ကာကွယ်ခြင်း − ၁ (စက်ဖြင့်နို့ညှစ်ခြင်း)
စက်ဖြင့် နို့ညစ်ရာတွင် နို့တိုင်များ သန့်ရှင်းခြောက်သွေ့မှု ရှိက နို့ညစ်ယူနိုင်သည်။ နို့ဉီးရည်တွင် နို့အုံရောင်ရောဂါများ ပါဝင်မှု ရှိမရှိ စစ်ဆေးပြီးမှသာ စက်ဖြင့် နို့ညစ်ခြင်း လုပ်ငန်းကို လုပ်ဆောင်ရမည်။ နို့ညစ်ခွက်များကို နို့တိုင်များတွင် ညင်သာနူးညံ့စွာ တပ်ဆင်ပြီးလျှင် နို့ကို စတင်ညှစ်ယူနိုင်ပါသည်။



အဓိကအရေးပါသောအချက်များ
- နို့ညှစ်ခွက်များကို ညင်သာစွာတပ်ဆင်ပါ။
-
နို့ကို ကုန်စင်အောင်ညှစ်ယူနိုင်ရန်နှင့် သန့်ရှင်းသောနို့ရရှိနိုင်စေရန် နို့ညှစ်စက်ကို အသုံးပြုသင့်သည်။
-
နို့များကုန်စင်အောင်ညှစ်ယူပြီးပါက နို့ညှစ်ခွက်များကို ချက်ခြင်းဖယ်ရှားခြင်းဖြင့် အလွန်အကျွံ နို့ညှစ် ယူမိခြင်းကို ရှောင်ရှားရမည်။
-
နို့ညှစ်ပြီးနောက် (၂) မိနစ်အတွင်း နို့ညှစ်ခွက်ဖြုတ်စေခြင်းအား မဖြစ်မနေခိုင်မာစွာ လုပ်ဆောင်ရန် စည်းမျဉ်းအဖြစ် ကျင့်သုံးရမည်။
-
နို့ညှစ်ခွက်များကို ကြမ်းတမ်းစွာ/လေဖိအားရှိစဉ်ဖြုတ်ယူခြင်းသည် နို့ညှစ်သမားကြောင့်နို့အုံရောင် ရောဂါ ဖြစ်ပွားစေမှု၏ အဓိကအကြောင်းအရာများတွင် ပါဝင်သည်။ နို့ညစ်ခွက်များကို ညင်သာစွာ ဖြုတ်ယူရမည်။
Source - မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူခြင်း စီမံကိန်း
ဆက်စပ်ဆောင်းပါးများ
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဝက်ဈေးနှုန်းလေးသိချင်ပါတယ် ဧရာဝတီတိုင်းကပါ
Kyaw Minn Han • ဖြေကြားချက် 0 ခု
ယင်မဲမွေးမြူဖို့က မျိုးစိတ်က ဘယ်မှာဝယ်ရမှာလဲ။
လူမုန်း • ဖြေကြားချက် 1 ခု
နဂျယ်သားလောင်းမွေးခြင်း
ဒေါ်ညွန့်ညွန့်ဦး • ဖြေကြားချက် 1 ခု
လက်တွေ့အကျိုးရှိရှိပြန်သူံးလို့ရမယ့်ဟာ ဥပမာပေါ့ အင်းစက်ဆို ဘယ်လိုအင်းစက်တွေက စိုက်ပျိုးရေးအတွက်အကျိုးပြုလဲ ဘယ်အင်းစက်ကို မွေးမြူသင့်လဲ
sweety • ဖြေကြားချက် 4 ခု
ဂဏန်း ရေပျော့ မွေး မလို့ 0.3 ဧက လောက် ရှိတဲ ကန် အသစ် တူးထား ပါ တယ် ခင်ဗျား ရေသွင်းပြီး ဒီအတိုင်းမွေး လို့ အဆင် ပြေ လား ။ ဒါမှ မဟုတ် မမွေးခင် ရေဩဇာ/မြေဩဇာ ကောင်း ဆေးဝါ တွေ ထည့် ပြီးမှ မွေးရလား ဆိုတာ အကြံပြု ပေးပါ ခင်ဗျား
Thura Sit • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....