ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များ ဂရုစိုက်သင့်တဲ့ ကြက်ဥခွံအရည်အသွေး
စီးပွားဖြစ်ကြက်မွေးမြူရေးလုပ်ငန်းမှာ ဉစားကြက်မွေးမြူရေးဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ပြီး နှစ်စဉ် ပြည်တွင်းစားသုံးရန်အတွက် ကြက်ဥသန်းချီထုတ်လုပ်ပေးနေပါတယ်။
ပြည်တွင်းမွေးမြူသူတွေအနေနဲ့ ဉစားကြက်မွေးမြူရေး ပိုမိုတွင်ကျယ်လာတာနှင့်အမျှ စိန်ခေါ်မှုတွေအမျိုးမျိုးနဲ့လည်း ရင်ဆိုင်လာရပါတယ်။ ဒီစိန်ခေါ်မှုတွေထဲကမှ ဉစားကြက်မွေးမြူရေးလုပ်ငန်းရှင်များ ရင်ဆိုင်ရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ ကြက်ဉခွံအရည်အသွေး (Egg Shell Quality) နဲ့ ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။

ပုံမှန်အားဖြင့် ဥကြက်မတွေဟာ အသက် ၂၀ ပတ်သားအရွယ်မှာ စတင်ဥကာ အသက် (၅၂) ပတ်သားအရွယ်အထိ ဥကြတာတွေ့ရပါတယ်။ စီးပွားဖြစ်ဉစားကြက်မွေးမြူရေးမှာ ကြက်ဉခွံအရည်အသွေးကို လွှမ်းမိုးထားတဲ့အချက်များစွာရှိပါတယ်။
(၁) တိရစ္ဆာန်အစာ အရည်အသွေး
ကြက်ဉခွံအရည်အသွေးကို အဓိကလွှမ်းမိုးထားတဲ့ အချက်ကတော့ ကြက်စာအရည်အသွေးပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် ကြက်ဉခွံမှာ အဓိကပါဝင်တဲ့ Calcium ဟာ ဉကြက်မအစာထဲမှာ လုံလောက်စွာ ပါဝင်ဖို့ အရေးကြီးပါတယ်။ ကြက်စာထဲ Calcium လုံလုံလောက်လောက်ပါဝင်မှသာ ဥကြက်မရဲ့ခန္ဓာကိုယ်နဲ့ ထုတ်လုပ်လိုက်တဲ့ ကြက်ဥခွံအရည်အသွေး ပြည့်မီမှာဖြစ်ပါတယ်။
ကြက်စာအတွင်း လုံလောက်တဲ့ Calcium မပါဝင်ဘူးဆိုရင်တော့ ကြက်ဉခွံပါးခြင်း၊ ဥပျော့ထွက်ခြင်း၊ ပုံသဏ္ဌာန်မမှန်ခြင်းတို့ကို ကြုံရတတ်ပါတယ်။
(၂) ကြက်ခြံအတွင်း အပူချိန်လွန်ကဲ့ခြင်း
ဒုတိအချက်ဖြစ်တဲ့ ကြက်ခြံအတွင်း အပူချိန်လွန်ကဲရင်လည်း ကြက်ဥခွံ အရည်အသွေးအပေါ် ထိခိုက်မှုရှိနိုင်ပါတယ်။ ကြက်ခြံအတွင်း ပုံမှန်ထက် အပူချိန်လွန်ကဲလာမယ်ဆိုရင် မွေးမြူထားတဲ့ကြက်များ Stress ဒဏ်ခံစားရကာ ပုံမှန် ခန္ဓာကိုယ်အတွင်း လုပ်ငန်းဆောင်တာများ ပျက်စီးကာ ကြက်ဥခွံအရည်အသွေး ထိခိုက်တာ ဖြစ်တတ်ပါတယ်။
အထူးသဖြင့် အပူချိန်လွန်ကဲတဲ့ နွေရာသီမျိုးတွေမှာ ဥစားကြက်မများကို အထူးဂရုစိုက်သင့်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကြက်စာ (သို့မဟုတ်) ကြက်သောက်ရေထဲမှာ ဖြည့်စွက်အားဆေးများကို တိုက်ကျွေးနိုင်ပါတယ်။
(၃) ကြက်ခြံအတွင်း ရောဂါတစ်မျိုးမျိုး တွေ့ရခြင်း
မိမိမွေးမြူထားတဲ့ကြက်ခြံအတွင်းရောဂါဖြစ်မယ်ဆိုရင်လည်း ရောဂါလက္ခဏာတစ်ရပ်အနေနဲ့ ကြက်ဥခွံ အရည်အသွေး မကောင်းတာကို တွေ့ရတတ်ပါတယ်။ ဥပမာအနေနဲ့ ကြက်ခြံအတွင်း ဆုံးရှုံးမှုများစေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တဲ့ လည်လိမ်ရောဂါနှင့် လေပြွန်ရောင်ရောဂါတွေကြောင့်လည်း ကြက်ဥခွံအရည်အသွေး မကောင်းတာ ဖြစ်တတ်ပါတယ်။
ဒါ့အပြင် ဘက်တီးရီးယားပိုးကြောင့်လည်း ကြက်ဥခွံပုံမမှန်ခြင်း၊ ဥခွံပျော့ခြင်း၊ ကြက်ဥနှုန်းကျဆင်းခြင်းတို့ ဖြစ်တတ်ပါသေးတယ်။
ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မိမိခြံအတွင်း ကြက်ဥအရည်အသွေးနှင့် ကြက်ဥနှုန်းကျဆင်းတို့ကို ဖြစ်စေတဲ့ အထက်ပါအချက်တွေကို ဂရုစိုက်ထိန်းချုပ်ခြင်းဖြင့် ကြက်ဥအရည်အသွေးကျဆင်းခြင်းတွေကို ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
THANT ZIN
လွန်ခဲ့သော ၁ နှစ် ကဥစားကြက်ဘယ်နှစ်မျိုးရှိသလဲ
ဦးချစ်ကို
လွန်ခဲ့သော ၁ နှစ် ကကျန်တော် ခုမှ စမွေးတာပါ ကြက်တွေမှာ သွေးဝမ်းက ဘာလို့ ဖြစ်တာလဲဗျ
ဆန်းလင်းဖြိုး
လွန်ခဲ့သော ၁ နှစ် ကအစာ ၇.၅ ကျပ်သားကို ၂၀ ပတ်သားမှ ၇၆ ပတ်သားအထိ ကျွေးလို့ရလားပြောပေးပါ။
ဇင်ဘိုအောင်
လွန်ခဲ့သော ၂ နှစ် က7 ကျပ်သား...ကျွေးသင့်ပါတယ်
Zin Ko Latt
လွန်ခဲ့သော ၃ နှစ် ကအရွယ်ရောက် ဥကြက်မ တစ်ကောင်ကို တစ်ရက်တာ အစား အလေးချိန် မည်မျှကျွေးသင့်ပါသလဲ....
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆိတ် အတွက်စိုက်ပျိုးရေးမြက်ကြွေးမယ်ဆိုရင် ဘယ်မြက်အဆင်ပြေမလဲဗျ ဘယ်မြက်ကသင့်တော်နိုင်လဲဗျ
kyawlin soe • ဖြေကြားချက် 1 ခု
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from Ning Naing Ling
အားလုံး