ရေထွက် စားသောက်ကုန်ပစ္စည်းများနှင့် ဆိုးဆေးအန္တရာယ်
အရောင်ဆိုးဆေးဆိုသည်မှာ -
အစားအသောက်ထပ်ဖြည့်ပစ္စည်း (Food Additives) တစ်မျိုးဖြစ်သည်။ အရောင်ဆိုးဆေးများနှင့်ပတ်သက်၍ နိုင်ငံတကာရှိစားသောက်ကုန်လုပ်ငန်းများတွင် ယခုထက်တိုင် ကျယ်ပြန့်စွာ သုံးစွဲလျက်ရှိပါသည်။
အရောင်ဆိုးဆေးအမျိုးအစား
အရောင်ဆိုးဆေးအမျိုးအစားမှာ အဓိကအားဖြင့်(၂)မျိုးရှိသည်။
ယင်းတို့မှာ-
(က) သစ်ပင်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များမှရသည့် သဘာဝဆိုးဆေး “Natural Colour”
(ခ) ဓာတုပစ္စည်းများဖြင့် စီမံထုတ်လုပ်ထားသည့် ဓာတုဆိုးဆေး “Synthetic Colour” တို့ဖြစ်ပါသည်။
ဓာတုဆိုးဆေးအမျိုးအစား
ဓာတုဆိုးဆေး(Synthetic Colour)ကို အမျိုးအစားထပ်မံခွဲခြားပါက သုံးစွဲခွင့်ပြုထားသည့် Permitted Food Colour နှင့် သုံးစွဲခွင့်မပြုထားသော Non-Permitted Food Colour တို့ဖြစ်ပါသည်။
အရောင်ဆိုးဆေးသုံးစွဲရခြင်းအကြောင်းအရင်း
အဓိကမှာ စားသုံးသူတို့ကြိုက်နှစ်သက်အောင် အရောင်(Colour)စွဲဆောင်မှုအနေဖြင့်အစားအသောက်တွင် ထည့်သွင်းအသုံးပြုကြခြင်းဖြစ်သည်။
အရောင်ဆိုးဆေးအား အစားအသောက်များတွင်ထည့်သွင်းအသုံးပြုရာ၌ နိုင်ငံတကာမှ ခွင့်ပြုလက်ခံသည့် အစားအသောက်အရောင်ဆိုးဆေး (Food Colour Dye) များသာသုံးစွဲ ခွင့်ပြုထားသည်။ အခြားအန္တရယ်ရှိသော အထည်အလိပ်လုပ်ငန်းသုံးဆိုးဆေး(Textile Dye) များအား သုံးစွဲ ခွင့်မပြုပါ။

အရောင်ဆိုးဆေးများသုံးစွဲမှုအခြေအနေ
ဓာတုဆိုးဆေးအရောင်သည် သဘာဝဆိုးဆေးအရောင်ထက် အရောင်ပိုလှပြီးတာရှည်ခံသည့်အတွက် သုံးစွဲမှုများသည်။ ဓာတုဆိုးဆေးအရောင်များထဲမှ သုံးစွဲခွင့်ပြုထားသည့် (Permitted Food Colour) အရောင်များသည့် ဈေးကြီးပြီး အရောင်တောက်ပမှုသိပ်မရှိသဖြင့် သုံးစွဲသူများကြိုက် နှစ်သက်မှုမရှိချေ။
ခွင့်မပြုဓါတုဆိုးဆေးသုံးစွဲမှုများလာရခြင်းသည် - အစားအသောက်တွင် သုံးစွဲခွင့်မပြုသော Non Permitted Food Colour တစ်မျိုးဖြစ်သည့် ချည်ဆိုးဆေး(Rhodamine B) မှာအနည်းငယ်သုံးရုံမျှဖြင့် အရောင်တောင်ပသည့်အပြင် ဈေးနှုန်းသက်သာပြီး ဈေးကွက်တွင် အလွယ်တကူဝယ်ယူရရှိနိုင်သဖြင့် သုံးစွဲမှုများလာခြင်း ဖြစ်သည်။
နောက်အပိုင်းများတွင် ခွင့်ပြုသောဆိုးဆေးနှင့် ခွင့်မပြုသော ဆိုးဆေးများအကြောင်းကို နောက်အပိုင်းတွေမှာ ဖော်ပြပေးသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • ဖြေကြားချက် 0 ခု
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • ဖြေကြားချက် 1 ခု
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • ဖြေကြားချက် 14 ခု
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • ဖြေကြားချက် 1 ခု
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
အားလုံး
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025