အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေစကြိုနှင့် ချောင်းဦးမြို့နယ်မှ တောင်သူများ စုပေါင်းပြီး ဖရဲသခွားကို GAP စနစ်ဖြင့် စိုက်ပျိုးမည်

ရေစကြိုနှင့် ချောင်းဦးမြို့နယ်မှ တောင်သူများ စုပေါင်းပြီး ဖရဲသခွားကို GAP စနစ်ဖြင့် စိုက်ပျိုးမည်

AMIA
AMIA • Greenovator • 25/02/2019

ရေစကြိုနှင့် ချောင်းဦးမြို့နယ်မှ တောင်သူများ စုပေါင်းပြီး ဖရဲသခွားကို GAP စနစ်ဖြင့် စိုက်ပျိုးမည်

 

လာမည့် ဒီဇင်ဘာလ ဖရဲ၊ သခွား စိုက်ပျိုးချိန်မှ စတင်၍ ရေစကြိုမြို့နယ်နှင့် ချောင်းဦးမြို့နယ်မှ တောင်သူများ ပူးပေါင်းကာ ဖရဲ၊ သခွားကို GAP စနစ်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဖရဲ၊ သခွား တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဌ ဦးကျော်မင်းထံမှ သိရသည်။

နှစ်စဉ် ဖရဲ၊ သခွား ရာသီရောက်ချိန်များတွင် ဈေးနှိမ်ခံရမှုများကြောင့် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းဒေသကြီးရှိ ချောင်းဦးမြို့နယ် ဖရဲ၊ သခွား စိုက်ပျိုးတောင်သူများ စုပေါင်းကာ ဈေးကောင်းရရှိရေးအ တွက် GAP စနစ်ဖြင့် စိုက်ပျိုးရောင်းချရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

" ဖရဲ၊ သခွားတွေက အမြဲတမ်း ဈေးနှိမ်ခံရတယ်။ GAP စနစ်နဲ့သာ စိုက်မယ်ဆိုရင် ဈေးကောင်းရမယ်။ စိုက်ပျိုးဖို့ အတွက်ကို အုပ်စုလိုက်ဖွဲ့ပြီး လုပ်ဆောင်ကြမှာဖြစ်ပါတယ်" ဟု ဒုတိယဥက္ကဌ ဦးကျော်မင်းက ပြောသည်။

ရေစကြိုနှင့် ချောင်းဦးမြို့နယ်တို့သည့် နယ်မြေချင်းထိစပ်နေသည့်အတွက် ပူးပေါင်းလုပ်ဆောင်ရန် လွယ်ကူ ခြင်းနှင့် အဆိုပါမြို့နယ်များရှိ တောင်သူ အများစုမှာ ဖရဲ၊ သခွား စိုက်ပျိုးသူများဖြစ်သည့်အတွက် GAP စနစ်ဖြင့် စိုက်ပျိုးခြင်းမှာ အောင်မြင်မည်ဟု ယုံကြည်ကြောင်း ချောင်းဦးမြို့နယ်မှ တောင်သူ ဦးအေးဆောင်က ပြောသည်။

" ဖရဲ၊ သခွား စိုက်ချိန်တိုင်း ကိုယ်တစ်ယောက်ထဲ GAP စနစ်နဲ့ စိုက်မယ်ဆိုရင် အဆင်မပြေနိုင်ဘူး။ GAP စနစ်နဲ့ကျ တစ်ယောက်အားနဲ့ မရနိုင်ဘူး။ အများစုပေါင်းပြီး စိုက်ပျိုးတာမျိုးကျ အဆင်ပြေပြေနဲ့ စိုက်နိုင်တယ်” ဟု ဦးအေးဆောင်က ပြောသည်။

ရေစကြိုနှင့် ချောင်းဦးမြို့နယ်တို့ရှိ တောင်သူများ ပူးပေါင်းကာ ဖရဲ၊ သခွား စိုက်ပျိုးခြင်းကို GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များမှလည်း လိုအပ်သည်များကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

မှိုင်းဝေ(AMIA)

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။