သီဟိုဠ်ကျွန်းက လက်ဖက်ရာဇဝင်
စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ခရီးသွားအတွေ့အကြုံတွေကို ရေးရတာ ဝါသနာထုံတဲ့ စာရေးသူအနေနဲ့ Inclusive Systems Myanmar က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ Regional Biotrade Project ရဲ့ ပံ့ပိုးကူညီမှုနဲ့ သီရိလင်္ကာနိုင်ငံကို လေ့လာရေးခရီး သွားရောက်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းကပါ။
ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Analog Forestry ဘာသာရပ်နဲ့ ပတ်သက်ပြီး လက်တွေ့ကွင်းဆင်း လေ့လာကြည့်ဖို့၊ တွေ့ကြုံသိရှိခဲ့ရတာတွေကို မြန်မာ့စိုက်ပျိုးမွေးမြူသူတွေထံ ပြန်လည်မျှဝေပေးဖို့၊ Analog Forestry ဘာသာရပ်ကို မြန်မာနိုင်ငံက စာဖတ်သူတွေထံ မိတ်ဆက်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံကို လေ့လာရေးသွားရမယ် ဆိုတော့ ပထမဆုံးခေါင်းထဲရောက်လာတာက "စီလုံတီး (Ceylon tea)" ဆိုတဲ့ စကားလုံးပါ။ စာရေးသူ သွားရောက်လေ့လာရတဲ့ Analog Forestry လုပ်ငန်းတွေဟာလည်း လက်ဖက်စိုက်ခင်းတွေကြားမှာ ဆောင်ရွက်နေတာမို့ စီလုံတီးအကြောင်းကိုလည်း ကျွဲကူးရေပါ ဆိုသလို ထိတွေ့ လေ့လာခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်ကဏ္ဍ (Tea industry) အကြောင်း လေးကို စာဖတ်သူများထံ အကျဉ်းချုံးပြီး ပြန်လည်တင်ပြလိုပါတယ်။
ခွဲခြားမရတဲ့ သီရိလင်္ကာနဲ့ စီလုံတီး
သီဟိုဠ်ကျွန်း (စီလုံ) လို့ စာရေးသူတို့ သိခဲ့ကြတဲ့ သီရိလင်္ကာကို အများက လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုနဲ့ တွဲပြီး မြင်ခဲ့ကြတာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ စီလုံတီးဟာ သီရိလင်္ကာနိုင်ငံရဲ့ အမှတ်သညာ (identity) ကို ဖြစ်လို့နေတာပါ။ တကယ်လည်း သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုဟာ နိုင်ငံစီးပွားရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသလို၊ ကမ္ဘာ့လက်ဖက်ဈေးကွက်မှာလည်း စီလုံတီးဟာ နေရာကြီးကြီးယူထားပြီး ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံ၏ လက်ဖက်ထုတ်လုပ်မှုပမာဏဟာ ကမ္ဘာမှာ စတုတ္ထအများဆုံး ဖြစ်ပါတယ်။ ကမ္ဘာ့လက်ဖက်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကို သီရိလင်္ကာက ထုတ်လုပ်ပေးနေတာ ဖြစ်သလို၊ ကမ္ဘာ့လက်ဖက်ခြောက်တင်ပို့မှု ဈေးကွက်ရဲ့ ၁၉ ရာခိုင်နှုန်းကို သီရိလင်္ကာက အရယူထားတာ ဖြစ်တယ်လို့ သီရိလင်္ကာ ပြည်ပပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (Sri Lanka Export Development Board - EDB) ရဲ့ ၂၀၂၂ ခုနှစ် လက်ဖက်ကဏ္ဍအခြေအနေ အစီရင်ခံစာ (Industry Capability Report – Tea Sector) က ဆိုပါတယ်။
လက်ဖက်ကဏ္ဍရဲ့ စီးပွားရေးအရ အရေးပါမှု
EDB ရဲ့ စာရင်းဇယားတွေအရ နိုင်ငံအတွင်းမှာ လက်ဖက်စိုက်ဧရိယာ ဟက်တာပေါင်း ၂၀၃,၀၀၀ (၅၀၁,၆၂၃ ဧက) ရှိတာမို့ တိုင်းပြည် အကျယ်အဝန်းရဲ့ ၄ ရာခိုင်နှုန်းကို လက်ဖက်ခင်းတွေနဲ့ ဖုံးလွှမ်းထားတယ်လို့ ဆိုရမှာပါ။ လက်ဖက်လုပ်ငန်းကနေ နိုင်ငံ့လူဦးရေ ၁ သန်းနီးပါးအတွက် အလုပ်အကိုင်တွေ ဖန်တီး ပေးထားပါတယ်။ သီရိလင်္ကာမှာ လူဦးရေစုစုပေါင်းက သန်း ၂၀ ဝန်းကျင်မှာ ရှိတာပါ။ လူဦးရေရဲ့ ၅ ရာခိုင်နှုန်း လောက် လက်ဖက်လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတယ်လို့ ခန့်မှန်းလို့ ရပါတယ်။
၂၀၂၁ ခုနှစ် စာရင်းတွေအရ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုကနေ နိုင်ငံ့ဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံ ရှာဖွေပေးနိုင်ခဲ့ပြီး ဒါဟာ ဂျီဒီပီ (GDP) ရဲ့ ၂ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ သီရိလင်္ကာရဲ့ ဂျီဒီပီ က ၈၈.၅၅ ဘီလီယံ ရှိခဲ့ပါတယ်။
ထုတ်လုပ်မှုပမာဏ
နှစ်စဉ် လက်ဖက်ထုတ်လုပ်မှုက ကီလိုဂရမ် သန်း ၃၄၀ ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးပဋိပက္ခနဲ့ စီးပွားရေးအကျပ်အတည်း တွေကြောင့် လက်ဖက်ထုတ်လုပ်မှုဟာ အခုနောက်ပိုင်းနှစ်တွေမှာ လျော့ကျလာနေတာကို တွေ့ရပါတယ်။ ‘သီရိလင်္ကာနိုင်ငံ လက်ဖက်တင်ပို့ရောင်းချသူများအသင်း (Tea Exporters Association - Sri Lanka)” ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၁ ခုနှစ်မှာ လက်ဖက်ခြောက် ထုတ်လုပ်မှုဟာ ကီလိုဂရမ် ၂၉၉.၄၉ သန်း ရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာတော့ ကီလိုဂရမ် ၂၅၁.၅၀ သန်း သာ ထုတ်လုပ်ခဲ့တာကို တွေ့ရှိရပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၂ ခုနှစ်မှာ ၁၅-၁၇ ရာ ခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဆိုနိုင်ပါတယ်။
အစဉ်အလာအားဖြင့် နှစ်တစ်နှစ်မှာ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု လျော့ကျသွားတယ်ဆိုရင် နောက်နှစ်မှာ လက်ဖက်အထွက်နှုန်း တက်လာတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်မှာ လက်ဖက် ထုတ်လုပ်မှု မြင့်တက်လာဖို့ မျှော်မှန်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလို ဖြစ်ဖို့ မလွယ် ကူလှဘူးလို့ သိရပါတယ်။ အထူးသဖြင့် မြေသြဇာနဲ့ အခြားသွင်းအားစုတွေရဲ့ ဈေးနှုန်းကြီးမြင့်မှုကြောင့် အသေးစား စိုက်ပျိုးသူတွေဟာ လက်ဖက်စိုက်ခင်းတွေကို လုံလုံလောက်လောက် မပြုစုနိုင်ဘဲ အထွက်နှုန်း လျော့ ကျနေရတာလို့ ခန့်မှန်းကြတာပါ။ ၂၀၂၂ ဇန်နဝါရလကနေ အောက်တိုဘာလအထိ ထုတ်လုပ်မှုက ကီလိုဂရမ် ၂၁၁.၇၇ သန်း ရှိခဲ့ပြီး၊ ၂၀၂၃ ကာလတူမှာတော့ ကီလိုဂရမ် ၂၁၆.၂၆ သန်း ထွက်ရှိခဲ့တာကြောင့် ကီလိုဂရမ် ၄ သန်းခွဲလောက် ပိုထုတ်လာတာကိုတော့ တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုဟာ သီရိလင်္ကာအတွက် အရေးကြီးတဲ့ ဝင်ငွေအရင်းအမြစ် ဖြစ်နေဆဲပါ။ ထို့အတူပဲ ကမ္ဘာ့လက်ဖက်ဈေးကွက်မှာလည်း သီရိလင်္ကာဟာ တရုတ်၊ အိန္ဒိယ၊ ကင်ညာတို့နောက်မှာ ကမ္ဘာ့လက်ဖက်ထုတ်လုပ်မှု စတုတ္ထအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲလည်း ဖြစ်ပါ တယ်။
လက်ဖက်စိုက်ပျိုးတဲ့ ဒေသတွေ
သီရီလင်္ကာနိုင်ငံမှာ လက်ဖက်စိုက်ပျိုးတဲ့ မြေမျက်နှာသွင်ပြင်ကိုလိုက်ပြီး လက်ဖက်စိုက်တဲ့ ဧရိယာကို သုံးမျိုးသုံးစား ခွဲခြားနိုင်ပါတယ်။
- ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၂၀၀ အထက် (ပေ ၄၀၀၀ - ၆၀၀၀ နှင့် အထက်) မှာ စိုက်ပျိုးတဲ့ လက်ဖက်တွေကိုတော့ High Grown Tea လို့ သတ်မှတ်ပါတယ်။
- မီတာ ၁၂၀၀ နဲ့ မီတာ ၆၀၀ ကြား (ပေ ၂၀၀၀ နှင့် ၄၀၀၀ ကြား) မှာ စိုက်ပျိုးထားတဲ့ လက်ဖက်တွေကိုတော့ Medium Grown Tea လို့ ခေါ်ပါတယ်။
- မီတာ ၆၀၀ (ပေ ၂၀၀၀) အောက်မှာ စိုက်ပျိုးထားရင်တော့ Low Grown Tea လို့ သတ်မှတ်ပါတယ်။
လက်ဖက်စိုက်ပျိုးထားတဲ့ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်ကိုလိုက်ပြီး လက်ဖက်အမျိုးအစား ခွဲခြားသလို လက်ဖက်စိုက်ပျိုးရာဒေသတွေကိုလည်း ၇ ခု ထပ်မံ ခွဲခြားထားပါသေးတယ်။ Nuwara Eliya ၊ Uda Pussellawa ၊ Uva, Dimbula ၊ Kandy ၊ Sabaragamuwa နဲ့ Ruhuna ဆိုတဲ့ ဒေသ ၇ ခုပါ။ ဘာကြောင့်လဲဆိုရင် အဲဒီ့ဒေသတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ တူညီရင်တောင် ရာသီဥတု ကွဲပြားခြားနား နေတတ်ပြန်တာကြောင့်ပါ။ အဲဒီလို ကွာခြားတာနဲ့အမျှ လက်ဖက်ခြောက်ရဲ့ အနံ့၊ အရသာလည်း ကွာခြားမှု ရှိ တယ်လို့ ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံ၏ လက်ဖက်စိုက်ပျိုးရာဒေသများပြ မြေပုံ

လက်ဖက်ခြောက်အမျိုးအစား
သီရိလင်္ကာ လက်ဖက်ကဏ္ဍအနေနဲ့ Black tea ကို အဓိကထား ထုတ်လုပ်ပေမယ့် Ceylon green tea ကိုလည်း ထုတ်လုပ်ပါတယ်။ ဒါ့အပြင် လက်ဖက်အညွန့်လေးတွေကို သီးသန့်ရွေးချယ်ပြီး White tea အဖြစ် ထုတ်လုပ်ထားတာလည်း ရှိပါတယ်။ သီရိလင်္ကာရဲ့ White tea ဟာ ဈေးအကြီးဆုံး ရရှိပြီး၊ ကမ္ဘာ့ဈေးကွက်မှာ အင်မတန် မျက်နှာပန်းလှတဲ့ ထုတ်ကုန် ဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ဈေးကွက်ထဲမှာ စီလုံတီးအဖြစ် တမူထူးခြားနေရတဲ့ အဓိက အချက် ၂ ချက်ကို EDB က ထောက်ပြပါတယ်။
- ပထမအချက်ကတော့ စီလုံတီးကို ခူးဆွတ်ရာမှာ အများစုကို လုပ်သားတွေကိုယ်တိုင် လက်နဲ့ သေသေချာချာ ရွေးချယ် ခူးဆွတ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် "နှစ်ရွက် တစ်ညွန့်" ဆိုတဲ့ အရည်အသွေးထိပ်တန်း လက်ဖက်ရွက်တွေကို ရရှိနေခြင်း ဖြစ်ပါတယ်။ ဒါက စီလုံတီးကို အခြားသော လက်ဖက်အမြောက်အများ ထုတ်လုပ်သူတွေနဲ့ နှိုင်းယှဉ်ရင် အားသာချက်တစ်ခုအဖြစ် ဈေးကွက်က မြင်နေတာပါ။
- ဒုတိယအချက်ကတော့ ကမ္ဘာတလွှားမှာ CTC နည်းလမ်းကို အဓိကအသုံးပြုပြီး လက်ဖက်ခြောက် ထုတ်လုပ်ကြပေမယ့် သီရိလင်္ကာမှာတော့ လက်ဖက်ခြောက်အားလုံးရဲ့ ၉၃ ရာခိုင်နှုန်းကို artisanal (လက်မှုပညာ) နည်းလမ်း၊ ဒါမှမဟုတ် Orthodox နည်းလမ်းတွေနဲ့ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ လက်ဖက်ခြောက် မက်ထရစ်တန်ချိန် ၂၅၁.၄၉ သန်း ထုတ်လုပ်ခဲ့ရာမှာ Orthodox tea မက်ထရစ်တန်ချိန် ၂၂၇,၁၁၇ ထုတ်လုပ်ခဲ့ပြီး CTC ကတော့ မက်ထရစ်တန်ချိန် ၂၂,၅၇၁ မက် ထရစ်တန် ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ Green tea ကိုတော့ မက်ထရစ်တန်ချိန် ၁,၈၀၉ ထုတ်လုပ်ခဲ့တယ် လို့ လက်ဖက်ခြောက်တင်ပို့သူများ အသင်းရဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။
ပြည်ပတင်ပို့နိုင်မှု အခြေအနေ
ကမ္ဘာ့လက်ဖက်ခြောက်ကုန်သွယ်ရေးမှာ ၁၉ ရာခိုင်နှုန်းကို စီလုံတီးက နေရာယူထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ လက်ဖက်ခြောက် မက်ထရစ်တန်ချိန် ၂၅၀,၁၉၁ တင်ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဓိကတင်ပို့တာကတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ရုရှားကလည်း စီလုံတီးကို အတော်များများ တင်သွင်းတာကို တွေ့ရပါတယ်။ ဥရောပနိုင်ငံအချို့ကလည်း တင်သွင်းကြတာကို တွေ့ရပါတယ်။
သီရိလင်္ကာနိုင်ငံမှ လက်ဖက်ခြောက် ပြည်ပတင်ပို့မှု အခြေအနေ (မက်ထရစ်တန်)

အရင်းအမြစ် - Tea Exporters Association - Sri Lanka
သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု ကဏ္ဍကြီးတစ်ရပ်လုံးကို စာမျက်နှာ အနည်းငယ်မျှနဲ့ ပြည့်စုံအောင် ဖော်ပြဖို့ အဆင်မပြေလှပါဘူး။ ဒါကြောင့် မြန်မာ့လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအတွက် အသုံးဝင်မယ်လို့ ယူဆမိတဲ့ အချက်အလက်အချို့ကို ရွေးနှုတ်တင်ပြထားခြင်းဖြစ်ပြီး ဆက်လက်တင်ပြစရာအချက်အချို့လည်း ကျန်ရှိနေပါသေးတယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
U Saw
လွန်ခဲ့သော ၂ နှစ် ကမြန်မာ့လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူတွေအတွက် သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်ကဏ္ဍကတဆင့် လေ့လာစရာ ၊ ဆင်ခြင်စရာ ၊ အတုယူစရာတွေ ရနိုင်တာမို့ ဆရာ့အခန်းဆက်ဆောင်းပါးတွေကို စောင့်မျှော်ဖတ်ပါမယ် 🙏👍
သက်ခိုင်
လွန်ခဲ့သော ၂ နှစ် ကကျော်စွာ
လွန်ခဲ့သော ၂ နှစ် ကCTC .artisanal နဲ့Orthodox နည်းလမ်းတွေကို အကျယ်တဝင့် ရှင်းပြပေးစေလိုပါတယ်
ဆက်စပ်ဆောင်းပါးများ
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
အကြောင်းအရာ ပံ့ပိုးသူ
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
ဆက်စပ်မေးခွန်းများ
ဆရာများခဗျ မိုးနှမ်းစိုက်ပျိုတော့မှာဖြစ်လို့ အထွက်နှုန်း၊အသီနှုန်နဲ့ရောဂါပိုးမွှား ဒဏ်ခံနိုင်အောင် ဘယ်လိုစိုက်ပျိုးသင့်လဲသိချင်လို့ နည်းလမ်ကောင်းလေးတွေ ပေးကြပါအုံးဗျ
ကိုမျိုးသူ • ဖြေကြားချက် 2 ခု
ဘာစမာတီမျိုးစပါးဘယ်မာရနိုင်လဲ
မောင်ကျော်လင်းဟန် • ဖြေကြားချက် 0 ခု
ပျိုးပင်ပုံပါတိုင်းဖြစ်သွားလို့ပါဆေးလောင်တာလားမှိုရောဂါလားခင်ဗျအပင်ကြီးဆေးဖြန်းရင်းဆေးပိုဖြန်းလိုက်မိတယ်မန်ကိုဇက်6ဇွန်း ပရိုပါ50စီစီ ဘယ်လိုပြင်သင့်လည်းဆရာခင်ဗျပျိုးပင်ငယ်လေးပါ
ခင်ဇော်ဝင်း • ဖြေကြားချက် 2 ခု
၃လမြေပဲအတွက် အမိုင်နိုအက်စစ် ဘယ်ချိန်တွေမှာသုံးသင့်လဲ?
Messi • ဖြေကြားချက် 1 ခု
အရွက်ကဘာဖြစ်လို့ဝါတာလဲ
ရန်နိုင်ထ့န်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from Khaing Kyi Thit
အားလုံး