အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဂုဏ်ပြုခြင်း

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဂုဏ်ပြုခြင်း

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆောင်ပုဒ် “Green Skill for Youth: Towards a Sustainable World” အရ USAID မှ ပံ့ပိုးသည့် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းအနေဖြင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်ကို ၁၅ နှစ် မှ ၂၄ နှစ် အသက်အရွယ်ရှိ လူငယ် ၂၀ ဦးနှင့်အတူ ယန်းမွန်းရွာ မိုင်းယောင်းမြို့တွင် နေ့တဝက်တာအခမ်းအနား ဂုဏ်ပြုကျင်းပရန် စီစဉ်ထားသည်။

နေ့တစ်ဝက်တာ သင်တန်းပေးခြင်းကဏ္ဍတွင် “SDG Goals” စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ မိတ်ဆက်ခြင်း၊ ခေါင်းဆောင်မှုပြုသည့်အပိုင်းများ၊ ကျား/မ တန်းတူညီမျှမှုနှင့် လူတိုင်းတန်းတူအခွင့်အရေး ရရှိရေးအပိုင်းများ နှင့် လူငယ်များအနေဖြင့် “Green Transaction” ပတ်ဝန်းကျင်အရေးကိစ္စများ၌ အကျိုးပြုဆောင်ရွက်မှုများတွင် မိမိတို့၏အနာဂတ်အိမ်မက်များကို မည်သို့အကောင်အထည်ဖော်လိုသည် စသည့် လူငယ်များ၏ သြဘာစကားများကို စုဆောင်းခြင်းအပိုင်းများ ပါဝင်သည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဂုဏ်ပြုကျင်းပခြင်းသည် လူငယ်များ၏အသိပညာ နှင့် စွမ်းဆောင်ရည်များကိုတိုးပွားစေပြီး “Green Transaction” ပတ်ဝန်းကျင်အရေးကိစ္စများ၌ အကျိုးပြုဆောင်ရွက်မှုများတွင် သူတို့၏ဘဝများကို လိုက်လျောညီထွေအောင် ကျင့်ကြံနေထိုင်နိုင်မည်ဖြစ်သည်။ ထို့အပြင် လူငယ်များသည် ကမ္ဘာကြီးကိုပြောင်းလဲနိုင်စွမ်းနှင့် ၎င်းတို့၏အနာဂတ်ကို လွမ်းမိုးနိုင်စွမ်းရှိခြင်းကြောင့် လူငယ်များထံမှ သြဘာစကားများသည် ၎င်းတို့ကို အခြားသော နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် ဆက်သွယ်ချိတ်ဆက်နိုင်ရန် အကူအညီပေးနိုင်မည်ဟု အခိုင်အမာယုံကြည်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

You
WorldFish

နည်းပညာမိတ်ဖက်အဖွဲ့

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။