်ရေးလည်း စစ်တမ်းကောက်နေပါတယ်။ ဌာနဆိုင်ရာအသီးသီးနဲ့ ဝယ်လက်တွေကို အတိအကျပြောဆိုနိုင်ဖို့အတွက်တော့ စိုက်ဧကစာရင်း အဓိကလိုနေတယ်။ ဒါ့ကြောင့် အပင်ရေ (စိုက်ဧက)စာရင်းရဖို့အတွက် တောင်သူတွေကို ပူးပေါင်းပါဝင်စေချင်တယ်။ စာရင်းပေးတဲ့တောင်သူ အတော်နည်းနေပါသေးတယ်။ ဈေးကွက်က သေချာမှုရှိပါတယ်။ စိုက်ပျိုးသူတွေဆီကနေ ကုန်ကြမ်းပမာဏ ဘယ်လောက်ရောင်းချနိုင်မလဲ၊ တစ်လတစ်လ တန်ချိန် ဘယ်လောက်ထွက်နိုင်မလဲဆိုတဲ့ အနီးစပ်ဆုံးစာရင်းရဖို့သာ လိုနေတာပါ။

ဟု ဒေါ်မင်းမင်းအေး က ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် မန်ဂျန်ရှား၊ အကေးရှားမျိုးနဲ့ ကြီးမြန်ပင်များကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း အစရှိသည့် ဒေသအသီးသီး၌ စိုက်ပျိုးထုတ်လုပ်နေကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
Mg  Mg

Mg Mg

လွန်ခဲ့သော ၅ နှစ် က

စိုက်ပါမည်..ကူညီနိုင်မလား..

ဦးစောမင်းအောင်

ဦးစောမင်းအောင်

လွန်ခဲ့သော ၅ နှစ် က

မွန် နဲ့ ကရင် ပြည်နယ် ရော်ဘာစိုက်ပျိုးသူ တချို့မှာ ရော်ဘာဈေးကျလာလို့ မန်ဂျန်းရှား ပြောင်းစိုက်သူ အနည်းငယ် ရှိပါတယ်။ ရေး နဲ့ သံဖြူဇရပ် မြို့နယ်များမှာ ပင်လယ်ပြင် ကျားဖောင် ဆောက်လုပ်ရာမှာ မန်ဂျန်ရှား ပင်ကျပ်ခုတ်ရောင်း အရွယ်တွေ သုံးကြပါတယ်။

Aye Ngrine Khaing

Aye Ngrine Khaing

လွန်ခဲ့သော ၅ နှစ် က

အသင်းကို စိုက်နေကြောင်း သတင်းဘယ်လိုပေးရပါမလဲ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။