ငါးတန်ငါး မွေးမြူနည်း
တောင်ဗီယက်နမ်မှ ပန်ကားဆပ် ငါးခူမျိုးဝင် ငါးတန်သည် အများဆုံးမွေးမြူထုတ်လုပ်နေသည့် ငါးတန်ငါးအမျိုးအစား ဖြစ်သည်။ငါးတန်ကို ကန်ဖြင့်သော်လည်ကောင်း၊ ခြံလှောင်ကန်ဖြင့်သော်လည်းကောင်း မွေးမြူနိုင်ပါသည်။ အပင်ထွက် အစေ့ အဆန်များကိုအခြေခံကာ အသားဓာတ်ဖြစ်သော ငါးပေါင်းမှုန့် သို့မဟုတ် တိရစ္ဆာန်အသားဘေးထွက်ပစ္စည်းအနည်းငယ်ပါရုံမျှ ထည့်သွင်းထားသောစပ်စာကို ကျွေးမွေးနိုင်သည်။ ငါးတန်သည် လေကိုမြိုချရယူပြီး အသက်ရှူနိုင်သောငါးမျိုး ဖြစ်သည်။
မွေးမြူရေးတွင်အသုံးပြုနေသော ငါးတန်မှာ မျိုးစိတ်(၃)မျိုး ရှိပါသည်။ လမ်းလျှောက်ငါးတန်(Walking Catfish)တွင် နှစ်မျိုးရှိပြီး သိပ္ပံအမည်အားဖြင့် Clarias batrachus နှင့် Clarias macrocephalus ဟု ခွဲခြားမှည့်ခေါ်ထားပါသည်။ အခြားငါးတန်တစ်မျိုးမှာ ငွေရောင်ငါးတန်(Silver striped catfish) ဟု ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Pangasius sutchi ဖြစ်ပါသည်။ ငွေရောင်ငါးတန်သည် လမ်းလျှောက်ငါးတန်ထက် ရောဂါကျရောက်မှုကို ပိုမိုခံနိုင်ရည်ရှိပါသည်။
ငွေရောင်ငါးတန်အား အသားတိုးမွေးမြူရာတွင် အများအားဖြင့် ၀.၄ မှ ၀.၆ ဧကခန့် ကျယ်ဝန်းသောကန်များကို အသုံးပြုလေ့ရှိပါသည်။သားပေါက် မထည့်သွင်းမီကန်အား ကြိုတင်ပြင်ဆင်မှုအဖြစ် သားစားငါးရိုင်းများအား ရှင်းလင်းခြင်းကို ဆောင်ရွက်သော်လည်း ကန်၏ရေသြဇာဓာတ် အတွက် မြေသြဇာအား ထည့်သွင်းလေ့မရှိပါ။

သားပေါက်ထည့်သွင်းနှုန်းမှာ တစ်ဧကလျှင် သားပေါက်ကောင်ရေ ၁၂၀၀၀ မှ ၂၀၀၀၀ ခန့်အထိ ထည့်သွင်းမွေးမြူလေ့ရှိပါသည်။ ငါးနုတ်၊ ငါးဖွဲများနှင့် ငါးပေါင်းမှုန့်များအား ဖြည့်စွက်စာအဖြစ် ကျွေးမွေးလေ့မရှိဘဲ မီးဖိုချောင်မှ စွန့်ပြစ်အသီးအရွက်များကိုသာ အသုံးပြုလေ့ရှိပါသည်။
ငါး၏ကြီးထွားနှုန်း၊ သားပေါက်ထည့်သွင်းနှုန်းနှင့် စျေးကွက်ပေါက်စျေး အနေအထားပေါ်မူတည်ပြီး မွေးကာလ ၈ လ မှ ၁ဝ လခန့်တွင် ကန်ဖော်ဖမ်းဆီး ထုတ်လုပ်လေ့ရှိပါသည်။ သာမန်အားဖြင့် ငါးတန်များသည် မွေးကာလ ၈ လမှ ၁၀ လအတွင်း ၁ပိဿာကျော်ခန့်အထိ ကြီးထွားလေ့ရှိပါသည်။
ငါးတန်များအား ရေဝင်ဆံ့မှုပမာဏ ၁၅ တန်( ၁တန်= အလျား ၃.၃ ပေ၊ အနံ ၃.၃ ပေနှင့် အနက် ၃.၃ ပေ)မှ တန် ၂၀ ရှိသော သစ်သားလှောင်အိမ်များဖြင့်လည်း မွေးမြူနိုင်ပါသည်။ လှောင်အိမ်များအား ဝါးပိုးဝါးများဖြင့် ဖောင်ဖွဲ့ပြီးမြစ်၊ ချောင်းများအတွင်း ချထားပြီး မွေးမြူနိုင်ပါသည်။ သားပေါက်ထည့်သွင်းနှုန်းမှာ ရေ ၁ တန်လျှင် ၃ လက်မ မှ ၄ လက်မ အရွယ် သားပေါက်ကောင်ရေ ၅၀ နှုန်းဖြင့် ထည့်သွင်းမွေးမြူပါသည်။
ငါးများအား နွားချေး၊ ကြက်ချေး နှင့် ဖွဲနုအား ၃း၁ ဖြင့် ရောစပ်ထားသော ဖော်စပ်အစာ(အစို) အား ကျွေးမွေးပါသည်။ ငါးများ၏ရှင်သန်နှုန်းမှာ ၈၀ % မှ ၉၀ % ခန့်အထိ မြင့်မားပြီး မွေးမြူကာလ ၁၂ လမှ ၁၅ လအတွင်းတွင် ၆၅ ကျပ်သားအရွယ်ခန့်အထိ ကြီးထွားလေ့ရှိပါသည်။ထွက်ရှိမှုနှုန်းထားမှာ အလျား ၃.၃ ပေ၊ အနံ ၃.၃ ပေနှင့် အနက် ၃.၃ ပေရှိသော ရေထုတစ်တန်လျှင် ၂၅ ပိဿာခန့် ထွက်ရှိနိုင် ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
nay lay
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးဗျာ ငါခူစမွေးချင်လို့ပါ အိမ်မာအသေးဖွဲ 100လောက်ကစချင်တာ ဘယ်လိုစရမလဲ မသိသေးလို့ပါ
နှင်းဖြူဖြူ
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ်ရှင့်...
MR FISH
လွန်ခဲ့သော ၂ နှစ် ကဟုတ်ကဲ့ပါခင်ဗျ။ မျှဝေတာပါဗျ။ တင်ဆက်ပေးတာတွေလဲ ပညာရပါတယ်ဗျ
နှင်းဖြူဖြူ
လွန်ခဲ့သော ၂ နှစ် ကဟုတ်ကဲ့ပါရှင့်။ မှတ်သားထားပါမယ်
MR FISH
လွန်ခဲ့သော ၂ နှစ် ကwalking catfish, Clarias batrachus က လယ်ငါးခူကိုခေါ်တာပါဗျ။ အကြံပြုတာပါ။ ငါးတန်တွေအတွက် nutritional requirements အတိုင်း တွက်ချက်ပြီး formulated feed ကျွေးတာက fcr ကောင်းစေနိုင်သလို အချိန်တိုအတွင်း ထြတ်လုပ်နိုင်မယ်ဗျ။ အစာမှာ ကြက်ချေးကျွေးရင်က poultry feed တွေမှာက အခြားသော antibiotics တွေပါဝင်တဲ့အတွက်ကြက်ချေးကျွေးတဲ့ ငါးတွေကို လူတွေစားသုံးမိရင် ဆေးယဉ်ပါးြခင်း antibiotics resistance ြဖစ်လာနိုင်ပါတယ်။ ထို့အတူ ငါးတွေအစာမှာလဲ အာဟာရမပြည့်ဝရင် nutritional deficiency signပြလာနိုင်ပါတယ်။ ဖော်စပ်စာ formulated feedကျွေးရင်ပိုကောင်းမယ်လို့ တင်ပြပါရစေဗျ။
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေးတွက်သုံးရေကန်ပါ ငါးထည့်မွေးချင်လို့ဘာငါးမွေးရင်အဆင်ပြေလဲဗျ
ဉီးထွန်း၀င်း • ဖြေကြားချက် 1 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ငါးခူမွေးချင်တယ် တာပေါ်လင်ကန်နဲ့ပါ မွေးမြူရေးနည်းပညာနဲ့ စနစ်တကျမွေးမြူပြီး ရေအနေအထားတွေဘယ်လိုပြင်ဆင်ရမလဲ သိချင်ပါတယ်။
Aung Lay • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026