နတ်မတောင် သဘာဝဘေးမဲ့ ဥယျာဉ် ဧရိယာပါ တောင်တန်း တစ်ခုတွင် သစ်တောသစ်ပင် မရှိတော့ဘဲ ပြောင်တလင်းခါဖြစ်နေပြီဟုဆို
နတ်မတောင် ဘေးမဲ့ သဘာဝ ဥယျာဉ်ဧရိယာထဲတွင် ပါဝင်နေသော ၁၂ မိုင်တောင်ခြေစခန်းအနီးရှိ ကျေးရွာတစ်ဝိုက်မှ တောင်တန်းများတွင် သစ်တောသစ်ပင်ဟူ၍ မရှိတော့ဘဲ ပြောင်တလင်းခါ နေပြီဖြစ်ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့ရသော သဘာဝ အခြေခံ ခရီးသွားဧည့်လမ်းညွှန် တစ်ဦးက ဓာတ်ပုံနှင့် တကွ ၄.၄.၂၀၁၅ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ ၎င်းအနေဖြင့် ယင်းလမ်းကြောင်းကို နှစ်စဉ်နီးပါး သဘာဝအခြေခံ တောင်တက် ခရီးသွားများအား ဧည့်လမ်းညွှန်အဖြစ် လိုက်လံပို့ဆောင် ပေးနေခဲ့ရာတွင် ယခုနှစ်၌ ယင်းကဲ့သို့ ပြောင်တလင်းခါနေသော မြင်ကွင်းကို မြင်ခဲ့ရခြင်းဟု ဆိုသည်။ “အဲဒီနေရာက နတ်မတောင် သဘာဝ ဧရိယာထဲမှာ ပါတယ်။ ပြောရရင် ၁၂ မိုင် စခန်းနားက ကျေးရွာ တစ်ဝိုက်မှာ ပါပဲ” ဟု ဧည့်လမ်းညွှန် ကိုစိုင်းကျော်သူထွေးက ပြောသည်။ အဆိုပါ တောင်တက် ခရီးစဉ်ကို ခရီးသည် ၁၀ ဦးကျော်အား ၎င်းက မတ်လ နောက်ဆုံးပတ်တါင် လိုက်လံပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများကိုယ်တိုင်က ယင်းမြင်ကွင်းအပေါ် မေးခွန်းထုတ်ကြသည်ဟု ဆိုသည်။ “ဒါကို ဘယ်သူတွေက လုပ်တာလဲ။ တားဆီးမည့်သူ မရှိတော့ဘူးလား။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာ မသိဘူးလား ဆိုတဲ့ မေးခွန်းတွေပေါ့” ဟု ကိုစိုင်းကျော်သူထွေးက ပြောသည်။
အဆိုပါ မြေဧရိယာမှာ ဧက သောင်းဂဏန်းခန့်ရှိမည်ဟု ၎င်းက ခန့်မှန်းထားပြီး ယခင် အခေါက်များလာစဉ်က သစ်တောသစ်ပင်ကြီးများအပြင် သိသာထင်ရှားစေသည့် ငှက်ပျောတောကြီးမှာ ဧက သောင်းဂဏန်းခန့် ရှိနေသည်ဟု ဆိုသော်လည်း ယခုမူ ပြောင်တလင်းခါနေသည်ကို အံ့သြစွာတွေ့ရခြင်းဟု ဆိုသည်။
“ကျွန်တော် စုံစမ်းကြည့်လိုက်တော့ ဝဥစိုက်ဖို့အတွက် ဒေသခံတွေနဲ့ ကုမ္ပဏီတွေက တောင်ခြေအပင်တွကို ရှင်းပစ်တာလို့ ပြောတယ်။ ခက်တာက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဧရိယာထဲ အထိလာပြီး ရှင်းပစ်နေတာက ဆိုးတာပေါ့” ဟု ၎င်းက ဆိုသည်။ နတ်မတောင်၏ အဆိုပါ မြင်ကွင်းကို လူမှုကွန်ရက်၌် တင်ပြလိုက်စဉ်တါင် ကြည့်ရှုသူကွန်ရက် အသုံးပြုသူများက အံ့အားသင့်ကြောင်းနှင့် ယင်းနေရာကို ရောက်ဖူးသူ အချို့ကလည်း ယင်းမြင်ကွင်းကို မျှောင့်လင့်မထားမိကြောင်း ပြောဆိုကြသည်။ “ဒီအတိုင်းဆက်ပြီး ရှင်းနေရင် တောင်တစ်တောင်လုံး ပြောင်သွားနိုင်တယ်” ဟု ကိုစိုင်းကျော်သူထွေးက ဆိုသည်။
အေဝိုင်အီး
REF: The Voice Daily news journal
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026