မီးရှို့ခြင်းနဲ့ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်
ကမ္ဘာပေါ်တွင် လူဦးရေအဆမတန်တိုးပွားလာသည်နဲ့အမျှ စားဝတ်နေရေးကို အစဥ်အမြဲရင်ဆိုင်ဖြေရှင်းနေရပါသည်။ ထိုသို့ဖြေရှင်းရာတွင် လူသားများသည် သုံးစွဲပြီးသော အမှိုက်သရိုက်များကို မီးရှို့ပြီးဖျက်ဆီးခြင်းကလည်း အပါအဝင်ဖြစ်ပါသည်။ ရှေးခေတ်များစွာထဲမှ လူသားများသည် အမှိုက်သရိုက်များကို မီးရှို့ဖျက်ဆီးကြသော်လည်း နောက်ဆက်တွဲရလာဒ်ကိုမူ စိတ်ဝင်စားခြင်းမရှိခဲ့ပါ။
အမှိုက်သရိုက်များကိုမီးရှို့ခြင်းမှ ထွက်လာသောမီးခိုးများသည် ပထမဦးစွာ မျက်စိမွှန်ခြင်း၊ ယားခြင်းနှင့် အသက်ရှုမဝခြင်းများ ဖြစ်စေမည်ဖြစ်ပါသည်။ မီးခိုးငွေ့ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နှင့် မီသိန်းများ ပါဝင်ပြီး အဆိုပါဓာတ်ငွေ့များသည် ကားအင်ဂျင်များ၊ မီးခိုးခေါင်းတိုင်များမှထွက်သော ဓာတ်ငွေ့များနှင့် တူညီပါသည်။ လေထုထဲသို့ အစုလိုက့်အပြုံလိုက်ရောက်သွားပါက လေထုညစ်ညမ်းမှုကိုဖြစ်စေပြီး မသန့်ရှင်းသောလေထုကို ရှူရှိုက်ပါက အသက်ရှုကြပ်ခြင်း၊ ပျို့အန်ခြင်း ၊ ယားနာများထွက်ခြင်းနှင့် ပန်းနာရင်ကြပ်ရောဂါများ ဖြစ်လာပါသည်။ အဆုတ်မကောင်းသောလူများသည် မသန့်ရှင်းသောလေကိုရှူမိပါက အသက်ရှူမဝခြင်းမှစကာ ရင်ကြပ်ခြင်းအထိ ဖြစ်လာပါသည်။
ယခုအခါ ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် လူဦးရေထူထပ်သည့်အပြင် စီးပွားရေလုပ်ငန်းများကြောင့် အလုပ်ရုံများမှထွက်သော မီးခိုးများသည် လေထုညစ်ညမ်းမှုမြင့်တက်စေလာပြီး မြူဆိုင်းနေသကဲ့သို့ အုံ့မှိုင်းသောရက်များ ရှိနေပါသည်။ ထို့အပြင် မီးခိုးတွင်ပါသည့် ကာဗွန်မိုနောက်ဆိုက်နှင့်မီသိန်းများက ကမ္ဘာကြီးပူနွေးလာမှုကိုအားပေးသော ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ဖြစ်နေပါသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များလာပါက လက်ရှိအပူချိန်ထက် အဆမတန် အပူချိန်မြင့်တက်လာပြီး ရာသီဥတုဖောက်ပြန်လာကာ သီးနှံများ စိုက်ပျိုး၍မရနိုင်ပါ။ မြင့်လာသောအပူချိန်ကြောင့် ရေခဲတောင်များ အရည်ပျော်ကျလာကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသရှိမြို့များ ရေအောက်နစ်မြုပ်သွားခြင်း၊ ရေခဲမြစ်များပျောက်ကွယ်ခြင်း၊ ရေခဲတောင်များတွင် မှီတင်းနေထိုင်သော သက်ရှိမျိုးစိတ်များနှင့် အပင်မျိုးစိတ်များမျိုးတုံးခြင်း စသောဆိုးကျိုးများစွာ ကြုံတွေ့မည်မလွဲပေ။
ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းတွင် သစ်ရွက်ခြောက်များမီးရှို့ခြင်း၊ အမှိုက်များမီးရှို့ခြင်း၊ တောမီးရှို့ကာ စိုက်ပျိုးခြင်းတို့တွင် သစ်ရွက်များမှထွက်သော ကာဗွန်မိုနောက်ဆိုက်သည် လူများကို အဆုတ်ကင်ဆာဖြစ်စေနိုင်သည်ဟု ဆရာဝန်များက သတ်မှတ်ကြပါသည်။
ထိုအခါ အမှိုက်သရိုက်ကို အတတ်နိုင်ဆုံး မီးရှို့ခြင်းမှရှောင်ကြဥ်ကာ သဘာဝအတိုင်းဆွေးမြေ့စေခြင်း၊ ပြန်သုံးခြင်း(အအေးဘူးခွံ)၊ ပြန်လည်အသုံးချခြင်း (ကျွတ်ကျွတ်အိတ်များကို အမှိုက်ထည့်ရန်ပြန်သုံးခြင်း)၊ မဆွေးမြေ့သော ပလတ်စတစ်နှင့် ကျွတ်ကျွတ်အိတ်များကို လျော့သုံးခြင်း၊ ဆွေးမြေ့လွယ်သော ဖက်ရွက်၊ ကြာရွက်များဖြင့် အသား ငါး၊ အသီးရွက်များထုပ်ပိုးခြင်း၊ တစ်ခါသုံးကော်ဖီခွက် ပန်းကန်များအား လျော့သုံးခြင်း၊ စျေးသွားပါက ထည့်စရာခြင်း သို့မဟုတ် အိတ်များကို မိမိဘာသာသယ်ဆောင်သွားခြင်းများ ပြုလုပ်ရပါမည်။ စိုက်ပျိုးရေးတွင်လည်း သစ်ရွက်များနှင့် မြက်ခြောက်များကို မီးရှို့မည့်အစား natural mulch အဖြစ် လိုအပ်သည့်နေရာတွင် ပုံခြင်း၊ ဖုံးပေးခြင်း၊ သဘာဝအတိုင်းမြေဆွေးပုံအဖြစ်ထားကာ ဆွေးမြေ့စေခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။ တောင်ယာမီးရှို့ခြင်းကိုလည်း အတတ်နိုင်ဆုံးရှောင်ရပါမည်။
မီးရှို့ခြင်းမှဖြစ်လာသော နောက်ဆက်တွဲ သက်ရောက်မှုများသည် လူအပါအဝင် သက်ရှိများနှင့် ကမ္ဘာကြီးကိုပါ ခြောက်လှန့်သော ဆိုးရွားသည့်အချက်များဖြစ်သောကြောင့် မိမိတို့တစ်ယောက်ခြင်းသည် အထက်ပါအချက်များကို တတ်နိုင်သမျှလိုက်နာပါက လူသားတို့နေထိုင်ရာကမ္ဘာကြီးသည် ရေရှည်တွင် ကျန်းမာသောနေ့သစ်များကို အနာဂတ်မျိုးဆက်သစ်များအတွက် ယူဆောင်ပေးမည်မှာ မလွဲဖြစ်ပါတော့သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022