ကြက်သွန်ဖြူ စိုက်ပျိုးနည်း
ကြက်သွန်ဖြူ စိုက်ပျိုးနည်း
အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်တော်ဆုံး အပူချိန်မှာ (၁၈-၂၀) ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ဥမှ အညှောက်ပေါက်ရန် မြေတွင် အပူချိန် (၂၂ – ၂၃ ) ဒီဂရီစင်တီဂရိတ် လိုအပ်ပါသည်။ ကြက်သွန်ဥဖြစ်ပေါ်ရန်အပူချိန် (၅ – ၁၀) စင်တီဂရိတ်တွင် အနည်းဆုံး (၁ -၂) လ ရှိရန် လိုအပ်ပါသည်။
မြေပြုပြင်ခြင်း
ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင်ထွန်ပြီး ကြမ်းတုံးရိုက်၍ဘောင်ဖော်စိုက်ပျိုးလေ့ရှိပါသည်။ မြေအချဉ်အငန် (၅.၅ – ၆.၀) ရှိသော မြေကို ကြိုက်နှစ်သက်သည်။ ရေအလွန်လိုအပ်သော သီးနှံဖြစ်၍ အစိုဓာတ်ရှိပါက မြေအမျိုးအစားအများစုတွင် စိုက်ပျိုးနိုင်ပါသည်။
မျိုးရွေးချယ်ခြင်း
ရေမြေအလိုက် ကိုက်ညီမှုရှိသော ရွှေကျင်မျိုး၊ ရှမ်းတောင်မျိုးစသည်ဖြင့် ရွေးချယ်စိုက်ပျိုးပါ။ ရောဂါကင်းသောမျိုး၊ အမွှာကြီးသောမျိုးများ ရွေးချယ်ပြီး တစ်ဧကလျှင် မျိုးနူန်း (၂၅၀ – ၃၀၀) ပိဿာ အသုံးပြုပါ။
စိုက်ပျိုးခြင်း
ထယ်ရေးကောင်းစွာပြင်ထားသော စိုက်ကွက်များတွင် ဘောင်အမြင့် (၈) လက်မ၊ အကျယ် (၃) ပေ ခန့်ထား၍ ဘောင်ဖော်စိုက်ပျိုးလေ့ရှိပါသည်။ ပင်ကြား၊ တန်းကြား (၂ x ၄) လက်မ (သို့) (၄ x ၄) လက်မ အကွာအဝေးဖြင့် တစ်ဧကလျှင် (၂၅၀၀၀၀ – ၂၇၀၀၀၀) ပင် ဝင်ဆန့်အောင်စိုက်ပါ။
ကြက်သွန်ဖြူစိုက်ရာတွင် ပေါင်းနှိမ်နင်းရန် အလွန်အရေးကြီးသဖြင့် လွိုင်ကော်ဒေသတွင် စိုက်ပျိုးသောနည်းမှာ ကြက်သွန်ဖြူ အမွှာများကို ဘောင်ထဲတွင် လေးပုံသုံးပုံခန့်သာ မြုပ်စိုက်ပြီး အပေါ်မှ ကောက်ရိုးကို ၆ လက်မခန့် မြင့်ထိ ညီညာစွာဖုံးပေးထားပါ။ ရေလောင်းလိုက်လျှင် ကောက်ရိုးအမြင့် ၃ လက်မခန့်သာ ကျန်ပြီး ကြက်သွန်ပင်များ တိုးထွက်လာနိုင်သည်။ ကောက်ရိုးကြောင့် ပေါင်းသက်သာပြီး အစိုဓာတ်ထိန်းနိုင်၍ ကောက်ရိုးများဆွေးပါကလည်း မြေဆွေးဖြစ်သွားသည်။ စိုက်ပျိုးရာတွင် အမွှာကြီးပါက ဥအမွှာရပြီး၊ အမွှာသေးပါက ဥတစ်လုံးဥသာရရှိတတ်သည်။
မြေသြဇာထည့်သွင်းခြင်း
တစ်ဧကလျှင် သဘာဝမြေသြဇာ (၁၀) တန်၊ ယူရီးယား (၂) အိတ်၊ တီစူပါ (၂) အိတ်၊ ပိုတက်ရှ်(၁) အိတ်နူန်းထည့်ပါ။ သဘာဝမြေသြဇာ၊ တီစူပါနှင့် ပိုတက်ရှ်ကို မြေခံတွင် ထည့်၍ ယူရီးယားမြေသြဇာများကို ပေါင်းလိုက်ချိန်နှင့် ဥဆင်းချိန်တို့တွင် ထည့်ပါ။
အပင်ပြုစုခြင်း
ကြက်သွန်ဖြူ အောင်မြင်ဖြစ်ထွန်းရန်အတွက် ပေါင်းနှိမ်နင်းခြင်းလုပ်ငန်းသည် အထူးအရေးကြီးသည်။ စိုက်ပြီး တစ်ပတ်ကြာမှ အပင် (၂)လ သားအရွယ်ထိ တစ်ပတ်တစ်ကြိမ် ပေါင်းနှိမ်ပါ။ တစ်ပတ်လျှင် တစ်ကြိမ်ရေသွင်းပြီး ရာသီဥတု ပူပြင်းပါက (၄-၅) ရက်တစ်ကြိမ်ရေပေးသွင်းရမည်။ အပင် (၂) လသား အပင်အမြင့် (၁.၅) ပေ ရှိချိန်တွင် ရေသွင်းခြင်းကို လုံးဝရပ်ရပါမည်။ ပန်းမပွင့်မီ ကြက်သွန်ဖူးများကို မဖြစ်မနေချိုးပေးပါ။ စိုက်ခင်းတွင် အစိုဓာတ် လုံလောက်မှုရှိစေရန် အမြဲဂရုပြုပါ။
ကြက်သွန်ဖြူတွင် လှေးပိုး၊ ပျပိုးနှင့် တောက်တဲ့မြီးရောဂါတို့ကျရောက်တတ်၍ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို လိုအပ်သလို ပက်ဖျန်းကာကွယ်ပါ။
နူတ်သိမ်းခြင်း
အပင်သက်တမ်း (၄-၅)လ အကြာ ကြက်သွန်ဖြူပင်စည်နှင့် အရွက် (၁၅-၂၅) ရာခိုင်နူန်း ဝါလာလျှင် အပင်ကို လက်ဖြင့် ဆွဲနုတ်သိမ်းယူနိုင်သည်။ မျိုးထားရန်အတွက် အပင်လိုက် လက်တစ်ဆုပ်စာခန့်စည်း၍ ဝါးတန်းပေါ်တွင် အခြောက်ခံထားပါ။ နူတ်ယူပြီး အပင်များကို အမြိတ်များဖြတ်တောက်၍ နေ(၂)ရက်ခန့် လှမ်းထားပါ။ တစ်ဧကလျှင် ကြက်သွန်ဖြူ ပိဿာချိန်(၁၅၀၀-၃၀၀၀)ထိ ထွက်နိုင်ပါသည်။ ခြောက်သွေ့သည့် ကြက်သွန်ဖြူဥများကို ပလတ်စတစ်အိတ်ကြီးများဖြင့် ထုပ်ပိုးသယ်ပို့ရောင်းချနိုင်ပါသည်။
Source – ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းလမ်းညွှန်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကြက်သွန်ဖြူစိုက်ပျိုးနည်း
wai lin tun
လွန်ခဲ့သော ၂ နှစ် ကသေွင်းတယ်ဆိုတာ ရေကိုမြောင်းကြားတွေထဲသွင်းထားရမှာလား ရေလောင်းပေးရမှာလားသိချင်ပါတယ် ခင်ဗျ ဖြေပေးကြပါ
ကိုဝင်းသိန် ထိန်လင်းအောင်
လွန်ခဲ့သော ၂ နှစ် ကကြက်သွန်ဖြူဉသန်ဆေးသိချင်တယ်
Daw Nang Nwe Soe
လွန်ခဲ့သော ၃ နှစ် ကမှိုရောဂါကျလို့ပါ
Zayatu
လွန်ခဲ့သော ၃ နှစ် ကဖတ်ကြည့်ချင်လို့စာမပေါ်လို့ခင်ဗျ
U Min Zaw Oo
လွန်ခဲ့သော ၅ နှစ် ကကြက်သွန်နီ မိတ်ပြန်စိုက်ပျိုုးနည်းသိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026