စူပါအယ်လ်နီညို၏ ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုမျ
စူပါအယ်လ်နီညို (Super El Nino) ဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအပူပိုင်းဒေသရှိ ရေပြင်အပူချိန်သည် ပုံမှန်ထက် ၂ ဒီဂရီဆဲလ်စီးရပ်စ်နှင့် အထက် ပိုမိုမြင့်တက်လာသည့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်သည်။
စူပါအယ်လ်နီညိုနှင့် မွေးမြူရေး
စူပါအယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် အပူချိန်လွန်ကဲမှု၊ မိုးခေါင်ရေရှားမှုနှင့် အပူလှိုင်းဖြတ်မှုများသည် မြန်မာနိုင်ငံရှိ မွေးမြူရေးကဏ္ဍ (တိရစ္ဆာန်မွေးမြူရေးနှင့် ငါး/ပုစွန်မွေးမြူရေး) အပေါ်သိသာထင်ရှားသော အနုတ်သဘော သက်ရောက်မှုများ ရှိသည်။
စူပါအယ်နီညိုနှင့် ငါးကန်
စူပါအယ်လ်နီညို (Super El Nino) ဖြစ်စဉ်သည် ကမ္ဘာတစ်ဝန်းတွင် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများကို ဖြစ်စေပြီး ငါးမွေးမြူရေးကဏ္ဍနှင့် ငါးကန်များအပေါ် အောက်ပါအတိုင်း ဆိုးကျိုးများ သက်ရောက်စေနိုင်သည်။
ငါးကန်များအပေါ် သက်ရောက်မှုများ
၁။ ရေအပူချိန်မြင့်တက်ခြင်း
ရေပြင်အပူချိန်ပြင်းထန်စွာ မြင့်မားလာသောကြောင့် ရေထဲတွင် ပျော်ဝင်နေသော အောက်ဆီဂျင်ပမာဏ လျော့နည်းလာသည်။
၂။ အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ရေပုပ်ခြင်း
အပူဒဏ်ကြောင့် ရေညှိနှင့် သဘာဝပစ္စည်းများ ဆွေးမြေ့ကာ ရေပုပ်ပြီး အောက်ဆီဂျင်ပြတ်လပ်ခြင်းကြောင့် ငါးများအစုလိုက်အပြုံလိုက် သေဆုံးတတ်သည်။
၃။ ရေရှားပါးမှု
မိုးခေါင်ရေရှားမှုနှင့် ရေငွေ့ပျံနှုန်း မြင့်မားမှုကြောင့် ငါးကန်များတွင် ရေလုံလောက်စွာ ဖြည့်တင်းရန် ခက်ခဲလာသည်။
၄။ ရောဂါနှင့် ကပ်ပါးပိုးကျရောက်မှု
ရေအပူချိန် မတည်မငြိမ်ဖြစ်ပြီး အရည်အသွေးကျဆင်းလာသောအခါ ငါးများတွင် ကိုယ်ခံအားကျဆင်းကာ မှိုနှင့် ကပ်ပါးရောဂါများ လွယ်ကူစွာ ဝင်ရောက်နိုင်သည်။
၅။ စရိတ်စက မြင့်တက်လာခြင်း
အယ်လ်နီညိုကြောင့် သဘာဝငါးဖမ်းလုပ်ငန်းများ ထိခိုက်ရသဖြင့် ငါးစာပြုလုပ်ရာတွင် အသုံးပြုသည့် ငါးမှုန့် (Fishmeal) ဈေးနှုန်းများ မြင့်တက်လာပြီး ငါးမွေးမြူရေး ကုန်ကျစရိတ်ကြီးမားလာသည်။

ကြိုတင်ကာကွယ်ရန် နည်းလမ်းများ
၁။ ရေအပူချိန်နှင့် အောက်ဆီဂျင်ကို ဂရုစိုက်ပါ
ကန်ရေအပူချိန်နှင့် ပျော်ဝင်အောက်ဆီဂျင်ပမာဏ (5 ppm အထက်) ကို မှန်မှန်စစ်ဆေးပြီး လိုအပ်ပါက ရေယဉ်တန်းများ၊ ရေပန်းများဖြင့် အောက်ဆီဂျင်ဖြည့်ပေးပါ။
၂။ အရိပ်အမိုးနှင့် ရေအနက် တိုးမြှင့်ပါ
ကန်ရေမျက်နှာပြင် အပူချိန်မမြင့်စေရန် သို့မဟုတ် ငါးများ အပူဒဏ်မှ ရှောင်ရှားနိုင်ရန် ကန်ရေကို လုံလောက်သော အနက်ရှိအောင် ထိန်းထားပါ။
၃။ အစာကျွေးပုံ ချိန်ညှိပါ
ပူပြင်းသည့်အချိန်များတွင် အစာကို လျှော့ကျွေးပါ သို့မဟုတ် နေရောင်ခြယ်လှဲပြီး အေးမြချိန်များတွင် သင့်တင့်မျှတစွာ ကျွေးမွေးပါ။ အစာကြွင်းကျန်ခြင်း မရှိစေရန် အထူးဂရုပြုပါ။
၄။ အကျိုးပြုပိုးများ အသုံးပြုပါ
ရေအရည်အသွေး မယိုယွင်းစေရန် အကျိုးပြုဗက်တီးရီးယား (Probiotic) များကို အသုံးပြု၍ ရေထုသန့်စင်မှုကို ထိန်းသိမ်းပါ။
အချုပ်အားဖြင့်ဆိုရသော်
စူပါအယ်လ်နီညို (Super El Nino) ဖြစ်စဉ်သည် ငါးမွေးမြူရေးကန်များအတွက် အဓိက အန္တရာယ်ကြီးမားသော ပတ်ဝန်းကျင်ဖိအားတစ်ခု ဖြစ်စေသောကြောင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် ဆုံးရှုံးမှုနည်းနိုင်ပါကြောင်း လေ့လာရေးသားအပ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အယ်နီညိုအတွက် ကြိုတင်ပြင်ဆင်ခြင်း
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • ဖြေကြားချက် 0 ခု
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • ဖြေကြားချက် 1 ခု
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • ဖြေကြားချက် 14 ခု
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • ဖြေကြားချက် 1 ခု
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၆ မှ ၂၂ ရက်နေ့အထိ တိုင်းဒေသကြီးအလိုက် အပူချိန်ခန့်မှန်းချက်
16/10/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (12-16.10.2026)
16/10/2026
ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
16/10/2026
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
More from နှင်းဖြူဖြူ
အားလုံး
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026