အာလူးနေ့ (Happy Potato Day!)
၂၀၂၀ ခုနှစ် သြဂုတ်လ (၁၉) ရက်က “Potato Day-အာလူးနေ့”လေးပဲ ဖြစ်ပါတယ်။
“အာလူးနေ့ သမိုင်း”- BC 5000 မှ 8000 အတွင်းက ပီရူးတောင်ပိုင်းနဲ့ဘိုလီးဗီးယား အနောက်မြောက်ဒေသ တွေမှာ အာလူးကို ပထမဆုံးစိုက်ပျိုးခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကတည်းကပဲ အာလူးဟာ ယဉ်ကျေးမှုများစွာရဲ့ အဓိကသီးနှံ အဖြစ် ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့တာပါ။ အာလူးသီးနှံဟာ အမေရိကန်လူမျိုးတို့ရဲ့ အကြိုက်ဆုံး အစားအစာ တစ်ခုဖြစ်ပြီး နေ့စဉ်စားသုံးတဲ့ ပေါင်မုန့်၊ pancakes စတာတွေနဲ့ အတူစားသုံးနိုင်အောင် နည်းအမျိုးမျိုး တီထွင် ချက်ပြုတ်လာခဲ့ကြတာ ယနေ့ထိတိုင်ပါ။
အာလူးမှာ အာဟာရဓါတ်ပါဝင်မှု မြင့်မားတဲ့အတွက် တခြားအစားအစာများကို မစားသုံးဘဲ အာလူးကိုချည်းစားသုံးရင်တောင်မှ တစ်လခန့်နေထိုင်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ လိုအပ်တဲ့ အာဟာရဓါတ်အများစုကို ထောက်ပံ့ပေးတဲ့ အာလူးသီးနှံပင်ဟာ အပင်က နေရောင်ခြည်ကို စုဆောင်းးနေသမျှကာလပတ်လုံး ဥရဲ့ အတွင်းပိုင်း ဖွဲ့စည်းမှုကို ဖြစ်စေတဲ့ ကစီဓါတ်တွေကို ထုတ်လုပ်ပေးဖို့အတွက် လုံလောက်တဲ့ စွမ်းအင်ရှိပါတယ်။ သမိုင်းကြောင်းအရ ဂျူံစေ့၊ ပြောင်း၊ ဆန်၊ ကြံ တို့ပြီးနောက် ကမ္ဘာပေါ်မှာ ပဥ္စမမြောက် လိုအပ်ချက် အများဆုံး သီးနှံက "အာလူး"ဖြစ်ပါတယ်။
အာလူးနေ့ကို ဘယ်လိုကျင်းပလေ့ရှိသလဲ?
အကောင်းဆုံးပြင်ဆင်ထားတဲ့ ဟင်းပွဲတိုင်းမှာ မြင့်မြတ်သော အာလူးသီးနှံကို ထည့်သွင်းချက်ပြုတ်ခြင်းဖြင့် “အာလူးနေ့” ကို ကျင်းပကြပါတယ်။ အာလူးချစ်သူများက သူတို့တီထွင်ချက်ပြုတ်ထားတဲ့ ချက်နည်းတွေကို လူချင်းတွေ့ပြီး (ဒါမှမဟုတ်) Instagram နဲ့ Social Medai ပေါ်တွေမှာ အပြန်အလှန်မျှဝေကြပါတယ်။
နောက်ထပ် “အာလူးနေ့” စိတ်ကူးတစ်ခုအနေနဲ့ ဖန်တီးလာကြတာကတော့ အာလူးကို ချွန်ထက်တဲ့ ကိရိယာတွေနဲ့ ထွင်းထုတဲ့ အာလူးပန်းပု (အာလူးနဲ့ထွင်းထုတဲ့ ပန်းပုလက်ရာ) တွေကို ကမ္ဘာတစ်ဝှမ်းက ထောင်ပေါင်းများစွာသော လူတွေက ဒီဇိုင်းပုံစံအမျိုးမျိုး တီထွင်ပုံဖော်ကြတာပါ။
အာလူးဟာ ရိုးရှင်းသော သီးနှံ(ဥ) တစ်မျိုးမျှသာ ဖြစ်သော်လည်း လူတို့ရဲ့ကျန်းမာရေးနဲ့ အာဟာရဓာတ် ပြည့်ဝမှုကို အထောက်အပံ့ပေးစွမ်းတဲ့အတွက် “အာလူးနေ့” ကို အထူးတလည် ကျင်းပကြတာလို့ သိရှိရပါတယ်။
နန်းထက်ထက်ချစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Naing Win
လွန်ခဲ့သော ၆ နှစ် ကကျေးဇူးပါ
Toe Lie
လွန်ခဲ့သော ၆ နှစ် ကအခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ...
Thein Soe Min
လွန်ခဲ့သော ၆ နှစ် ကဆန်စပါးနေ့လည်းရှိရင်ကောင်းမယ်။ Have a rice day!
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022