မုန်တိုင်းမိုး ရွာသွန်းမှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုမရှိစေရေး လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက်
၁။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး မြန်မာနိုင်ငံသို့ ဦးတည်နေကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းပြီး၊ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။
၂။ သို့ဖြစ်ပါ၍မုန်တိုင်းမိုး ရွာသွန်းမှုကြောင့် ရိတ်သိမ်းဆဲစပါးများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် အောက်ပါ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
(က) မုန်တိုင်းတိုက်ခတ်၍မိုးရွာသွန်းနေချိန်တွင် ရိတ်သိမ်းခြင်း မပြုပါရန်နှင့်၊ မုန်တိုင်းကင်းစင်မှသာ ရိတ်သိမ်းခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်ပါ။
(ခ) ရင့်မှည့်ပြီး စပါးခင်းများ မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်းတို့ကြောင့် ယှိုင်လဲမှု ဖြစ်ပေါ်လာပါက ရေအမြန်ဆုံးထုတ်ပြီး ရိတ်သိမ်းရန်။
(ဂ) အချိန်တိုအတွင်း ရိတ်သိမ်းခြွေလှေ့မှု ပြီးစီးရန် ရိတ်သိမ်းခြွှေလှေ့စက်များ အသုံးပြု ရိတ်သိမ်းပါ။
(ဃ) ရိတ်သိမ်းစက်၊ ခြွှေလှေ့စက်၊ ရိတ်သိမ်းခြွေလှေ့စက်ဈ အခြောက်ခံစက်များ သုံးစွဲနိုင်ရေး ဆောင်ရွက်ပါ။
(င) စက်ကိရိယာအခက်အခဲကြောင့် လူလုပ်အားဖြင့် ဆောင်ရွက်ပါက တစ်ကွက်ချင်းကို အပြီး ရိတ်သိမ်းခြွေလှေ့ပါ။ စပါးရင့်မှည့်မှုအလိုက် အလှည့်ကျ ရိတ်သိမ်းခြွေလှေ့နိုင်ရန် ညှိုနှိုင်းဆောင်ရွက်ပါ။
(စ) ချက်ချင်းမခြွေလှေ့နိုင်သည့် ကောက်လှိုင်းထုံးများကို ကန်သင်းပေါ်တွင် စုပုံထားရှိခြင်း မပြုပါရန်နှင့် အမိုးအကာအောက်သို့ အမြန်ဆုံး သယ်ယူ၍စနစ်တကျ စုပုံထားရှိပါ။ အမိုးအကာ လုံလောက်မှု မရှိလျှင် မိုးရေလျောကျစေရန် တဖက်စောင်းနိမ့်ပုံစံဖြင့် စုပုံပါ (သို့မဟုတ်) ကောက်လှိုင်းများအား ဖိုခနောက်ဆိုင် ထောင်ထားပါ။
(ဆ) စုပုံထားသော ကောက်လှိုင်းများကို နေသာချိန်တွင် အမြန်ဆုံး ချွေလှေ့ပါ။ ချွေလှေ့ပြီး စပါးများကို အစိုဓာတ် (၁၄) ရာခိုင်နှုန်း ရရှိသည်အထိ အခြောက်ခံစက် အသုံးပြု၍(သို့မဟုတ်) နေလှန်း၍အခြောက်ခံပါ။
၃။ မိုးစပါးများ ရိတ်သိမ်းချိန်တွင် လေလွင့်ဆုံးရှုံးမှုများ သက်သာစေရန်အတွက် အထက်ပါ လုပ်ငန်းစဉ်များကို တောင်သူလယ်သမားများအားလုံး လိုက်နာဆောင်ရွက်နိုင်ကြရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ကြပါရန်နှင့် အကူအညီ လိုအပ်ပါက တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးများသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။
source-စိုက်ပျိုးရေး ဦးစီးဌာန (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020