လူသိများလာတဲ့ တောင်နေကြာ
တောင်နေကြာဆိုတာ နေကြာမျိုးနွယ်ဝင် အလေ့ကျပေါက်ရောက်နေတဲ့ နေကြာရိုင်းပါ။ အအေးပိုင်းဒေသတွေ ကုန်းမြင့်တွေ တောင်ကမ်းပါးယံတွေနဲ့ အအေးပိုင်းဒေသရဲ့ လမ်းဘေးတွေမှာ အလေ့ကျပေါက်ရောက်ပါတယ်။ တစ်ပင်မှပွင့်သော အပွင့်များမှ မျိုးစေ့များစွာဟာ လေနဲ့အတူ နေရာအနှံ့ပျံ့ပြီး တစ်ပင်မှ တစ်ရုံ တစ်တောလုံးအထိ ပွားများနိုင်ပါတယ်။ တောင်နေကြာဟာ နေကြာနဲ့ဆင်တူပေမယ့် ဆီထွက်နေကြာလောက် မကြီးပါ။ တစ်ပွင့်မှာ ပွင့်ဖတ် ၇ ခုမှ ၁၅ ခုအထိ ရှိနိုင်ပြီး ပွင့်ဖတ်များဟာ သေးသွယ်ရှည်လျားကာ ထိပ်ဖျားအနည်းငယ်ကော့ပါတယ်။ အလယ်ဗဟိုဟာ ဆီထွက်နေကြာလို အညိုရောင်မရှိဘဲ အဝါရောင်အုံဖြစ်ပါတယ်။ ပွင့်ဖတ်များခြောက်သွေ့ပါက ထိုအုံမှမျိုးစေ့များစွာဟာ လေနဲ့အတူပျံ့နှံ့ပြီး မျိုးပွားပါတယ်။ တစ်ပင်မှ ကိုင်းများစွာဖြာထွက်ပြီး အပွင့်များစွာပွင့်ကြပါတယ်။ ပန်းပွင့်ချိန်သည် နိုဝင်ဘာလလောက်မှစကာ ဇန်နဝါရီလလောက်ထိ ဖြစ်ပါတယ်။ တောင်နေကြာသည် ပင်ပျော့ ခြုံပင်အမျိုးအစားဖြစ်ကာ သက်တမ်းရှည်ပါတယ်။ ရာသီဥတုပူသောနွေအခါမှာ အပင်များသည် အပွင့်မရှိဘဲ တစ်ခါတစ်ရံ ခြောက်သွေ့ သယောင်ထင်ရကာ ဆောင်းအခါမှ တစ်ဖန်ပြန်စိမ်းလန်းလာပြီး အပွင့်များစွာပွင့်ကြပါတယ်။
တောင်ပေါ်ဒေသများတွင် တောင်နေကြာပွင့်ချိန်၌ တစ်တောလုံး တစ်တောင်လုံးကို အဝါရောင်လွှမ်းခြုံကာ မြင်ရသူတိုင်းကို စိတ်ကြည်နူးစေပါတယ်။ ပြင်ဦးလွင် မြို့ရှောင်လမ်းတစ်လျှောက်သည် တောင်နေကြာနှင့်ထင်ရှားကာ ယခုကာလတွင် ဓာတ်ပုံရိုက်သူများစည်ကားပါသည်။ သို့သော် သတိပြုရန်မှာ အလှဓာတ်ပုံရိုက်ရန်အတွက် ပန်းများအား များစွာချိုးဖဲ့ခြင်း မပြုသင့်ပါ။ အကြမ်းခံသည့်အပင်ဖြစ်သော်လည်း များစွာခူးယူပါက သဘာဝတရားပျက်ပြားနိုင်သကဲ့သို့ မျိုးတုံးမှုကို ဖြစ်စေသောကြောင့် အသိတရားဖြင့်ထိန်းရန်လိုပါသည်။
တောင်နေကြာ၏ပထမသည် မက္ကစီကိုနိုင်ငံနှင့် အမေရိကအလယ်ပိုင်းမှ မူရင်းဒေသဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်မူ အအေးပိုင်းတောင်ပေါ်ဒေသများ၌ ဖြစ်ထွန်းပါသည်။ တောင်နေကြာသည် လှပသည့်အပြင် ၎င်း၏အရွက်တွင် N, P, K ကဲ့သို့ အပင်အတွက် မရှိမဖြစ်သောအာဟာရများပါဝင်ပါသည်။ တောင်နေကြာကို အလှစိုက်ခြင်း၊ အိမ်စည်းရိုးအဖြစ်စိုက်ခြင်းအပြင် အရွက်၊ အရိုးနုနှင့် အပွင့်များကို ခုတ်စဥ်းကာ ထွန်မွှေရာတွင်ရော၍ သစ်ရွက်စိမ်းမြေဩဇာအဖြစ် သုံးနိုင်ပါသည်။ တောင်နေကြာပင်များ၊ ကိုင်းများအား ခုတ်လှဲကာ စိုက်ပျိုးမြေများပေါ်တွင် ဆွေးမြေ့စေပြီးလည်း သဘာဝမြေဩဇာအဖြစ် သုံးနိုင်ပါသည်။ တောင်နေကြာအမြစ်သည် ဖော့စဖောရပ် (phosphorus) ဖမ်းယူရာတွင် အရေးပါသောအရာဖြစ်သဖြင့် အခါခါစိုက်ပြီး မြေဆီမြေနှစ်လျော့နည်းနေသော မြေယာများတွင် သီးနှံမစိုက်ခင်ကာလကတည်းက တောင်နေကြာကို စိုက်ထားပါက မြေသား၏အရည်သွေးကိုတက်စေပါသည်။ တောင်နေကြာအရွက်နှင့် ကိုင်းများကို နွေရာသီတွင် မြေဖုံးပစ္စည်းအနေနှင့် စိုက်ဘောင်များပေါ်တွင် ဖုံးအုပ်ပေးနိုင်ပါသည်။ ကင်ညာနိုင်ငံတွင် တောင်နေကြာကို သစ်ရွက်စိမ်းမြေဩဇာအဖြစ်သုံး၍ မုန်ညင်းမုန်လာ၊ ခရမ်းချဥ်၊ ဘိုစားပဲစသောသီးနှံများတွင် များစွာအထွက်တိုးနိုင်ကြောင်းသိရပါသည်။ တောင်နေကြာအရွက်တွင် ပရိုတင်းဓာတ်ကြွယ်ဝသဖြင့် နွား၊ ဆိတ်၊ ကျွဲ၊ သိုးနှင့် ယုန်တို့၏ အစာအဖြစ်ကျွေးနိုင်ပါသည်။ ဆေးသုတေသနအရ တောင်နေကြာအရွက်တွင် ငှက်ဖျားရောဂါကုသရာတွင်သုံးသော အခါးဓာတ်ရှိသည့် အဆီတစ်မျိုးပါသည်ဟု သိရပါသည်။
ထို့ကြောင့် အလေ့ကျပေါက်သော ပန်းရိုင်းပင်ဖြစ်သော်လည်း တောင်နေကြာသည် စိုက်ပျိုးရေး မွေးမြူရေး နယ်ပယ်အသီးသီးတွင် အသုံးဝင်လှပါသည်။ တောင်နေကြာပွင့်များသည် မြင်သူတကာတို့ ငေးမောမိလောက်အောင် လှပသည့်အတွက် မိမိတို့ဓာတ်ပုံရိုက်ရန် များစွာခူးယူခြင်းမပြုမိစေရန်ကို သတိပြုရပါမည်။ အဆင်းနှင့် အချင်းနှစ်မျိုးလုံးပြည့်စုံသည့် တောင်နေကြာသည် ဝေချိန်တွင် အလှပဆုံး ဖူးပွင့်ဝေဆာပြီး လောကကိုအလှဆင်သကဲ့သို့ လူသားများကလည်း မိမိတို့လောဘကြောင့် သဘာဝတရားကြီးမပျက်စီးစေရန် ထိန်းသိမ်းသင့်ပါကြောင်းများစွာမျှော်တွေး၍ ရေးသားလိုက်ရပါသည်။
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကအသုံးဝင်မှုများရှိကြောင်းသိရပါသဖြင့် ထိမ်းသိမ်းရန်နှင့်က်ပြန်ရန်လိုအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022