COVID-19 ကာလအတွင်း ဈေးကွက်သစ်များဖော်ဆောင်နိုင်ရန် တောင်သူများစုပေါင်းကြိုးပမ်း
COVID-19 ကာလအတွင်း အိမ်နီးချင်းနိုင်ငံတချို့သို့ တင်ပို့ရောင်းချနေသည့် ဈေးကွက်များ အားနည်းလာသည့်အတွက် ပြည်တွင်းပြည်ပဈေးကွက်သစ်များ ဖော်ဆောင်နိုင်ရန် တောင်သူများ စုပေါင်းကြိုးပမ်းနေကြောင်း သိရသည်။
သရက်ရာသီတုန်းက မူဆယ်ဈေးကွက်ကို သိပ်မပို့နိုင်တဲ့အတွက် သရက်စိုက်ပျိုးသူတွေ အကျိုးကျေးဇူးလေးရလာတာမျိုး ရှိပါတယ်။ မြန်မာ့သရက်သီးတွေ စင်္ကာပူနိုင်ငံကို ကွန်တိန်နာလိုက် သင်္ဘောနဲ့တင်ပို့နိုင်ခဲ့ပါတယ်။ အရင်တုန်းက စင်္ကာပူနိုင်ငံကို သင်္ဘောနဲ့ တစ်ခါမှ ဒီလိုမျိုး မတင်ပို့ဖူးဘူး။ ပထမဆုံးအတွေ့အကြုံကို ရသွားကြတာပေါ့နော်။ ကွန်တိန်နာ ရှစ်လုံး၊ ကိုးလုံးလောက်ကို ဆက်တိုက်ပို့နိုင်သွားတဲ့အခါကျတော့ အတွေ့အကြုံတွေက အများကြီးရလိုက်တာပေါ့နော်။ အရင်တုန်းက သရက်သီးကို တစ်တန်လောက်၊ ပမာဏနည်းနည်းလောက်ပဲ လေယာဉ်နဲ့ တင်ပို့နိုင်ခဲ့ကြတယ်လေ။ အခုကတော့ ကွန်တိန်နာလိုက် တင်ပို့နိုင်တယ်။ ဒီကာလအတွင်းမှာ အဲ့ဒါလေးတစ်ခု အကျိုးရှိသွားတာပေါ့။
ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်းဒင် က ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အားပေးပံ့ပိုးမှု၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်များဖြင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဦးစီးကာ ရာသီပေါ်သီးနှံများ လှည့်လည်ရောင်းချသည့် တောင်သူဈေးကားများ စတင်ပေါ်ပေါက်လာခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ တောင်သူများ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဈေးကွက်ဖော်ဆောင် ရောင်းချပေးနိုင်ခဲ့သည်။
COVID-19 ကြောင့် တိုးတက်ပြောင်းလဲလာတဲ့ ဖြစ်စဉ်တစ်ခုကတော့ တောင်သူဈေးကားတွေ အများအပြားပေါ်ထွက်လာတာပါပဲ။ အခုဆိုရင် နယ်တွေမှာလည်း ဈေးကားတွေ ထွက်လာကြတယ်။ Farm to direct market (စိုက်ခင်းမှသည် တိုက်ရိုက်ဈေးကွက်ဆီသို့) စနစ်လေး ဖော်ဆောင်နိုင်လာတဲ့အတွက် စားသုံးသူတွေအတွက်လည်း လွယ်ကူအဆင်ပြေသလို၊ တောင်သူတွေအတွက်လည်း ဈေးကွက်သစ် ရရှိလာပါတယ်။
ဟု ဦးစိုးသန်းမင်းဒင်က ဆိုသည်။
ပြည်တွင်းမှ ထွက်ရှိသည့် ပြောင်းများကို ယခင်နှစ်များက တရုတ်နိုင်ငံဈေးကွက်သို့ အားထားတင်ပို့ခဲ့သော်လည်း ယခုအခါ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများထံသို့လည်း ဈေးကွက်တိုးချဲ့ တင်ပို့ရောင်းချနိုင်လာကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Thein Soe Min
လွန်ခဲ့သော ၆ နှစ် က@kyaw phyo lin နည်းပညာမေးခွန်းတွေကို အမေးအဖြေမှာ မေးပေးပါဗျ။
kyaw phyo lin
လွန်ခဲ့သော ၆ နှစ် ကကွမ်းပင်ကိုပြုပြင်ထိနိးသိမ်းနည်းလေးမျှဝေပေးပါ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022