အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြို့ပြနှင့် သစ်ပင်

မြို့ပြနှင့် သစ်ပင်

ဦးဇော်(dof)
ဦးဇော်(dof) • 21/11/2021

    သစ်ပင်တစ်ပင်ဖြစ်ဖို့ အဆင့်ဆင့်စောင့်ရှောက်ရတာပါ။ သစ်ပင်ကို ကိုယ်ကမစိုက်နိုင်ရင်တောင် မခုတ်ဖြစ်အောင်တော့ သတိထားရပါမယ်။

မြို့ပြတွင် သစ်ပင်စိုက်ခြင်း၏ အကျိုးကျေးဇူးများ - 

၁။ မြို့ပြအပူချိန်ကို လျှော့ချပေးခြင်း - မြို့ပြဒေသများတွင် သစ်ပင်များကို မဟာဗျူဟာကျသောနေရာတွင်ထားပါက အပူချိန် (၂ မှ ၈) ဒီဂရီဆဲလ်စီးယပ်အထိ လျှော့ချပေးနိုင်စွမ်းရှိသည်။

၂။ လေထုအရည်အသွေးကိုထိန်းသိမ်းပေးခြင်း - လူသားတွေရဲ့ ကျန်းမာရေးကို ဒုက္ခပေးသော လေထု အမှုန်အမွှားများ - PM, CO, NOx, O3, SOx တို့ကို သန့်စင်ပေးနိုင်စွမ်းရှိသည်။

၃။ ရေစီးဆင်းမှုကို ထောက်ပံ့ပေးခြင်း -  ရေစီးဆင်းမှုများကိုထိန်းညှိပြီး ရေအရည်အသွေးကို တိုးတက်နိုင်အောင် သန့်စင်ပေးနိုင်စွမ်းရှိသည်။

၄။ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်ကို ထိန်းညှိပေးခြင်း - ဖွံ့ဖြိုးသစ်ပင်ကြီးတစ်ပင်က တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်ပေါင်း (၁၅၀) ကီလိုဂရမ်ကို စုပ်ယူနိုင်စွမ်းရှိသည်။

၅။ ထင်း၊ မီးသွေးပေးခြင်း - အိုဟောင်းခြောက်သွေ့သွားသော သစ်ပင်များကို ထင်းမီးသွေးများအဖြစ် သုံးနိုင်ခြင်း။

၆။ အစားအစာများပေးခြင်း - အိမ်တွင်း သီးပင်၊ စားပင်များ စိုက်ပျိူးထားပါက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် ဟင်းခတ်အမွှေးအကြိုင်များ ပေးနိုင်စွမ်းရှိသည်။

၇။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး - မိမိအိမ်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေသော သစ်ပင်ပန်းပင်များရှိနေပါက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ဖို့ အထောက်အကူပြုနိုင်စွမ်းရှိသည်။

၈။ စွမ်းအင်ချွေတာနိုင်ခြင်း - သစ်ပင်များရှိခြင်းကြောင့် လေအေးပေးစက်အသုံးပြုမှုကို (၃၀%) လျှော့ချပေးနိုင်ပြီး အပူအတွက်အသုံးပြုသော စွမ်းအင်ကို (၂၀ မှ ၅၀%) အထိသက်သာစေသည်။

၉။ မြို့ပြဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာခြင်း - ကျက်စားရာနေရာများ ပံ့ပိုးပေးခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ပေးနိုင်စွမ်းရှိသည်။ ဥပမာ - ငှက်၊ ရှဥ့်၊ ခရု စသဖြင့်။

၁၀။ အိမ်ခြံမြေ တန်ဖိုးတိုးမြှင့်နိုင်ခြင်း - သစ်ပင်များစိုက်ပျိုးခြင်းသည် အနာဂတ်၌ သင့်၏ပိုင်ဆိုင်မှုတန်ဖိုးကို တိုးပွားစေသည်။ 

၁၁။ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ခြင်း - နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ပန်းနာရင်ကျပ် ရောဂါအခြေအနေများကို လျော့နည်းစေနိုင်စွမ်းရှိသည်။

Source - Food and Agriculture Organization (FAO)

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။